တယ်လီဖုန်းဘေးမှာ ဗိုလ်ချုပ်မှူးကြီး ထိုင်စောင့်နေတာ ၉ ရက် ရှိပါပြီ။

Monday, December 27, 2010

ဒီဟာသ အတွက် ပုံကို ဒီက ယူပြီး ဖြတ်ညှပ်ကပ် ပါတယ်။
တယ်လီဖုန်းဘေးမှာ ဗိုလ်ချုပ်မှူးကြီး ထိုင်စောင့်နေတာ ၉ ရက် ရှိပါပြီ။

နိုင်ငံတကာဒိတ်ဒိတ်ကြဲတွေက တက္ကသိုလ်ရိပ်သာလမ်းကို ဖုန်းဆက်တာ တဂွမ်ဂွမ်ပဲ ဆိုတဲ့အကြောင်း ရေးထားတဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေကို တဗျင်းဗျင်း ဆုတ်ဖြဲထားတာလည်း တောင်ပုံယာပုံ။ ဒါပေမယ့် လူမိုက်တို့ ဒေါသ ထွက်လည်း ခဏပေါ့။

“ဘိုးဘိုးက မင်းတြားကြီးပဲ၊ အဲဒီဘဲတွေနဲ့ တယ်လီဖုန်းပြောနိုင်တာပဲ” ဆိုတဲ့ မြေးမျောက်မူးလဲ ပြောတဲ့ အကြံကို အကောင်အထည် ဖော်ဖို့ နိုင်ငံခြားရေး ဌာနကို တာဝန်ပေးလိုက်တယ်။

နိုင်ငံခြားရေး ၀န်ကြီးလည်း အပြည်ပြည်ကို ဆက်သွယ်ရပြီလေ၊ “ပေါတာကြီးကို ဖုန်းဆက်ကြပါ” ပေါ့ဗျာ။

ဂျပန်ဝန်ကြီးချုပ်က - 良い!
အမေရိကန် သမ္မတ ကတော်ဟောင်းက - Oh, very good!
တရုတ် ၀န်ကြီးချုပ်က - 现在?
လီကွမ်ယုက - Are you kidding la?
အဖိဆစ် ဝေ့ချာချီဝက - พร้อมที่จะพูดคุย!
ဘန်ကီမွန်းကြီးက -내가 말하는 사랑 !
ပူတင်က - хорошую работу, глупый человек!
စသဖြင့် ချက်ချင်း တုံ့ပြန်ကြတယ်။

သို့ကလို တုံ့ပြန်တာတွေကို ၀န်ကြီးက နေပြည်တော်ကို ၀မ်းသာအားရ ဖော်ဝပ် လုပ်ပြီး ညွှန်ကြားချက် နောက်တခု ဆက် စောင့်တယ်။ သိပ်ကြာကြာ မစောင့်ရဘူး။ ဖုန်းပြောချင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးဆီက ညွှန်ကြားချက်က ဟောဒီလို ရောက်လာတယ် -

“ဒီကောင်တွေနဲ့ ဖုန်းဆက်တဲ့အခါ ငါပဲ ပြောမယ်။ သူတို့က နားထောင်တဲ့ အလုပ်ပဲ လုပ်ရမယ်။ ငါပြောမှာတွေက ငါတို့ဆီမှာ တံတားတွေ ဆောက်တယ်၊ လမ်းတွေဖောက်တယ်၊ ကျောင်းတွေမှာ ကွန်ပျူတာအခန်းတွေ ရှိပြီ၊ ဆေးရုံတွေလည်း အကြီးကြီး ဆောက်ပြီးပြီ ဆိုတာတွေ ပြောမယ်”

အကြီးအကဲညွှန်ကြားချက် ဆိုတော့ ၀န်ကြီးလည်း နိုင်ငံတကာခေါင်းဆောင်များထံကို ချက်ချင်း ကြေးနန်းရိုက်ရပြီပေါ့ - “ပေါတာကြီးရဲ့ ကြိုတင် စည်းကမ်းသတ်မှတ်ချက်က ဒီလို ဒီလို ဖြစ်ပါတယ်၊ အခုချိန်က စပြီး ဖုန်းခေါ်လို့ ရပါပြီ အဆွေတော် ၀န်ကြီးချုပ်၊ သမ္မတကြီး၊ မဒမ် သမ္မတကတော်ဟောင်း - -” ပေါ့ဗျာ။

ဗိုလ်ချုပ်မှူးကြီးက ပြောဖို့ အသင့် ပြင်ထားတယ်။ အသံ မထိခိုက်အောင် မှန်ချို သလိပ်ပျော်ဆေးဗူးတွေတောင် တဒါဇင် ဆောင်ထားသေးတယ်။ ဒီလိုနဲ့ - - -

တယ်လီဖုန်းဘေးမှာ ဗိုလ်ချုပ်မှူးကြီး ထိုင်စောင့်နေတာ ၉ ရက် ရှိပါပြီ။

the end!

6 comments :

  1. Anonymous said... :

    Wait, just wait until you die.
    Nobody will call you.

  1. Anonymous said... :

    ကြိုတင် စည်း ကမ်း ချက် ကို တော့ ကြိုက် သွား ပြီ
    ဟားဟား

  1. Anonymous said... :

    ဟာသ မဟုတ်ဖူး ထင်တယ်နော်- - တကယ့် ဖြ စ်၇ပ်မှန် လို့  ထင်ပါတယ် - -

  1. Anonymous said... :

    ငရဲမင်ုးကီးကတော့ ခေါ်မှာပါ

  1. Anonymous said... :

    သမ္မတဟောင်း ကတော်

  1. Unknown said... :

    ဟင်........ရယ်လဲမရယ်ရဘူး..ဟာသကလဲ........

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved