ဒေါ်အောင်ဆန်းစုကြည်၊ ကိုကျော်သူတို့ ဆွဲတဲ့ ပန်းချီ

Sunday, January 2, 2011


ဒီဓာတ်ပုံနဲ့ ပတ်သက်ပြီး Radio Free Asia မှာ ကိုကျော်သူက အခုလို ပြောထားတာ တွေ့ရပါတယ်။

“၁ ရက် ၁လ ၂၀၁၁ မှာ ကျနော့် အမျိုးသမီးရဲ့မွေးနေ့ ဆိုတော့ ကျနော် ဆွဲထားတဲ့ ပန်းချီကားတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြပွဲလေး Kyaw Thu Art Zone ဆိုတဲ့နာမည်နဲ့ လုပ်တယ်။ လုပ်တာကို ဒေါ်စု မနက်က လာပြီး အားပေးသွားတယ်။ ကမ္ဘာ့လူသားတွေ၊ မြန်မာပြည်သူပြည်သားတွေ ငြိမ်းချမ်းဖို့အတွက် အဓိက ထားပြီး ရေးဆွဲထားတာတွေပေါ့။ စက်တင်ဘာ သံဃာ့ကိစ္စ ကျနော် အမှတ်ရတာလေးတွေ ဆွဲထားပါတယ်။ နောက် ရုပ်ရှင်လောကကို တင်စားပြီး ကျနော် Performance သဘောလေး ရုပ်ရှင်ကင်မရာနဲ့ လုပ်ထားတာလေးတွေ ပြပါတယ်”

“အမေစုက ဆီဆေးနဲ့ ဆွဲပေးသွားတယ်။ အဲဒါကို သား ဆက်ပြီးတော့ ဆွဲလိုက်ပါ တဲ့။ ဒေါ်စုလည်း ကျနော့်ကို လာပြီး အားပေးချီးမြှင့်သွားတယ်။ အဲဒါကို ကျနော် အရမ်း ဝမ်းသာပါတယ်။ ကျနော် ပြည်သူပြည်သား အားလုံး ငြိမ်းချမ်းဖို့အတွက် လုပ်တဲ့ပွဲကို အခုလို အမေစု လာ အားပေးတာကို ကျနော် အများကြီး ကျေနပ်အားရတယ် ဝမ်းလည်းသာပါတယ်။ တိုင်းရင်းသားအားလုံး ချစ်ကြည်ညီညွတ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ရရှိမယ်ဆိုရင် ဒါ တဦးတယောက်ချင်းရဲ့ ငြိမ်းချမ်းရေး ရရှိမယ်လို့ ကျနော်ယုံကြည်ပါတယ်။ အများ စည်းလုံးညီညွတ်စွာ ငြိမ်းချမ်းဖို့အတွက် ကြိုးပမ်းကြပါလို့ ကျနော် တိုက်တွန်းလိုပါတယ်”

AP Photo 10 hours ago

Pro-democracy icon Aung San Suu Kyi paints as Myanmar's actor Kyaw Thu, wearing glasses, looks on during her visit to "Kyaw Thu Art Zone" gallery Saturday, Jan. 1, 2011 in Yangon, Myanmar. Kyaw Thu is banned from shooting by military government as he had donated alms to Buddhist monks at Shwedagon pagoda during their protest in September 2007 in Myanmar.



4 comments :

  1. ahphyulay said... :

    အင်း...
    တကယ်ပဲ တစိမ့် စိမ့်  ကြည်နူးပီတိဖြစ်စရာမြင်ကွင်းလေးပါပဲ။
    အိုအေစစ်ကလေးပဲဆိုပါတော့ ..။
    ကြာရှည်လေးမြင့်ရပ်တည်နေနိုင်ကြပါစေ.....။

  1. Anonymous said... :

    မင်္ဂလာ Gregorian နဲ့ ကရင်နှစ်သစ်ပါဗျာ၊ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေဖို့ ဆန္ဒပြုပါတယ်။ :-)

    မန်းကိုကို
    http://mahnkoko.blogspot.com/

  1. Anonymous said... :

    ပန်းချီကလည်း တောင်ခြစ်မြောက်ခြစ် ;)

  1. Anonymous said... :

    မြန်မာပြည်ကို ကယ်တင်ဖို့အရေးကြီးနေချိန်လေ။မဟုတ်တာတွေနဲ့ အချိန်ကုန်မခံကြပါနဲ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved