ဒေါ်အောင်ဆန်းစုကြည်အဖြစ် မီရှဲယိုး သရုပ်ဆောင်တဲ့ The Lady

Monday, December 20, 2010




“တွေ့တွေ့ချင်း ကျမတို့ ပွေ့ဖက်လိုက်ကြတယ်။ သူက တကယ့်ကို ပိန်ပိန်ပါးပါးလေးပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကျမကို ပထမဆုံး ပြောလိုက်တာကတော့ ဘာလို့ BBC မှာ ဂီတတွေ ဒီထက်ပိုပြီး မလွှင့်ရတာလဲ ... တဲ့”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ The Lady လို့အမည်ရတဲ့ ဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည် နေရာက သရုပ်ဆောင်မယ့် မင်းသမီး မီရှဲယိုးက အထက်ပါအတိုင်း The Guardian မဂ္ဂဇင်းကို ပြောခဲ့တာပါ။ မီရှဲယိုးက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်အပြီး မြန်မာပြည်မှာ သွားတွေ့ခဲ့စဉ်က အဖြစ်အပျက်ကို ပြန်ပြောပြခြင်း ဖြစ်ပါတယ်။

“သူနဲ့ တွေ့လိုက်တဲ့ ဘယ်သူမဆို တကယ့်ကို အေးချမ်းတဲ့ အသိကို ခံစားရလိမ့်မယ်။ သူဟာ တကယ့်ကို သိသာထင်ရှားပြီး ပေါ်လွင်တဲ့ ပြယုဂ်တခုပါပဲ” လို့လည်း မီရှဲယိုးက ဒေါ်အောင်ဆန်းစုကြည်ကို မှတ်ချက်ပြုပါတယ်။

အခုဆိုရင် အင်္ဂလန်နိုင်ငံ အောက်စ်ဖို့စ် တက္ကသိုလ်က ဇာတ်ဝင်ခန်းတွေ ပြီးလုနီးပါး ရှိနေပြီလို့လည်း သိရပါတယ်။

မီရှဲယိုးပါဝင်ထားတဲ့ The Lady ထဲက ဇာတ်ဝင်ခန်းတချို့ရဲ့ ဓာတ်ပုံတွေကို
The Guardian သတင်းစာမှ ကူးယူ ဖော်ပြ ပေးလိုက်ပါတယ်။

မူရင်းသတင်းနဲ့ ဓာတ်ပုံတွေကတော့ ဒီမှာပါ။

အေးချမ်းမြေ့

2 comments :

  1. thu thu said... :

    အဖေ သခင် အောင်ဆန်း ဘယ်သူ့ကို တိုက်ခဲ့ တာလေး မပါဘူးလား?မပြော လို့ မပြီး တီးမှ မြည်--- ဟူး-------
    သက်ပြင်းများ ဘယ်တွားထားရ။

  1. Anonymous said... :

    ဒါဆို ပေါတာကြီး အကြောင်းဆို ဘယ်သူဖြစ်နိုင်မလဲဟင်။ အတည်မေးတာပါ။ဘယ်သူနဲ့ ဘယ်သူ့ဇာတ်ရုပ်နဲ့ ပိုကိုက်မလဲလို့။သေချာတာကတော့ မင်းသားတိုင်းက (အားလုံးက)ငြင်းမှာပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒီကားရိုက်ပြီးသွားရင် အဲ့ဒီမင်းသားကို ဘယ်ကုန်ပဏီကမှငှားတော့မှာမဟုတ်လို့(ရွံလွန်းလို့)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved