တရုတ်ကြီးကို တွယ်လိုက်တဲ့ ငြိမ်းချမ်းရေး နိုဗဲလ်ဆု

Friday, October 8, 2010 1 comments


ငြိမ်းချမ်းရေး နိုဗဲလ်ဆု တရုတ်တက်ကြွလှုပ်ရှားသူ ရရှိ

1 comments



နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ဆန်ခါတင်အဆင့် ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေး နိုဗဲလ်ဆုကို တရုတ်နိုင်ငံက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လျို ရှောင်ပေါ (Liu Xiaobo) ရသွားပါပြီ။

၁၉၈၉ တိန့်အန်မင် ရင်ပြင် ဆန္ဒပြမှုအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် လျို ရှောင်ပေါ ဟာ မကြာခဏ ဖမ်းဆီးခံခဲ့ရပါတယ်။

တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေအတွက် တာဝန်ယူရမယ်လို့ လျို ရှောင်ပေါ က တောင်းဆို တိုက်ပွဲဝင်ခဲ့ပါတယ်။

လျို ရှောင်ပေါ ကို ယမန်နှစ် ဒီဇင်ဘာလမှာ တရုတ်အစိုးရက ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ပါတယ်။

လျို ရှောင်ပေါ ဟာ ၂၀၀၄ ခုနှစ်မှာ နယ်စည်းမထား သတင်းထောက်များအဖွဲ့ရဲ့ သတင်းလွတ်လပ်ခွင့် ကြိုးပမ်းမှုဆုကိုလည်း ရရှိခဲ့ပါသေးတယ်။

၁၉၅၅ ခုနှစ်မှာ မွေးဖွားတဲ့ လျို ရှောင်ပေါ ဟာ အနုစာပေနဲ့ ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့တွေကို ရရှိခဲ့ပါတယ်။

ဧည့် ပညာရှင်အနေနဲ့ တရုတ်နိုင်ငံက တက္ကသိုလ်တွေအပြင် ကိုလံဘီယာ တက္ကသိုလ်၊ အော်စလို တက္ကသိုလ်၊ ဟာဝိုင်ယီ တက္ကသိုလ်တို့ကိုလည်း သွားရောက်ခဲ့ပါတယ်။

စာသင်ကျောင်း၊ ဆေးရုံတွေ တိတ်ဆိတ်သွားတဲ့ ဒေသတွေ

0 comments

ခေါင်းလောင်းသံ မညံ၊ စာအံသံ မကြားရတော့သည့် စာသင်ကျောင်း။ (ဓာတ်ပုံ - ဧရာဝတီ)


မျှော်မှန်းချက်နဲ့ ကွာဟနေတဲ့ လက်တွေ့ (ဓာတ်ပုံ - ဧရာဝတီ)


ဖရိုဖရဲ ကျန်ရစ်သော ပစ္စည်းများ။ (ဓာတ်ပုံ - ဧရာဝတီ)


ငြိမ်းချမ်းရေးကို အာမခံချက် မပေးနိုင်သေးသည့် ငြိမ်ချမ်းရေး အထိမ်းအမှတ် ကျောက်တိုင်။ (ဓာတ်ပုံ - ဧရာဝတီ)


ဆိုင်းဘုတ်ကိုပါ ဖြုတ်ချပြီး “အားလပ်ရက်” ထွက်သွားကြသည်။ (ဓာတ်ပုံ - ဧရာဝတီ)



အကုန်ကျိုးပဲ့ ပျက်စီးလျက် ကျန်ခဲ့သည်။ (ဓာတ်ပုံ - ဧရာဝတီ)

ဘာမှ မပြန်ကြားနိုင်တော့တဲ့ ပြန်ကြားရေး (ဓာတ်ပုံ - ဧရာဝတီ)


ရှမ်းပြည်မြောက်ပိုင်းမှာ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နဲ့ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ကတော့ နအဖ စစ်အစိုးရကို ရေရေလည်လည် စိတ်ဆိုးနေပါတယ်။

စစ်အစိုးရက မိုင်းလားနဲ့ ပန်ဆန်းမှာရှိတဲ့ စာသင်ကျောင်း၊ ဆေးပေးခန်းနဲ့ စိုက်ပျိုးရေး စတဲ့ ဌာနတွေက အစိုးရဝန်ထမ်း ၁၀၀ ကျော်ကို အားလပ်ရက်ဆိုပြီး ပြီးခဲ့တဲ့ မတ်လကတည်းက ပြန်ခေါ်ယူလိုက်ပါတယ်။

ဝန်ထမ်းတွေက အဲဒီဒေသက ပြန်လည် ထွက်ခွာရာမှာ ဌာနသုံး ပစ္စည်းပစ္စယတွေ အခု ပုံတွေမှာ တွေ့တဲ့အတိုင်း အကုန်ပြန်“မ”သွားလို့ ကျန်ရစ်တဲ့ ဝတွေ ဒေါသထွက်နေကြတာပါ။

သူ ဘယ်သူလဲ ?

2 comments



ဘယ်ပါတီကို မဲပေးမလဲ

1 comments


ဧရာဝတီဘလော့ဂ်ကနေပြီးတော့ မဲပေးရမယ့် နေရာမှာ အင်အားကြီးပါတီများအဖြစ် ရပ်တည်နေတဲ့ ကြံ့ဖွံ့ပါတီနဲ့ တစညပါတီ ၂ ခုပဲ ရှိနေရင် ပြည်သူတွေ ဘယ်လို မဲပေးကြမလဲဆိုပြီး ဆန္ဒသဘောထား ကောက်ယူခဲ့ပါတယ်။ မဲပေးသူ စုစုပေါင်း ၇၁၆ ဦး ရှိပါတယ်။


အဲဒီအထဲမှာ ကြံ့ဖွံ့ပါတီကို မဲပေးပါမယ်ဆိုတဲ့သူက ၃၅ ဦး (၄ ရာခိုင်နှုန်း)၊ တစညပါတီကို မဲပေးမယ်ဆိုတဲ့သူက ၅၁ ဦး (၇ ရာခိုင်နှုန်း)၊ အဲဒီပါတီ ၂ ခုစလုံးကို မကြိုက်ဘူး၊ မဲမထည့်ဘူးဆိုသူက ၆၃၉ ဦး (၈၉ ရာခိုင်နှုန်း) နဲ့ အများဆုံးဖြစ်နေပါတယ်။


Use your Liberty

0 comments

ဒေါ်အောင်ဆန်းစုကြည်က ဒီလိုပြောခဲ့ဘူးတယ် “Use your liberty to promote ours!” တဲ့။

ပြည်တွင်းက အယ်ဒီတာနဲ့ သတင်းစာ ဆရာတွေက အပြင်မှာ လှုပ်ရှားနေတဲ့ သူတွေကို ဒီလို လှမ်းမှာတယ် “Use your freedom to bring down the bastard!” တဲ့။

ပြည်တွင်းက မဲပေးမယ်၊ မဲမပေးဘူး ပြောနေတဲ့ ပြည်သူတွေကိုတော့ “Use your voting rights to punish to regime party USDP!”

The Voice of Hope - Burma's Aung San Suu Kyi

0 comments

၁၉၉၅ ခုနှစ်မှာ အမေရိကန် ဂျာနယ်လစ်တဦးဖြစ်တဲ့ အလန် ကလီးမန့်စ် (Alan Clements) ဟာ ၆ လလောက် အချိန်ယူပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လျှို့ဝှက် တွေ့ဆုံမေးမြန်းပြီး မှတ်တမ်းတင်ခဲ့ပါတယ်။

အဲဒီမှတ်တမ်းတင်ချက်တွေဟာ The Voice of Hope (မျှော်လင့်ခြင်းရဲ့ အသံ) ဆိုပြီး စာအုပ်အဖြစ် မြင်တွေ့ကြရပါတယ်။

အခုတော့ အဲဒီမှတ်တမ်းတင်ထားတဲ့ The Voice of hope ကို Audio Book (အသံထွက် စာအုပ်) အဖြစ် တကမ္ဘာလုံးကို ဖြန့်လိုက်ပါပြီ။

The Voice of Hope ဟာ တကမ္ဘာလုံးက ကြားသင့်၊ နားထောင်သင့်တဲ့ သတင်းစကားပါ လို့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာက မှတ်ချက်ပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ ၁၃ ရက်နေ့မှာ လွှတ်မှာ သေချာပါတယ်လို့ သတင်းတွေတော့ ထွက်နေပါတယ်။



မုန်တိုင်းသတင်း

0 comments


မြန်မာနိုင်ငံဘက်ဆီသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိပါတဲ့။

ဒါပေမယ့် ဆက်ရေးထားပြန်တာကလည်း မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းတွေတိုက်ပြီး လှိုင်းအသင့်အတင့်ကြီးပါမယ်တဲ့။

ဘာဖြစ်ဖြစ် မိုးလေဝသ သတင်းမှန်ကအစ ဖုံးဖိတတ်တဲ့ စစ်အစိုးရသတင်းစာကနေ ဖော်ပြထားတယ် ဆိုတော့ကာ သတိတော့ ထားကြမယ် ထင်ပါတယ်။

ကြံ့ဖွံ့ပါတီ ဝက်ဝက်ကွဲ ရှုံးမလား

0 comments


ရန်ကုန်မှာ မိုးရွာ ရေကြီး မြောင်းပိတ်၊ လမ်းဆန်ကာပေါက် ဖြစ်နေတာတွေကို တခါမှ သေချာပြုပြင် ဆောင်ရွက်ပေးခြင်းမရှိဘဲနဲ့ မြို့တော်ဝန် ရာထူးကို ခပ်ပြောင်ပြောင်ယူထားတဲ့ ဦးအောင်သိန်းလင်းပါ။ အခုကျမှ ကြံ့ဖွံ့ပါတီ အရေခြုံပြီး လူထုဆီက ကောက်တဲ့ငွေ၊ စည်ပင်သာယာပိုင်ငွေတွေကို သုံးပြီး လမ်းခင်းပေး၊ ကြံ့ဖွံ့တံဆိပ်ကပ်ပြနေတာပါ။ နံဘေးကနေ စိတ်မသက်မသာနဲ့ ကြည့်နေကြတဲ့ ပြည်သူတွေကိုသာ ကြည့်ကြပါကုန်။ (ဓာတ်ပုံ - AP)

ရန်ကုန်သားတာတေ ဖွတယ်တော့ မအောက်မေ့ပါနဲ့။ သတင်းသမားဆိုတာ ကြားသမျှကို ဘလော့ဂ်ကနေ ဖောက်သည်ချရဦးမှာပေါ့။ တခြားမဟုတ်ပါဘူး။ ကြံ့ဖွံ့ ရွေးကောက်ပွဲမှာ ဝက်ဝက်ကွဲ ရှုံးမလား ဆိုတာပါပဲ။

ဒါကလည်း အကြောင်းရှိပါတယ်။ အထဲကလာတဲ့ သတင်းတွေအရတော့ ကြံ့ဖွံ့ဟာ သူကွဲမှာကို သူ့ဘာသာ သဘောပေါက်စပြုလာတဲ့ လက္ခဏာတွေ တွေ့လာရတယ် ဆိုတာပါပဲ။ ဒါကလည်း တယ်မဆန်းလှပါဘူး။ ပြည်သူ့ချဉ်ဖတ်ဖြစ်နေတဲ့ ကြံ့ဖွံ့ဟာ ဝက်ဝက်ကွဲ ရှုံးမယ်ဆိုလည်း ရှုံးထိုက်ပါပေတယ်။

ပြည်သူလူထုက စစ်အစိုးရလက်ကိုင်တုတ်ဖြစ်နေတဲ့ ကြံ့ဖွံ့ကို မျက်စိစပါးမွေးစူးလာတာ ကြာပါပြီ။ ခန္တီစနဲ့ မနိုင်လို့သာ သည်းခံပြီး ကြည့်နေတာ။ အခွင့်သာရင်တော့ လူထုက ပညာပေးပါလိမ့်မယ်။

အရင်ပို့စ်မှာ ဖော်ပြထားတဲ့ ဦးဗကလေးရဲ့ ကာတွန်းကိုပဲ ကြည့်ကြပါဦး။ ပြည်သူလူထုက သူတို့လုပ်နိုင်တဲ့ ခွင်ထဲကနေ ကြံ့ဖွံ့လို မျက်နှာပြောင်တဲ့ ချဉ်ဖတ်ပါတီကို အသာလေး နှပ်ချနိုင်ပါတယ်။

ပြည်သူတွေက “ပေးတာယူ ... ကျွေးတာစား ... မဲပေးဖို့တော့ စဉ်းစားမယ်” လို့ ပြောလာကြပါပြီ။

မဲမပေး ပေးအောင်တော့ စစ်အစိုးရက လုပ်ဖို့များပါတယ်။ လူစာရင်း၊ မဲဆန္ဒရှင် စာရင်းတွေ ကိုင်ပြီးတော့ပေါ့လေ။ ဒါပေမယ့် မဲပေးခိုင်းတိုင်းလည်း ကြံ့ဖွံ့ပါတီနိုင်မယ်ဆိုပြီး ပြောလို့ လုံးဝ မရပါဘူး။

ပြည်သူတွေရဲ့ အသံကိုပဲ နားစွင့်ကြည့်လိုက်ပါဦး။

“ဒီမိုကရေစီပါတီတွေနဲ့ ကြံ့ဖွံ့နဲ့ယှဉ်ရင် ဒီမိုကရေစီပါတီ တခုခုကိုပဲ မဲပေးမှာပေါ့။ ကြံ့ဖွံ့ကိုတော့ မပေးဘူး”

“ကျနော်တို့နယ်မှာ ကြံ့ဖွံ့နဲ့ တစညပဲ ရှိတယ်။ မဲပေးကြကြေးဆိုရင် တစညကိုပဲ ပေးလိုက်မယ်”

“ကျနော်တို့က ဝန်ထမ်းဆိုတော့ ခက်တယ်။ ကြံ့ဖွံ့ကိုလည်း မဲမပေးချင်ဘူး။ ဖြစ်နိုင်ရင်တော့ ကြံ့ဖွံ့ကိုလည်း မပေးဘူး။ ဘယ်ပါတီမှလည်း မဲမပေးဘဲ နေလို့ရရင် နေလိုက်မယ် စိတ်ကူးတယ်”

“ကြံ့ဖွံ့ကိုတော့ လုံးဝ မဲမပေးဘူး။ တစညလည်း သိပ်ကြိုက်ဘူး။ ကျန်တဲ့ NDF တို့ ဦးသုဝေပါတီတို့ကို မဲပေးလိုက်မယ်”

ရန်ကုန်မြို့က ဘတ်စကား မှတ်တိုင်ပါ။ မှတ်တိုင်မှာ အမိုးက မရှိ။ ထိုင်စရာက မလောက်။ မြောင်းပုပ်က လျှံ။ အမှိုက်က ပွနဲ့။ ကြံ့ဖွံ့ပါတီကနေ ဝင်ပြိုင်မယ့် မြို့တော်ဝန် အောင်သိန်းလင်းကတော့ ပြည်သူတွေရဲ့ မဲတွေကို တခဲနက် ရပါလိမ့်ဦးမယ်။ (ဓာတ်ပုံ - AP)


တသက်လုံး ပြည်သူလူထုကို အပေါ်ကြောကနေ မျက်နှာထားတင်းလာတဲ့ ကြံ့ဖွံ့တွေဟာ အခုဆိုရင် ပြည်သူကို အမျိုးမျိုး မျက်နှာ ချိုသွေးနေကြပါပြီ။ ကြံ့ဖွံ့လုပ်ပုံက တွမ်နဲ့ ဂျယ်ရီ ကာတွန်းကားထဲက ကြောင်ဖားကြီး ကိုယ့်ကိုယ်ကိုယ် လည်လှပြီထင်ပြီး လုပ်နေတဲ့ ပုံမျိုးပါပဲ။

စောစောက ပြောသလို ကြံ့ဖွံ့ဟာ ငါတို့တော့ ကွဲပြီထင်တယ်လို့ ပူပန်စပြုလာတယ်လို့ ပြောရတာကလည်း အကြောင်း ရှိပါတယ်။ ရယက အဆင့်လောက်နေပဲ စပြီး ကြည့်ပါဦး။

ငါ့ရပ်ကွပ်ထဲကလူတွေ ကြံ့ဖွံ့ကို မဲပေးရင်တော့ ငါတော့ အထောင်းခံရတော့မှာပဲဆိုပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာတော့မယ်။ ထို့အတူ သူ့အထက် အဆင့်လိုက် အဆင့်လိုက်ကလည်း နိုင်ရာ ထုထောင်းတဲ့ စနစ်ဆိုတော့ တရစ်ပြီးတရစ် ခြေချုပ်မိ အသက်ရှုကြပ်နေကြတဲ့ အနေအထားပါ။

ပြည်သူလူထုဟာ ဒီတချီမှာတော့ ကြံ့ဖွံ့ကို ဝက်ဝက်ကွဲအောင် နှိပ်ဖို့ အခါသင့်ပြီလို့ ပေးရမယ့်မဲ လက်ထဲ ရောက်လာတဲ့အခါ ပညာပြကြလိမ့်မယ်ဆိုတဲ့ အကြောင်းပါပဲ ...

ရန်ကုန်သားတာတေ



 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved