ခြောက်ပွဲ အာရုံ

Monday, December 20, 2010

ပုံ - The Bloom မဂ္ဂဇင်း မျက်နှာဖုံး

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ မင်္ဂလာပွဲ အစီအစဉ် ခြောက်ခုကို ခြောက်နေရာမှာ ကျင်းပမယ်လို့ အလဲဗင်း သတင်းဝက်ဘ်ဆိုဒ်မှာ ဖတ်လိုက်ရပါတယ်။

စပွန်ဆာတွေ အပြည့်ပေးထားတဲ့အတွက် အခုလို ဘုံးဘောလအော ပွဲတွေ လုပ်တယ်လို့ သိရပါတယ်။ အပြန်အလှန် လုပ်စားကြမယ့်ပွဲလို့ အလဲဗင်းမှာ ကိုးကားဝေဖန်ချက် ဖော်ပြထားပါတယ်။


အရေးကြီး သတင်းတွေကိုတောင် နပ်မှန် မလွှင့်တဲ့ MRTV 4 ကလည်း Live တိုက်ရိုက် လွှင့်မယ်လို့ ဆိုပါတယ်။

ပန်းကန်ပြားပျံတွေ့လိုက်တယ် ဆိုတာမျိုးတွေ၊ အခုလို MRTV 4 ကပါ မင်္ဂလာဆောင် ၆ ခုလုံးကို အပိုင်းလိုက် Live ပြဖို့ စီစဉ်နေတာတွေဟာ လူထုကို အာရုံပြောင်းဖို့ ကြံဖန်ကြဖူးတဲ့ ဦးခင်ညွန့် ထောက်လှမ်းရေး ခေတ်က အကွက်တွေကို သွားမြင်မိပါတယ်။


အခုလည်း အဲဒီအကွက်တွေ ဖမ်းနေသလားလို့ စဉ်းစားမိပါတယ်။ အလဲဗင်းမှာ ပရိသတ်တဦးကတော့ ကိုယ့်ဒုက္ခနဲ့ကိုယ်မို့ သူများပျော်တိုင်း လိုက်မပျော်နိုင်ပါဘူးလို့ ပြောထားပါတယ်။

11 comments :

  1. CODE9 said... :

    ကျနော့်အမြင်အရတော့ ဗေဒင်ဆြာအလိုကျ (၆) ပွဲကျင်းပပေးရတာဖြစ်ပါတယ်၊ အိန္ဒြာကျော်ဇင် ဟာ ပြေတီဦးနဲ့ လက်ထပ်ပြီးရင် နောက်ထပ် ယောက်ကျား ငါးယောက်ထပ်ယူအုန်းမယ်လို့ ကိန်းခန်းအရ မြင်လို့ တခါထဲ (၆)ခါ ကျင်းပပေးရတာ ဖြစ်ပါတယ်၊ :P :P :P

  1. Anonymous said... :

    This is more than enough.Both are now old enough and should be sensible about using money.For Ei Toe's wedding I can understand them because they were young.But for them aren't they ashamed.

  1. Anonymous said... :

    Anyway,they can do as they like because they will spend their money.Nothing to be ashamed.

  1. Anonymous said... :

    သူတို့ ပိုက်ဆံတက်နိုင်လို့  မင်္ဂလာ (၆)ပွဲ ကျင်းပတာ ကို အမျိုးမျိုးဝေဖန်နေတာ အံသြပါတယ်၊ စပွန်ဆာပေးတဲ့  လူတွေကလည်း အကျိုးမျှော်လို့  ညောင်ရေလောင်းတာပါ။ ဘယ်သူမှ စပွန်ဆာ မပေးလဲ သူတို့ ကိုယ်တိုင် (၁၀) ပွဲလောက်ကျင်းပနိုင်ပါတယ်။ အီတိုးကလည်း (၇) ပွဲကျင်းပတာပဲ။ သာမန်လူတွေလည်း (၇) ပွဲ ကျင်းပတာတွေ ရှိပါတယ်။ ကိုယ့်ဒုက္ခနဲ့  ကိုယ်စိတ်မ၀င်စားတဲ့ သူလည်း ရှိနိုင်ပါတယ်။ ဒီလို အဓိပါယ် မရှိတာတွေ ရေးနေ ပြောနေ တွေးနေ လို့  မြန်မာပြည် ဘာမှ မတိုးတက်တာ မဆန်းဘူး။ သူများ နိုင်ငံမှာ ကိုယ့်အလုပ် ကိုယ်လုပ်နေတာ ဘေးပတ်ဝန်းကျင်တောင် မကြည့်နိုင်ဘူး။ အချိန်နှင့်အမျှ အလုပ်ကိစ္စတွေ ရှိနေလို့လေ။ ဧရာဝတီ ဘလော့ရယ် စာတပုဒ်ဖြစ်တိုင်း ဘလော့မှာ မတင်မိပါစေနဲ့ နော်။ ဧရာဝတီ သိက္ခာကျပါတယ်။ နောက်နောင် ဆင်ခြင်တွေးတောပါ။

  1. Unknown said... :

    ဒီလောက်နာမည်ကြီးတဲ့ မင်းသမီးနဲ့မင်းသား ဒီလို မင်္ဂလာပွဲခြောက်ခုလုပ်တာ မဆန်းပါဘူး..မြန်မာပြည်မှာ သူတို့နှစ်ယောက်ထက်ပဲ ဘယ်သူကနာမည်ကြီးလို့လဲ.. ဒါကိုဘာမှမဆိုင်တဲ့ နှိင်ငံရေးနဲ့ယှဉ်ပြီး ပြောတာကိုက ဘယ်လောက်မကောင်းမြင်လဲဆိုတာ ကြည့်ပေတော့..ဒီစာကိုရေးတဲ့လူက နိုင်ငံရေးသမားလားဆိုတာလေးကို တစ်ချက်လောက်သိချင်ပါတယ်..ဒီလို အတင်းအဖျင်းတွေကို တင်မယ်ဆိုရင်တော့ ဒီဧရာဝတီ ဘလော့ ဘာလုပ်တော့မှာလဲ..လူတွေကို ယုံယုံကြည်ကြည်နဲ့ လက်ခံစေချင်ရင် gossip မဟုတ်တဲ့ တကယ့်သတင်းတွေကို သတင်းအတိုင်းကြေညာစေချင် ပါတယ်..!

  1. Naw Thel said... :

    သူတို့မှာဘာအပြစ်ရှိလိုဝေဖန်ကြတာလဲ?ု
    သူတို့လုပ်တာတွေကဘာတွေများလွန်တာပါနေလိုလဲ။
    ရိုးရိုးသာမန်သူတွေတောင်မှ ဒီထက်မကပိုလွန်ကြသေးတာပဲ။
    သူတို့က နိုင်ငံကျော်မင်းသားနဲ့မင်းသမီးပဲလေ သူတို့မှာလုပ်ပိုင်ခွင့်အများကြီးရှိတယ်။
    သူတို့ပရိတ်သတ်တွေကလည်းသူတို့တွေလုပ်ရက်က
ိုစောင့်စားမျှော့်လင်းပြီးပျော်ရွင်နေကြမှာအမှန်ပဲ။
    သူတို့လုပ်တာလည်းဘာမှမပိုလွန်ကြပါဘူး။
    သူတို့လုပ်တဲ့အရာကလည်းမြန်မာလူမျိုးတွေလုပ်ရိုးလုပ်စဉ်လေးပါပဲ။
    တောင်းရမ်းမယ်၊လက်မှတ်ထိုးမယ်၊ဆွမ်းကျွေးမယ်၊ဧည့်ခံပွဲလုပ်တယ်၊
    ညစားကျွေးတယ်။ဒါပဲလေ။
    ဘာတွေများပိုနေတာပါနေကြလိုလဲ?
    သူများကိုဝေဖန်ချင်ကြရင်လည်း၊ကိုယ်ကရောဘယ်လောက်ထိကောင်းအောင်နေတက်လိုလဲဆိုတာကြည့်ကြပါဦး။

  1. Anonymous said... :

    နိုင်ငံရေးလုပ်နေတဲ့ ဘလော့တွေက ကြာတော့ အတင်းအဖျင်းတွေ စုပြောနေသလိုဖြစ်နေပြီ။

  1. ဗဟန်း said... :

    မိတ်ဆွေတို့ကလည်း ထစ်ကနဲရှိ ဖြန်းကနဲ သုံးသပ်ချက်မြန်လိုက်တာ.. ၂ ယောက်လုံးက နာမည်ကျော်တွေဆိုတော့လဲ သတင်းဖြစ်တာပေါ့.. ရေးရမှာပေါ့.. ဒီနေရာမှာ ဘလော့ဂါ အဓိက မီးထိုးပြချင်တာက -- အလဲဗင်း သတင်းက ဆိုလိုချက် -- MRTV 4 ရဲ့ မဟုတ်တရုတ်နေရာမှာ အားပိုစိုက်တဲ့ အလုပ်-- ဒါတွေကိုပြောချင်တာ... ကျုပ်တော့အဲလိုယူဆတယ်.. မိတ်ဆွေကိုယ်တိုင် (“သူများကိုဝေဖန်ချင်ကြရင်လည်း၊ကိုယ်ကရောဘယ်လောက်ထိကောင်းအောင်နေတက်လိုလဲဆိုတာကြည့်ကြပါဦး။”) ဆိုတာနဲ့ သူများကို ဝေဖန်လိုက်တာဘဲ မဟုတ်ဘူးလား.. မာန်လျှော့လေဦးစောခက်ငယ် လို့ မနော်သဲ ကို တင်ပြချင်ပါတယ်..

  1. Anonymous said... :

    တစ်လလုံးလုံးမဂ်လာလဲ‌ဆောင်ပြီး‌ရော..စိတ်ပမ်း..လူပမ်း,ဟိုဘက်ဒီဘက်လက်ဖွဲ့‌တွေလု...ပြသာနာ‌‌‌ပေါင်း‌သောင်းခြောက်‌‌ထောင်
    တက်ပြီး..လင်မယားကွဲရင်‌တော့ဒွတ်ခ...။

  1. ဝါဝါ said... :

    မြန်မာပြည်မှာ ဒုက္ခရောက်နေကြတဲ့ လူတွေအများကြီးပါ
    စပွန်ဆာက အဲ့လိုနေရာမျိုးတွေကျ ဘာလို့ မရက်ရောနိုင်တာပါလိမ့်...
    မြန်မာပြည်မှာ အဲ့ဒီလိုတွေဖြစ်နေတာဝမ်းနည်းစရာကောင်းပါတယ်
    ချမ်းသာတဲ့လူကလဲ ပိုချမ်းသာ ပိုနာမည်ကြီးအောင်လုပ်နေကြတယ်
    ဆင်းရဲတဲ့သူတွေကျတော့လဲ စားစရာတောင်နပ်မမှန်တဲ့ဘဝ...

  1. Anonymous said... :

    ဒီနေရာမှာ ဘလော့ဂါ အဓိက မီးထိုးပြချင်တာက -- အလဲဗင်း သတင်းက ဆိုလိုချက် -- MRTV 4 ရဲ့ မဟုတ်တရုတ်နေရာမှာ အားပိုစိုက်တဲ့ အလုပ်-- ဒါတွေကိုပြောချင်တာ... ကျုပ်တော့အဲလိုယူဆတယ်..

    ဒီမှတ်ချက်ကလေးသဘောကျလို့ ဗျို့ ... ရှင်းနေတာကိုရှုတ်အောင်လုပ်နေလိုက်ကြတာ.. ဟုတ်ပ...1990 ရွေးကောက်ပွဲတုန်းက.. ဗိုလ်ခင်ညွန့် ကပြောဘူးတယ်...နိုင်ငံတော်အစိုးရကတဲ့၊ ဘယ်လောက်စေတနာကောင်းသလဲဆိုရင်တဲ့...နိုင်ငံရေးပါတီတွေကိုမြန်မာ့အသံကနေပြီးတော့၊တစ်ပါတီကို ၁၅မိနစ်ဟောပြောခွင့်အလကားပေးလွှင့်ပေးတာတဲ့။ သတင်းစာဆရာကြီးများသိကြတဲ့အတိုင်း၊ မြန်မာ့အသံမှာ၁ မိနစ်ကြော်ငြာခဘယ်လောက်ဈေးကြီးသလဲ..ဒီတော့၁၅ မိနစ်စာလွှင့်ရင်ဘယ်လောက်ကျမယ်ဆိုတာတွက်ကြည့်ရင်...နိုင်ငံတော်အစိုးရရဲ့ စေတနာကို နားလည်လောက်ပါတယ်ဆိုတာလေးသွားသတိရလို့ ပါ.. ဟောအခုကြည့် နိုင်ငံတော်ရဲ့စေတနာ...MRTV4 ကနေမင်္ဂလာပွဲကို LIVE ကိုလွှင့်ပေးအုံးမှာ...ဟားဟားဟား...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved