နိုင်ငံရေး တက်တူး (tattoo)

Friday, December 10, 2010



ရန်ကုန်မြို့ စံပြငါးဈေးက အလုပ်သမားတယောက် ရင်ဘတ်မှာ ဆေးမင်ကြောင် ထိုးထားတာ ဗိုလ်ချုပ်အောင်ဆန်းပုံ။

တချို့က ဗိုလ်ချုပ်အောင်ဆန်းပုံကို တယ်လီဖုန်း ဖန်သားပြင်မှာ ထားတယ်။ ဂျီတော့သမား(Gtalk အသုံးပြုသူ)တချို့လည်း ဗိုလ်ချုပ်အောင်ဆန်းပုံ တင်ကြတယ်။ အခါအားလျော်စွာ ပုံတွေ ပြောင်းကြတယ်။

ရင်ဘတ်မှာ တက်တူး ထိုးတာကတော့ ပြောင်းလဲဖို့ အကုန်အကျ များလွန်းတယ်။ အကုန်အကျ ခံနိုင်တယ် ဆိုရင်တောင် မြို့ကြီးပြကြီး ဆေးခန်းကြီးတွေမှာပဲ ပြောင်းလို့ ဖျက်လို့ ရနိုင်တယ်။
ဒီ အမျိုးသားရဲ့ တက်တူးကို ကြည့်ပြီး တခု ပြောနိုင်တာကတော့ ဒီနေ့ခေတ် လူငယ်တွေက
ဗိုလ်ချုပ်အောင်ဆန်းကို လေးစားကြည်ညိုနေတုန်းပဲ ဆိုတဲ့ အချက်ပါ။

နိုင်ငံရေး သင်္ကေတ တက်တူးတွေကို မြင်ရခဲပါတယ်။ ပေါ်လာပြန်တော့လည်း ရှေ့ဆင့်နောက်ဆင့်။ အပေါ်က AP သတင်းဌာဓာတ်ပုံဟာ မနေ့က ကြာသပတေးနေ့မှာ ရိုက်ထားတာလို့ ဆိုတယ်။ အောက်ကပုံကတော့ အင်္ဂါနေ့ကပုံ။မိခင်ဖြစ်သူ ခေါင်းဆောင်နေတဲ့ NLD ရဲ့ အလံပုံ လက်မောင်းမှာ ထိုးထားတာ။
ဖြစ်ကတတ်ဆန်း မဟုတ်ဘဲ ပုံစံကျနေတယ်။ ကျောင်းသားတွေကို ကိုယ်စားပြုတဲ့ ခွပ်ဒေါင်းက မြန်မာနိုင်ငံကို သင်္ကေတ ပြုတဲ့ ကြယ်ကို ပင့်တင်ထားတဲ့ အနေအထား။
NLD အလံအတွက် ဒီဇိုင်းဆွဲတုန်းက အဲဒီလို သဘောမျိုး ဆွဲတယ်လို့ ကြားဖူးတယ်။ နောက်တော့ ဒီဇိုင်းဆရာ အဆင့်ဆင့် ပုံတူပွားကြတာ ကြယ်က အောက်ကို နည်းနည်း ရောက်သွားတယ်။ တချို့ အလံတွေမှာတော့ ကြယ်ကို ခပ်ကြီးကြီး တပ်ထားတယ်။

ကင်(မ်) ရဲ့ လက်မောင်းက အလံအတွက် အနီရောင် တမျိုးထဲ သုံးထားတယ်လို့ ယူဆရပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ဆေးမင်ကြောင် ထိုးတာ အမျိုးသားရော အမျိုးသမီးတွေရော ကြိုက်နေကြပုံပါပဲ။ မင်ကြောင် ထိုးသူ အများစုက ပုံသေးသေးလေးတွေကို ရွေးကြပါတယ်။

မြန်မာပြည်မှာ အမျိုးသမီးတွေလည်း ဆေးမင်ကြောင် ထိုးလာပြီလို့ ဧရာဝတီမှာ ဖော်ပြပြီးပါပြီ။ နရီလင်းလက် ရေးတဲ့ သတင်း - မြန်မာ မိန်းကလေးများကြား တက်တူး ဖက်ရှင် ခေတ်စားလာ ဖြစ်ပါတယ်။


3 comments :

  1. Anonymous said... :

    ကြယ်ကို ကြီးကြီး တပ်ထားတော့ နိုင်ငံ ခမ်းနားကြီးကျယ် စေချင်လို့  ဖြစ်မှာ ပေါ့လေ/

  1. Anonymous said... :

    Gen. Aung San is so young on his chest.
    We need professional tattoo saya in our country.
    Most are not professionals.
    Of course, professionals tattoo designer may ask much money.

    Zaw Zaw, SF

  1. Anonymous said... :

    hi guys!
    do u want a tattoo on ur skin?
    u need to take at least one month to think about it.
    my suggestion-
    don't have big and ugly tattoo.
    small one is good, cheap at the beginning and not expensive to erase in the future.
    soe naing
    uk

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved