ကင်မရာနဲ့ ဆိုရင် ခံရပြီသာမှတ်

Saturday, January 8, 2011

တယ်လီဖုန်းမှာ ကင်မရာ ပါတတ်တယ် ဆိုတာလည်း သိထားဖို့ လိုတယ်

မြန်မာပြည်မှာ အပျော်တမ်း ရိုက်ကြတဲ့ အပြာကားတွေ အင်တာနက်မှာ တနေ့တခြား များလာတယ်။
အင်တာနက်မသုံးသူများအတွက်လည်း VCD/DVD အငှားဆိုင်တွေကနေ ငှားကြည့်နိုင်တဲ့ အခြေအနေအထိ ရောက်လာပြီ ဆိုတာ တနေ့က ဖတ်ရတဲ့ Freedom News Group ဆောင်းပါး တပုဒ်မှာ ရေးထားတယ်။

အပြာကားမှာ သရုပ်ဆောင်ဖို့ သဘောတူပြီး ရိုက်ကူး ဖြန့်ချိကြတာ ဆိုရင် ဒီစာ ရေးစရာ မလိုဘူး။ အခုက အဲဒီလို မဟုတ်။

အပျော်တမ်းကင်မရာ၊ တယ်လီဖုန်းမှာ ပါတဲ့ ကင်မရာတွေနဲ့ ရိုက်ထားကြတယ်။ ကင်မရာကိုင်သူတွေက အမျိုးသားတွေ။

ဒီလူတွေက သူတို့ရဲ့ ရည်းစား၊ အိပ်ဖော်တွေနဲ့ ကုတင်ပေါ်က အဖြစ်အပျက်တွေကို ကင်မရာနဲ့ မှတ်တမ်းတင်ထားတာ။ ပြည့်တန်ဆာ လို့ ယူဆရတဲ့ အမျိုးသမီးတချို့လည်း ပါတယ်။

အပျော်တမ်းရိုက်တာ ဆိုတော့ ဗီဒီယိုကလစ်တွေက တမိနစ်စာတွေ ရှိသလို ၅ မိနစ်မက ရိုက်ထားတာတွေလည်း ရှိတယ်။

အထင်ကရ (၁)
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ၀တ်လစ်စလစ် မြန်မာအမျိုးသမီးတယောက် lotion လိမ်းတဲ့ ဗီဒီယိုကလစ် ပေါ်လာတယ်။ ထင်ရှားတဲ့ မင်းသမီးလို့ အများက ယူဆကြတယ်။ သူ့ရဲ့ လှုပ်ရှားမှုကို တယ်လီဖုန်း ကင်မရာနဲ့ရိုက်ထားတာဖြစ်နိုင်တယ်။ အမျိုးသားတယောက် တယ်လီဖုန်းပြောသံ ကြားရလို့ပါ။ ငါတို့ ဘယ်ဟိုတယ်မှာ ရောက်နေတယ်၊ ပြီးရင် ဘာလုပ်မယ် ဆိုတာကို ပြောနေရင်းနဲ့ ဟိုအမျိုးသမီးလှုပ်ရှားမှုတွေကို ရိုက်ထားတာ။ ဟိုအမျိုးသမီးကတော့ lotion လိမ်းလိုက်၊ ဖုန်းပြောနေတဲ့ သူ့ကို လှမ်းကြည့်လိုက်ပေါ့။ သူ့ကို ဗီဒီယိုရိုက်နေတာ သိဟန် မတူ။

ခုတော့ အဲဒီ lotion လိမ်းတဲ့ ဗီဒီယိုကလစ်ကို အီးမေးလ်နဲ့ အဆင့်ဆင့် ဖြန့်လိုက်ကြပါပြီ။ ကာယကံရှင် အမျိုးသမီး အကြီးအကျယ် စိတ်ဒုက္ခ ရောက်စေတဲ့ ဖြန့်ချိမှုပေါ့။

အထင်ကရ (၂)

အခု အသစ်ပေါ်လာတဲ့ ဗီဒီယိုကလစ်တခုမှာတော့ အဆိုတော်ပေါက်စအမျိုးသမီး နဲ့ သူ့အိပ်ဖော်တို့ရဲ့ ခြင်ထောင်ခန်းတွေပါ။ အင်း - အဆင်ပြေအောင်သာ ရေးလိုက်ရတာ၊ တကယ်တော့ ခြင်ထောင် ထောင်မထားဘူး။

သူတို့ သီချင်းအကြောင်း ပြောဆိုတာတွေလည်း ပါတယ်။ အမျိုးသမီးက အောင်မြင်တဲ့အဆိုတော် ဖြစ်ချင်သူ၊ အမျိုးသားက သူ့ကို ကူညီမယ့် ဘော့စ် လို့ ယူဆနိုင်ပုံကို သူတို့ ပြောဆိုမှုက ဖော်ပြနေတယ်။

ဂီတ၊ ရုပ်ရှင်၊ မော်ဒယ် လောကသား တချို့ရဲ့ အောင်မြင်ထင်ရှားမှုဆိုတာ ဘော့စ်ရဲ့ ကုတင်ပေါ်က ဖြတ်သွားရတယ် ဆိုတဲ့ စကားတွေက အခုတော့ ဗီဒီယိုကလစ်တွေအဖြစ် အင်တာနက်မှာ ရောက်နေပါပြီ။

နာမည်မကြီးသူများ
ဗီဒီယိုကလစ် အများစုကတော့ ပြည့်တန်ဆာ လို့ ယူဆရတဲ့ အမျိုးသမီးတွေနဲ့ ဆက်ဆံတာတွေပါပဲ။ ကိုယ့်ရည်းစား၊ ကိုယ့်အိပ်ဖော်နဲ့ ဆက်ဆံတာကို ကိုယ်တိုင် မှတ်တမ်းတင်ထားတာ ရှိသလို တပါးသူက ခိုးဝှက် ရိုက်ကူးထားတာတွေလည်း ရှိတယ်။

ကင်မရာ ဆိုတာ ရှားပါးပစ္စည်း မဟုတ်တော့ဘူး။ ပန်းခြံမှာ အတွဲချောင်းတတ်သူတွေလက်ထဲ ဒီ ကင်မရာ ဆိုတဲ့ဟာ ရောက်သွားဖို့ ခက်ခဲတဲ့ခေတ် မဟုတ်တော့ဘူး။ ရလဒ်ကတော့ သူတို့ ချောင်းမြောင်း ရိုက်ကူးထားတာတွေက အင်တာနက်မှာ ရောက်လာတာပဲပေါ့။ ဟုတ်ပါတယ်၊ စုံတွဲတချို့ ပုဆိုးမနိုင် လုံခြည်မနိုင် ဖြစ်ပျက်နေတာတွေကို ရိုက်ထားတာပါ။

နိုင်ငံတကာရောက် မြန်မာပြည်သားတွေဟာ မြန်မာစုံတွဲတွေရဲ့ တော်သလင်းဇာတ်ကို ရန်ကုန်က ပန်းခြံထဲ သွားချောင်းမနေဘဲ အင်တာနက်ကျေးဇူးနဲ့ အလွယ်တကူ ရှုစားနေကြပါပြီ။ ကြည့်ပြီးရင်လည်း သြော် - ဒါကြောင့် ဟိုခေတ်က အတွဲချောင်းသူတွေက ရိက္ခာအပြည့်အစုံ၊ မှန်ဘီလူး ဆိုတာတွေ ယူသွားကြတယ်လို့ ကြားဖူးတယ်၊ ခုခေတ်တော့ ကင်မရာပါ ယူနေကြပြီ လို့ ဆင်ခြင်နိုင်ပါတယ်။

တည်းခိုခန်း၊ ဟိုတယ်တို့မှာ အခန်းငှားဖို့ အခြေအနေ မပေးနိုင်သူ စုံတွဲများအဖို့တော့ အင်တာနက်ခေတ်ဟာ ကံဆိုးမိုးမှောင်ကျတဲ့ခေတ်ပေါ့။

ဖြန့်ချိရေး
နိုင်ငံတကာမှာလည်း ဒီလိုဖြစ်ရပ်မျိုး ရာထောင်ချီ ရှိနေတာတော့ ကြာပါပြီ။ တချို့တော့ နာမည်ကြီးချင်လို့ ဈေးကွက်ဝင်အောင် ကိုယ်တိုင်ကိုယ်ကျ ပေါက်ကြားအောင် လုပ်ကြတယ်လို့ ဆိုတယ်။

ဝယ်လိုအား ကောင်းတဲ့ ဒီလိုမျိုး မြန်မာဖြစ် အပြာ ဗီဒီယိုကလစ်ကို ဘယ်သူတွေ ဖြန့်သလဲ?
ရိုက်ကူး မှတ်တမ်းတင်တဲ့ မောင်မင်းကြီးသားတို့က အဓိက ဖြန့်သူတွေ ဖြစ်မှာပေါ့လို့ အများက ယူဆကြတယ်။ ပြည်တွင်းဖြစ်ကို အားပေးချင်သူတွေ၊ ရှုစားချင်သူတွေက အင်တာနက်မှာ အားကောင်းကောင်းနဲ့ ရှိနေပါတယ်။ ဒီလို ဗီဒီယိုကလစ် တခု ဖြစ်ဖို့ အချိန် ဘယ်လောက် ကြာမလဲတော့ မသိဘူး၊ အင်တာနက်ပေါ် တင်ဖို့ကတော့ မိနစ်ပိုင်းပဲ ကြာမယ်။ ထပ်ဆင့် ကူးယူ ဖြန့်ချိသူ၊ လက်တို့သူ၊ အီးမေးလ်နဲ့ လက်ဆင့်ကမ်းသူများရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်ကြောင့် မမြင်ကွယ်ရာက ဖြစ်ရပ်တွေလည်း ကမ္ဘာအရပ်ရပ်ကို ရောက်ကရော။

အပြာကား၊ အပြာဓာတ်ပုံ သီးသန့် တင်တဲ့ မြန်မာဘလော့ဂ်တွေလည်း အင်နဲ့အားနဲ့ပဲ။ အခပေး မြန်မာ ၀က်ဆိုက်တောင် ရှိသေး။

ပြန်ဖျက်မှာပါ ဆိုပဲ
ကင်မရာထဲ အကြာကြီး မထားဘူး၊ ကိုယ့်အပြာကား ကိုယ်ပြန်ကြည့်ချင်တယ်၊ ကြည့်ပြီးရင် ဖျက်ပစ်မှာပါ ဆိုသူတွေလည်း မနည်းလှပါ။ သူ့ ကတိအတိုင်း အင်တာနက်ပေါ် ရောက်ပြီးမှ ဖျက်ပစ်တာလည်း ဖြစ်နိုင်တယ်။

ဒါမှ မဟုတ် အဲဒီ ကင်မရာ၊ ကင်မရာပါတဲ့ တယ်လီဖုန်းကို တယောက်ယောက်က ရသွားတာ ဖြစ်နိုင်တယ်။ ကင်မရာ ပျက်လို့ ပြင်တဲ့အခါ ဆိုင်က ကူးယူထားလိုက်တာလည်း ဖြစ်နိုင်တယ်။

ဘယ်သူ့လက်ချက်လဲ အတိအကျ မသိ၊ ဖြစ်နိုင်တာတွေကတော့ အများကြီးပါ။

ကွန်ပျူတာထဲ၊ ကင်မရာထဲက ဗီဒီယိုဖိုင်တွေကို ဖျက်လိုက်ပြီ ဆိုပြီး စိတ်ချလက်ချ နေလို့မရပါ။ အီလက်ထရွန်နစ် သုတ နည်းနည်းရှိရင် ရှာဖွေလေ တွေ့ရှိလေ လုပ်လို့ ရပါသေးတယ်။

ကင်မရာကိုင်နေပြီ ဆိုရင်
ဒီတော့ အတူတူ အိပ်ကြ ရင်းနှီးကြချိန်မှာ ကိုယ့် အိမ်ထောင်ဘက်၊ ကိုယ့်ရည်းစား၊ ကိုယ့်အိပ်ဖော်၊ ကိုယ့် ဖောက်သည်၊ ကိုယ့် ဘော့စ် ဘယ်သူပဲ ဖြစ်စေ ကင်မရာကိုင်ပြီ ဒါမှ မဟုတ် ကင်မရာဖုန်း ကိုင်ပြီ ဆိုရင်တော့ ထင်ပေါ် ကျော်ကြား လူကြည့်များခံရမယ့် ဘ၀ကို ရောက်ဖို့ ပထမခြေလှမ်းလို့သာ မှတ်ပေတော့။ ။

13 comments :

  1. Anonymous said... :

    video phot camera sd card တွေကို recovery ပြန်လုပ်လို့ရတဲ့ software တွေက အင်တာနက်မှာ အလကားပေးတာ အများကြီး ... အဲဒီရန်က ကာကွယ်ဖို့ memory card တွေကို အထပ်ထပ်အခါခါ format ချပေးရပါတယ် ဒါတောင် သိပ်ပြီး စိတ်မချရပါဘူး ... အကောင်းဆုံးကတော့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်နဲ့ တွဲနေသူရဲ့ ကင်မရာတို့ ဖုန်းတို့ကို လွတ်အောင်ရှောင်တာတော့ အကောင်းဆုံးပါ၊ ကိုဇာနည်ဝင်းပြောသလို နာမည်ကြီးချင်ရင်တော့ မသိဟန် ဆောင်နေလိုက်ပေါ့ဗျာ။

  1. Anonymous said... :

    oh my god!

  1. Anonymous said... :

    နှမချင်း မစာနာတာတွေပေါ့ ...
    ချစ်သူဘ၀ မရှောင်နိုင်တဲ့ အတွေ့ ...
    ဒါကို ရိုတ်ပြီး တင်တာ ကတော့ ယုတ်တာပါ ..

  1. Anonymous said... :

    အဆိုတော်ပေါက်စအမျိုးသမီး နဲ့လိင်ဆက်ဆံနေတာ ဟိန်းဝေယံ အဖေ ( ဝိုင်းစုခိုင်သိန်းနဲ့ ဖုန်းပြောတဲ့ အဘိုးကြီး) ဖြစ်ပါတယ်။
    ခြင်ထောင်ခန်းဆိုတာ မှန်ပါတယ်။တကယ်တော့ ခြင်ထောင် ထောင်မထားဘူးလို့ ဘာလို့ပြောတာလဲ စာရေးသူ
    သေခြာပြန်ကြည့်ပါ တခြားကုတင်မှာ ခြင်ထောင်ထောင်ထားပါတယ်။ ကျုပ်လဲ အခေါက်ခေါက်အခါခါကြည့်ပြီးမှ တွေ့တာဗျ။
    စာရေးသူကြည့်ရတာ တခေါက်ထဲ ကြည့်ထားပုံရတယ် LOL :D

  1. Anonymous said... :

    ဂီတ၊ ရုပ်ရှင်၊ မော်ဒယ် လောကသား တချို့ရဲ့ အောင်မြင်ထင်ရှားမှုဆိုတာ ဘော့စ်ရဲ့ ကုတင်ပေါ်က ဖြတ်သွားရတယ်

    yes, it is right.

  1. Anonymous said... :

    hello
    i can not post my comment.
    what happen?

  1. Kyaw Kyaw said... :

    Yes. It is very dangerous to make documentary film in the bed room.

  1. Anonymous said... :

    မကောင်းမူ့သည် စိတ်ကွယ်ရာမရှိ ဆိုသည်ကို ခေတ်စနစ်က ပို၍ထင်ဟပ် ဖေါ်ဆောင်နေပါပြီ
    ဘဝမှာ စိတ်ချမ်းမြေ့စွာနေထိုင်ချင်ရင်တော့ ကောင်းတာတွေပဲလုပ်ကြပါ ရှင်းရှင်းလေးပါဗျာ

  1. red boy said... :

    ဘယ် အဆိုတော်လဲဗျ။ အရိပ်အမွှတ်လေးတောင်မသိရဘူးလား

  1. Anonymous said... :

    အဲဒီ အဆိုတော်ပေါက်စ ခိုင်ရွှေဝါနဲ့ တွဲထားတာ ဟိန်းဝေယံအဖေမဟုတ်ပါ... ပန်းဖြူရဲ့ ရည်းစားဟောင်း ဇော်ဝင်းရှိန်ရဲ့ အစ်ကိုပါ။ နာမည်က ဦးထွန်းရင် ပါတဲ့။ စစ်တပ်နဲ့ပေါင်းစားနေတဲ့ သူတစ်ယောက်ပါပဲ။ ဟိုက်ပါမတ်၊ နို့မှုန့်စက်ရုံ၊ ခေါင်းလျှော်ရည်စက်ရုံတွေအပြင် မာဂျရင်းအတုတွေပါ ထုတ်ပါသေးတယ်။

  1. Anonymous said... :

    ဒယ်တာယူနိုက်တက် က ဦးထွန်းရင်လားဗျ။

  1. Unknown said... :

    ဘာဘဲဖြစ်ဖြစ်လေ မိန်ကလေးတွေသတိထားရမှာကကင်မရာ ဟန်းဖုန်း စတဲ့တခုခုနဲ့ မှတ်တမ်းတင်တာကို အတင်ခံတာကိုကမှားတာလေ

  1. Anonymous said... :

    မြန်မာတွေကိုစိတ်ဓါတ်မြင့်စေချင်တယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved