အငြင်းပွားဖွယ် သင်တန်းအကြောင်း တစေ့တစောင်း
Thursday, January 20, 2011
ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာ ဘုန်းကြီးတပါးရဲ့ ဒစ္စကိုပွဲအကြောင်း ယူကျုကနေဆင့် ထွက်ပေါ်လာပြီးတဲ့နောက် မီဒီယာတွေကရော၊ ဘလော့ဂ်တွေကပါ အမျိုးမျိုး ဝေဖန် ပြောဆိုသံတွေ ထွက်ခဲ့ပါတယ်။
အခုထိတော့ ဒီဘုန်းကြီးအကြောင်း၊ ဘုန်းကြီးရဲ့ သင်တန်းအကြောင်း၊ သင်တန်းရဲ့ နောက်ကွယ်ဆိုတာတွေကို ဆွဲထုတ်ပြီး ဘလောဂ့်တွေ၊ ဖိုရမ်တွေမှာ အများကြီး ဆက်တွေ့နေရပါတယ်။
လောလောဆယ်မှာ အဲဒီဘုန်းကြီးဘွဲ့က ဦးဣဒ္ဓိယလို့ သိရပြီး၊ သူ့ရဲ့ သင်တန်း နာမည်က No.1 Success and Sociology Course ပါတဲ့။ “စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းကျောင်း” လို့လည်း ကင်ပွန်းတပ်ထားပါတယ်။
ရဟန်းအနေနဲ့ နစ္စ၊ ဂီတ၊ ဝါဒီတတွေ ဘေးချိတ်သင့် မချိတ်သင့်၊ Sociology အသုံးအနှုန်းနဲ့ သင်တန်း ဆိုင်မဆိုင်၊ သင်တန်း စည်းကမ်းချက်များရဲ့ ဝိဝါဒ၊ နောက်ကွယ်မှာ မာလ်တီမားကက်တင်း ကုမ္ပဏီတခု ပတ်သက်မှု ရှိမရှိ စတဲ့ အငြင်းပွားဖွယ်တွေ တသီကြီး ထွက်နေဆဲပါ။
သင်တန်းရဲ့ ဝက်ဘ်ဆိုဒ်က http://numberonesociology.com/ ဖြစ်ပြီး လောလောဆယ်တော့ ဖွင့်မရပါ။
ဧရာဝတီ ဘလော့ဂ်အနေနဲ့ အဆိုးအကောင်း အကျိုးအကြောင်း ဝေဖန်မပြလိုသေးပေမယ့် အဲဒီသင်တန်းနဲ့ ဆိုင်တဲ့ အချက်တချို့ ပရိသတ်ဆွေးနွေးလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
No. 1 Success and Sociology Course
သင်တန်းသားများလိုက်နာရမည့်စည်းကမ်းချက်များ
၁။ သင်တန်းသူ / သားအားလုံးနိုင်ငံရေးလုံးဝကင်းရှင်းရမည်။ နိုင်ငံရေး ၊ ဘာသာရေးပြောခြင်း၊ မေးမြန်းခြင်း သီးခံပါ။
၂။ သင်တန်း၏အမည်၊ မိဘ၊ ဆရာ၊ သံဃာ၊ နိုင်ငံတော်ဂုဏ်သိက္ခာကိုထိပါးစေမည့် အပြုအမူ ၊ အပြောအဆို မပြုလုပ်ရပါ။
၃။ သင်တန်းကိုအချိန်မှီ ၊ အချိန်မှန်မှန် တက်ရမည်။သင်တန်းပျက်ကွက်လျှင် ကြိုတင်
အကြောင်းကြား ခွင့်တိုင်ရမည်။
၎။ သင်တန်းမှပို့ချသော သင်ခန်းစာများ ၊ လေ့ကျင့်ခန်းများကို စိတ်ရောကိုယ်ပါ ပါဝင်လှုပ်ရှားရမည်။ မာန်မာနထားခြင်း ၊ ရှက်ခြင်း ၊ ကြောက်ခြင်း လုံးဝမရှိစေရပါ။
၅။ မည်သည့်အကြောင်းကြောင့် ဖြစ်စေ သွင်းပြီးငွေပြန်မအမ်းပါ။ သင်တန်းပြီးဆုံးရက်အထိ မတက်လျှင် သင်တန်းဆင်းလက်မှတ်ပေးမည် မဟုတ်ပါ။
သင်ရိုး
1. ၁ မိနစ်အတွင်းမိတ်ဆွေဖွဲ့နည်း။
2. ၁၅ မိနစ်အတွင်းအနားယူခြင်းနှင့် အမြန်ဆုံးအားသွင်းနည်း။
3. ၁၅ မိနစ်အတွင် ခန္ဓာကိုယ်အတွင်းမှ အပူလှိုင်းများကို ဖယ်ရှားပေးခြင်း။
4. ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်သော လူမှုဆက်ဆံရေးပညာ။
5. မိတ်ဆွေဖွဲ့ခြင်း အတတ်ပညာ။
6. ၀တ်စားဆင်ယင်နေထိုင်မှုအပိုင်းနှင့် အရောင်ရွေးချယ်မှု။
7. စားသောက်မှုဆိုင်ရာ အခန်းကဏ္ဍအပိုင်း။
8. တယ်လီဖုန်းပြောဆိုခြင်းနှင့် ချိန်းတွေ့ခြင်း။
9. လုပ်ငန်းကိစ္စချိန်းဆိုခြင်း (သွား၊လာ)
10. ရောက်ဝယ်ဖောက်ကားမှု အတတ်ပညာ။
11. အင်တာဗျူးသွားရောက်ဖြေဆိုသောအခါ။
12. စိတ်ဓာတ်မြှင့်တင်ရေး ပို့ချချက်။
13. ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုပညာ။
14. လူရှေ့၊ သူရှေ့ စကားပြောခြင်း အတတ်ပညာ။
15. လူကြော၊ရွှေကြော - You are money
16. အထွေထွေ ဗဟုသုတ အခန်းကဏ္ဍများ။
17. ကမ္ဘာကျော်သန်းကြွယ် သူဌေးကြီးတစ်ယောက်အကြောင်း။
18. အောင်မြင်ခြင်း ခြေလှမ်းအပိုင်း (၁)၊ အပိုင်း(၂)။
19. လူနေအိမ်နှင့် အိမ်ခန်းများ ဖွဲ့စည်းတည်ဆောက်ပုံ။
20. You are Number One or နံပါတ် (၁)
47 comments :
  1. Anonymous said... :
    ဧရာဝတီ ဘလော့ဂ်အနေနဲ့ အဆိုးအကောင်း အကျိုးအကြောင်း ဝေဖန်မပြလိုသေးပေမယ့် ဆိုတဲ့ ဒီစာကြောင်းကို မကြိုက်ပါဘူး။ ဘုန်းကြီး နဲ့ သီဆိုကခုန်မှုကို ဘယ်လိုမှ တွဲဖက်လို့ မရဘူးလေ။ ပြတ်ပြတ်သားသား ဝေဖန်ရမယ့် ရှုံ့ချ
    သင့်တဲ့ သင်တန်း တခုပါ။
  1. Anonymous said... :
    ဧရာဝတီက တခြားသတင်းတွေဆို ပြတ်၂သား၂ ဝေဖန်ပါတယ်... အခုမှဘယ်လိုလုပ် ခြေတုန်ချတုန်ဖြစ်ပြိး လက်ရှောင်ချင်တဲ့
    သဘောမျိုး လုပ်ရတာလဲဗျ... အပေါ်က ပုဂိုလ်ပြောတာ မှန်ပါတယ်... မအပ်စပ်ဘူးဆို မအပ်စပ်ဘူး မှားရင်မှားတယ်ဝေဖန်ရဲရမယ်လေ... ဧရာဝတီသတင်းသမားတွေမှာ ဗုဒ္ဒဘာသာနဲ့ ရင်းနှီးကျွမ်းဝင်သူမပါဘူးလား...
  1. Anonymous said... :
    "ဘုန်းကြီး နဲ့ သီဆိုကခုန်မှုကို ဘယ်လိုမှ တွဲဖက်လို့ မရဘူးလေ" ဆိုတာကို ကန့်ကွက်ပါတယ်။ ဘုန်းကြီးလဲ လူတစ်ရောက်ပါပဲ။
    သင်တန်းသင်ရိုးကို ကြည့်တဲ့အခါလဲ မြန်မာလူမျိုးတွေ အားနဲတပ်တဲ့ အပိုင်းတွေကို သေချာစဉ်းစားရွေးချယ်ထားတာကို တွေ့မိပါတယ်။ အဲ၊ ဒီသင်တန်းဘယ်လောက်ထိ အကြိုးရှိမလဲ ဆိုတာတော့ မေးခွန်းပေါ့လေ။ နောက်ကွယ်မှာ MLM တစ်ခုရှိ တယ်ဆိုတာတော့မကြိုက်မိဘူးဗျ။ ကျွန်တော်က လူအချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ်တပ်တဲ့ MLM ဆိုမုန်းတဲ့လူဆိုတော့။
  1. မျက်စိနောက်သူ said... :
    လူဝတ်လဲပြီး လူဝတ်နဲ့ လုပ်ချင်ရာလုပ်ပေါ့ ဒါလေးများ
    ဘုန်းကြီးဝတ်နဲ့တော့ စီးပွားရေးလုပ်မစားနဲ့လေ.
    ဧရာဝတီက လူကြီးမင်းတွေလည်း ဝါသနာပါရင် Partnerလုပ်ကြပါလား။ လက်တွေ့အားပေးလိုက်ကြပေါ့
  1. Immortal said... :
    ဘုန်းကြီးနဲ့ သီဆိုကခုန်မှုကို မကန့်ကွက်ဘူးဆိုတဲ့လူဟာ ဗုဒ္ဓဘာသာ မဖြစ်နိုင်ပါဘူး။
    ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်။
    အချိန်မှီ မတားရင် ဘုန်းကြီးကျောင်းတွေ အကုန်လုံး အက သင်တန်းကျောင်းတွေ ဖြစ်ကုန်ပါလိမ့်မယ်။
  1. Anonymous said... :
    အပေါ်က ပြောတာတွေမှန်တယ်ဗျာ.. ဧရာဝတီရဲ့ သဘောထားက ဘာသဘောလဲ။ အလိုတူ ပူပေါင်းကြံစည်မှုလား...
  1. Mokenlay said... :
    ဘုန်းကြီးလဲ လူပဲဆိုတာ ဘာကိုပြောတာလဲမသိဘူး၊ နားမလည်တာလား နားမလည်ချင်ယောင် ဆောင်တာလားပဲ။ လူဆို မိန်းမယူလို့ရတယ်၊ ဘုန်းကြီးမိန်းမယူလို့မရဘူး ဒါဆို လူနဲ့ ဘုန်းကြီး ဘာကွာသလဲ သဘောပေါက်ရောပေါ့။ ဘုန်းကြီးဟာ လွတ်မြောက်ရေးတပ်သားတွေဖြစ်တယ်၊ လွတ်မြောက်ရေးခေါင်းဆောင်တွေဖြစ်တယ် ဒါကြောင့် လူမဟုတ်ဘူး လူလိုနေလို့မရဘူး၊ လူလိုပိုက်ဆံရှာလို့မရဘူး၊ လူလိုကလို့မရဘူး၊ လူလိုသီချင်းဆိုလို့မရဘူး။
  1. မဟာရဋ္ဌဂုရု said... :
    ကောင်းပါတယ်ကွာ။
    တို့ ဘုန်းကြီးတွေလဲ နောက်ပိုင်းကျ ဟစ်ဟော့တို့ ဟစ်ပေါ့တို့ ရော့ပ်တို့နဲ့ စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းတို့၊ နိုင်ကလပ်တက်နည်းသင်တန်းတို့၊ ဥဒါယီအောင်သွယ်ပေးနည်းသင်တန်းတို့ ဖွင့်လို့ရတာပေါ့။ အကြိမ်တစ်သောင်း ဘုရားလောင်းသင်တန်းလည်း ဖွင့်မယ်လေ။
  1. Anonymous said... :
    ဒါဟာ multi level marketing ပါ..ကျွန်တော် ပထမအကြိမ်အဲဒီwebsite ကိုဖတ်ကြည့်ပြီးကတည်းက သိပါတယ်..အခုနယူးယောက်မှာ MC တို့ဆန္ဒပြတဲ့အုပ်စုနဲ့ပါ
    ပါလာတဲ့ WMSတရုတ်လင်မယားလဲအတူတူပဲ..
    တခါကျွန်တော့်ကိုလာဆွယ်နေလို့ထိုင်ပြီးရီနေလိုက်ပါတယ်..
    ကျွန်တော်လုပ်ခဲ့တဲ့အချိန်တုန်းကလူတထောင်လောက်ကိုသိမ်းသွင်းခဲ့တာ.
    အဓိကတော့ ပိုက်ဆံလိုချင်သူတွေ ချမ်းသာချင်သူတွေ..
    အောင်မြင်ချင်သူတွေကိုစည်းရုံးတာပါပဲ..ကျွန်တော်လုပ်ခဲ့ဖူးတဲ့ companyဆိုCEO ကအစည်းအဝေးလာရင် အလုပ်များလွန်းလို့ဆိုပြီး Helicopterနဲ့လာတာပါ..သန်း၈၀လောက်တန်တဲ့အိမ်ကိုခေါ်ပြ..
    လူအထင်ကြီးအောင်လုပ်ပြတာ..အခုလဲ ဒီသင်တန်းက ဘဝအောင်မြင်ရေးစာတွေအပြင်မှာဝယ်ဖတ်လို့ရတဲ့
    စာအုပ်တွေထဲကပဲယူထားတာပါ..
    သတိထားနိုင်ကြပါစေ..
  1. Anonymous said... :
    အပေါ်က comment ပေးပြီးတဲ့သူများ သင်တန်းကကောင်းတယ်မကောင်းဘူးဆိုတာဘယ်လိုသိကြလဲ....ကိုယ်တိုင်တွေ့ဖူးတက်ဖူးကြလို့များကောင်းတယ်မကောင်းဘူးပြောနေကြတာလား???? Video တွေ News တွေဆိုတာကကိုယ်ရိုက်ချင်တဲ့အပိုင်းကိုရိုက်လို့ရသလို News ဆိုတာလည်းကိုယ်ရေးချင်တာကိုဆွဲသွင်းပြီရေးလိုရပါတယ်....သင်တန်းကောင်းတယ်မကောင်းဘူးဆိုတာကိုယ်တိုင်သွားရောက်လေ့လာပြီးမှပြောတာပိုကောင်းတယ်လို့ထင်ပါတယ်...ပြီတော့မသိကျမသေချာကောလဟာလတွေများနေတဲ့ဟာကိုကိုယ်ဘဲသိသလိုလိုနဲ့ပြောတာမကောင်းပါဘူး.....ကျွန်တော်လည်းဒီသင်းတန်းကိုမရောက်ဘူးမတက်ဘူးတော့ကောင်းတယ်မကောင်းဘူးဆိုတာတော့တိတိကျကျမပြောနိုင်ပါဘူးဗျာ.........တကယ်လို့မကောင်းဘူးဆိုရင်လည်းဘာလို့မကောင်းဘူးဆိုတဲ့တိကျတဲ့မဖြေနဲ့မကောင်းရင်လည်းမကောင်းဘူးဆိုတဲ့တိကျတဲ့အဖြေနဲ့ပေးရင်ပိုကောင်းပါတယ်....
  1. Anonymous said... :
    I don't know why it is called sociology? I guess they just want to add some english words into it. This is not sociology, from the contents of the program, it just wants to share about how to socialise and networking. This is just another act and something a person who has basic knowledge should avoid. In such a closed system and environment, people has no idea what they are upto these days.
  1. Anonymous said... :
    at:"ဘုန်းကြီး နဲ့ သီဆိုကခုန်မှုကို ဘယ်လိုမှ တွဲဖက်လို့ မရဘူးလေ" ဆိုတာကို ကန့်ကွက်ပါတယ်။ ဘုန်းကြီးလဲ လူတစ်ရောက်ပါပဲ။
    ကိုယ့်လူ ဗုဒွဘာသာမှ ဟုတ်ရဲ့လား...
  1. Anonymous said... :
    လုံးဝလက်မခံဘူးဗျာ၊ဘုရားသားတော် ရဟန်းတွေ လုပ်ရမယ့်အလုပ်မဟုတ်ဘူး။ အရှင်ရဟန်းဆိုတာ ဂန္ထဓူရ၊ ၀ိပဿနာဓူရ နှစ်ခု မှာ တစ်ခု လုပ်နေရမယ်၊ စာပေကျမ်းဂန် သင်ယူနေရမယ် (သို့) ပို့ချနေရမယ်၊ ဒါမှမဟုတ်ရင် သံသရာမှ ထွက်မြောက်ကြောင်း မဂ္ဂင်ရှစ်ပါး ကျင်းစဉ်တရားတွေကို ကျင်းကြံကြိုးကုတ် အားထုတ်နေရမယ်၊ ဒါမှ အရှင်ရဟန်းအစစ်၊ နအဖအစိုးရ အမြဲပြောနေတဲ့ ရဟန်းအတု ဆိုတာ ဒီလို ရဟန်းမျိုးဖြစ်တယ်။ ထေရ၀ါဒ ဗုဒ္ဓသာသနာ ကို ပျက်စီးစေမယ့် အကြောင်းတစ်ခုလို့မြင်ပါတယ်။ ထေကြီးဝါကြီး ဆရာတော်ကြီးတွေ ရေငုံနှုတ်ပိတ် ပြီးမနေသင့်ဘူးလို့လည်းထင်ပါတယ်ဗျာ။
  1. Anonymous said... :
ှရှင်းရှင်းလေးပါ သင်တန်းက ၊ ရောင်ဝယ်ဖေါက်ကားမှု့ အတက်ပညာ ၊ ဝတ်စားဆင်ရင်မှု့ နဲ့ အရောင်ရွေးခြင်မှု့၊ တယ်လီဖုန်းပြောဆိုခြင်းနှင့် ချိန်းတွေ့ခြင်း ၊ ဒါတွေက ဘုန်းကြီးသင်ပေးရမဲ့ အရာတွေလားဗျာ ခင်ဗျားတို့သတိထား ဆက်ပြီးသင်ပေးလိမ့်မယ် လင်ယူသားမွေး လက်တွေ့သင်ခန်းစာ တဖြေးဖြေးလာပါလိမ့်မယ် ကျုပ်တို့ရဲ့ထေရဝါဒ
    ဗုဒ္ဒဘာသာကို ဖျက်ဆီး စော်ကားပြီး တရုတ်အားကျ တရုတ်ဝါဒဖြန့်ချီရေး နဲ့ တရုတ်ပြည်လက်အောက်စနစ်တကျ သိမ်းသွင်းရေးလုပ်ဆောင်မှု့တွေကို အချိန်မှီ သတိရှိရှိကာကွယ် တားဆီးကြပါခင်ဗျာ
  1. SNT said... :
    My opinion is we need to distinguish two different things in this case trainer/teacher and contents of course.
    Firstly trainer cannot be monk,it's totally wrong because we follow Theravada Buddhism.Ministry of religions need to take care on this.
    According to course index,those are pretty good and essential for everyone.These things are useful in ours daily life.
    If the monk want to share/teach people he has to change the way of teaching.
    In Myanmar,most of us start the education from monastery and Monks are our teacher in all aspect of ours life. The way they teach us using Buddha's way of teaching.
    Every Buddhism have to pay respect Buddha and the way of Buddha teaching , especially the Monk (The son of Buddha)should pay more respect than normal Buddhism. Please stop the way of your teaching or else ask some body to take care the training.
  1. Anonymous said... :
    ဘုန်းကြီး နဲ့ သီဆိုကခုန်မှုကို ဘယ်လိုမှ တွဲဖက်လို့ မရဘူးလေ။ ပြတ်ပြတ်သားသား ဝေဖန်ရမယ့် ရှုံ့ချ
    သင့်တဲ့ သင်တန်း တခုပါ။ ဧရာဝတီ ဘလော့ဂ် အနေနဲ့ အမှန်တရားအတွက် ပြတ်ပြတ်သားသား ရှုံ့ချသင့်ပါတယ်
  1. FTMyanmar said... :
    အဲဒါဆိုလဲ လူထွက်ပြီး သင်တန်းဖွင့်စားပါလား။
    ဒါဘုန်းကြီးတစ်ပါးလုပ်သင့်တဲ့ကိစလား၊
  1. ထေရ၀ါဒဘာသာဝင် said... :
    ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ လုံးဝကန့်ကွက်ပါတယ် သံဃာတော်နဲ့ ကခုန်ခြင်းက လုံးဝမပတ်သက်ရပါဘူး ဒီသံဃာဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာမဟုတ်ဘူးလို့ပဲ ယူဆပါတယ် သံဃာတော်များ စောင့်ထိမ်းရမယ့် ၂၂၀ သော သိက္ခာပုဒ်ကို မဆိုထားဘိ သာမဏေများ စောင့်ထိမ်းရသော ၁၀ ပါးသီလ ဖြစ်တဲ့ အမှတ်စဉ်(၇)မှာရှိတဲ့ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်းနှင့် (သူတော်ကောင်း) တရား၏ ဆူးငြောင့်သဖွယ် ဖြစ်သော ပွဲလမ်းသဘင်တို့ကို ကြည့်ရှု နားထောင်ခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။) ဆိုတဲ့ သိက္ခာပုဒ်တော်မှာ လာငြိနေတဲ့အတွက် ဒီကိုယ်တော်ဟာ သာမဏေလောက်တောင် အဆင့်မရှိဘူးလို့ပဲ ဝေဖန်လိုက်ပါတယ်။
  1. Anonymous said... :
    အငြင်းပွားဖွယ်သင်တန်းလို့သုံးထားတယ်။ အငြင်းပွားဖွယ်သင်တန်းမဟုတ်ပါဘူး။
    လုံးဝ(လုံးဝ)သာသနာတော်နှင့်မအပ်စပ်တဲ့သင်တန်း၊ လုံးဝမလိုအပ်တဲ့သင်တန်းပါ။
    သာသနာအရောင်ညှိုးအောင် လုပ်နေတဲ့သင်တန်းပါ၊ သင်တန်းဆိုပြီး ငွေညာစားတဲ့
    သင်တန်းပါ။
  1. Anonymous said... :
    နအဖ စစ်အုပ်စုက ဒီသင်တန်းရဲ့ နောက်ကွယ်မှာရော ရှေ့ မှာပါ မားမားမတ်မတ် ရပ်တည်နေပြီး၊ ဗုဒ္ဓဘာသာကို စနစ်တကျ ဖျက်ဆီးဖို့  ပြင်ဆင်နေတာပါ။ တကယ်ကို အကြံပတ်စက်ပါတယ်။ ကောက်ကျစ်ပါတယ်။ ဗုဒ္ဓဘာသာဘုန်တော်ကြီးများကို အထင်အမြင်သေးအောင် ကြိုးပမ်းချက်ပါ။ အဓီကရုန်း ဖြစ်စေချင်တာ လည်း ပါနိုင်ပါတယ်။ ဆရာတော်ကြီးတွေ ဘယ်လောက် ဘာသာတရားရှေ့ က မားမားမတ်မတ် ရပ်မလဲ။ မဆိုင်သလို ဆက်ပြီးနေတော့မလား။ သန်းရွှေ နှင့် စစ်အုပ်စုတွေက နောက်ထက်ဒီထက်ဆိုးဝါးတဲ့ အခြေအနေတွေကို ဖန်တီးကြပါလိမ်မည်။ တိုင်ပြည်ကို ဘက်ပေါင်းစုံက ဖျက်ဆီး ကြပါလိမ့်မယ်။ သတိရှိရှိ ကာကွယ်ကြပါ။ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ နိုင်ငံသားတိုင်း နအဖ ကို ချေမုန်းနိုင်မှ အမြစ်ပြတ် တိုက်ထုတ်နိုင်မှ နိုင်ငံရဲ့ ဘေးအန္တရယ် ဆိုးတွေက လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ သင်တန်းသား တစ်ယောက်ကို ငါးယောက်နုန်း စည်းရုံးသိမ်းသွင်းပြီး အဆိပ်ခပ် မှိုင်းတိုက် အမျိုးဘာသာ သာသနာကို ဖျက်ဆီးမည့် ဘုန်းကြီး အမည်ခံ နအဖ လှည့်ကွက်စစ်စစ်ဖြစ်ပါတယ်။
  1. Anonymous said... :
    ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တိုင်းသိပြီးသားပါ။ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့လုံးဝလုံးဝမအပ်စပ်ပါ။ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်အစစ်များမှာလုံးဝလက်မခံပါ။အမည်ခံ ဗုဒ္ဓဘာသာဝင်များသာလျှင်လက်ခံပေလိမ့်မည်။ထေရ၀ါဒ ဗုဒ္ဓဘာသာ၏အခြေခံများကို အရင်ဦးဆုံးသိရှိအောင်လုပ်ရပါအုံးမည်။ဤသင်တန်းသို့သွားကြည့်ရန်မလိုပါ။မိမိကိုယ်မိမိ ထေရ၀ါဒဗုဒ္ဓဘာသာ၏အခြေခံကိုသိအောင်အရင်လုပ်ရပါမည်။
  1. Anonymous said... :
    ဘုန်းကြီးလုပ်ပြီ နောက်ကမလုပ်တတ်ရင် ရှေ့ ကဖင်ကို ကြည့် ပြီး လိုက်လှုပ်ကြ ဆိုတဲ့ ၀စီ နှုတ်ရဲ့ စောင့်ထိမ်းအပ်သောကျင့် ၀တ်ကိုတောင် မစောင့်ထိန်းနိုင်တာ တကယ်ဆို နိဗ္ဗန်ရောက်ကြောင်း ငရဲလွတ်ကြောင်းသင်တန်းပေးပါလား လူအလုပ်လူလုပ် ဘုန်းကြီး အလုပ် ဘုးန်ကြီး လုပ် ဒါကို ပြောနေတာ။ လူကသင်ရင် ဘာမှ ပြောနေစရာမလို ဖူး ခင်ဗျားတို့ ကြံ့ဖွတ်တွေက ဦးနှောက်အတွေးခေါ်နဲကို နဲ လွန်းတယ်
  1. Anonymous said... :
    သင်တန်းကို ကောင်းတယ်မကောင်းဘူးမပြောလိုပါ။
    ဘုန်းကြီးနဲ့ သီဆိုကခုန်မှုကိုတွဲဖက်လို့မရတာကို ပြောနေတာပါ။
    လူဝတ်လဲပြီး လူဝတ်နဲ့လုပ် မပြောလိုပါ။
  1. Anonymous said... :
    ဒီတိတ်ခွေကိုကြည့်မိတော့တွေ့ရတာက သင်တန်းကို သင်္ကန်းဝတ်တစ်ဦးက ခေါင်းဆောင်တယ်။ ကျင်းပတာကဘားအံမြို့မှာ။ မော်လမြိုင်မှာလည်းဖွင့်ခဲ့ပြီး ပြီလို့ပြောတယ်။ မယက ကဖွင့်ပွဲလုပ်တယ်။ အမျိုးသမီးပြောတာက ဆရာတော်က သာဓုခေါ်တာမကြိုက်ပါတဲ့။ လက်ခုပ်တီးပါဆိုပဲ။ ကကြတဲ့လူတွေထဲမှာ အသက် ၅၀ ၆၀ လူ(ယောင်္ကျား၊မိန်းမ)တွေပါတယ်။
    ငယ်တဲ့ ၂၀ ကျော် ၃၀ တွင်း ကိုမပြောလိုသေးပါ။ သူများယောင်လို့ယောင်တဲ့အရွယ်ထားပါတော့။ ၅၀ ၆၀ အရွယ်ကြီးတွေ ဒါကိုလက်ခံပြီးကိုယ်တိုင်ပါဝင်နေတာအံ့သြမိတယ်။ လူတစ်ယောက်ကဦးဆောင်တဲ့အကသင်တန်းဆိုရင်တော့ ကျန်းမာရေးအရဆိုတဲ့အသိနဲ့လက်ခံချင်လက်ခံမိမယ်။ အခုတော့ ဘယ်လိုမှစဉ်းစားလို့ကိုမရဘူး။ ဒီလူတွေအားလုံး လုံးဝဦးနှောက်မရှိဘူး။ အသိညာဏ်မရှိဘူး။ ရှေ့နောက် အမှားအမှန်စဉ်းစားဆင်ခြင်ညာဏ်မရှိဘူးလို့ပြောပါမယ်။
  1. Anonymous said... :
    "ဘုန်းကြီးလဲ လူတစ်ယောက်ပါပဲ" ဆိုတဲ့သူ၊ ခင်ဗျားကပဲ တစ်ခြားသူတွေကို "ကိုယ့်လူ ဗုဒွဘာသာမှ ဟုတ်ရဲ့လား..." ပြန်မေးနေရသေးတယ်။ ဘယ်ဘုန်းကြီး အကသင်တန်း ဆရာ လုပ်တာ တွေ့ဘူးပါသလဲ။ အချိန်မှီ မတားရင် ဘုန်းကြီးကျောင်းတွေ အကုန်လုံး အက သင်တန်းကျောင်းတွေ ဖြစ်ကုန်ပါလိမ့်မယ်။ ခင်ဗျားရေးပုံကြည့်ရတာ ခင်ဗျားကသာ ဗုဒ္ဓဘာသာ မဖြစ်နိုင်တာပါ။ တကယ်လို့ ဗုဒ္ဓဘာသာ ဆိုရင် ဦးဏှောက် မရှိလျှောက် အားအားလျှားလျှား ကျေးကန်း တွေလိုလျှောက်အာ မနေပါနဲ့။
  1. Anonymous said... :
    ယနေ့ သင့်နာမည် (ကျော်ကြားမှု၊ မကျော်ကြားမှု။အောင်မြင်မှု၊မအောင်မြင်မှု၊ကောင်းမှု၊မကောင်းမှု) သည် လူလောက၌ ရှိနေနိုင်သော်ငြားလည်း အခါမလင့်း၊မနက်ဖြန် တို့တွင် သုသာန်တစပြင်၌လည်း သင့်နာမည်၏ ကမ္မည်းကို တွေ့ရှိနိုင်သည်...မည်သို့ပင်ရှိစေ နောင်ကာလ၌ သင့်နာမည် သင့်စရိုက်လက္ခဏာများသည် သမိုင်းတွင် စွဲကျန်ရစ်မည်မှာ မလွဲပေ......ယခုသင်မကြားနိုင်သော သေခြင်းတရား၏ ခေါ်သံများလည်း တစ်ချိန်ချိန်တွင် သင့်ထံကိုအရောက်လာ သင် ကြားအောင် ခေါ်ပြီး သင့်၏ဝိညာဉ်ကို နှုတ်ယူသွားကြပေလိမ့်မည်..သင်သတိနှင်သာ စောင့်နေလော့......................
  1. Anonymous said... :
    သမိုင်းမှာ ဆိုခဲ့ ငိုခဲ့တဲ့ ဆရာတော်တွေရှိခဲ့ပါတယ် (ဥပမာ ကြာနီကန် ဆရာတော်)။ ဒါပေမယ့် သူ့ရဲ့ တရားဟော ဇာတ်ထုပ်ရဲ့ အလိုက်အထိုက်ပါ၊ တရားပွဲကိုလာချင်အောင် ဆွဲဆောင်ရုံပါ။ ပျံလွန်တော် မမူခင်မှာပဲ ဆိုခြင်းငိုခြင်း အလုပ်တွေကို အပြီးအပိုင် စွန့်လွှတ်သွားခဲ့ပါတယ်။ အခုလိုမျိုး နိုက်ကလပ်ထဲမှာ က သလိုမျိုးတော့ မကြားဖူးခဲ့ပါ။ ဘုန်းကြီးတစ်ပါးက အခုလိုမျိုး ကခုန်ဖို့ တိုက်တွန်းတာ၊ ကြမ်းတမ်းတဲ့ စကားကိုပြောတာလည်း မကြားဖူးခဲ့ပါ။ ကန့်ကွက်ပါတယ်။
  1. Anonymous said... :
    သင်တန်းကောင်းမကောင်းကိုမပြောပါ..ကောင်းလျင်လည်းသင်ခံစားမကောင်းလျင်လည်းသင်ခံစားနိုင်သည်။သို့သော် လူဥပုဒ်သည်ပင်သီချင်းဆိုပန်းပန်အလှပြင်ကခုန်ပွဲလမ်းကြည့်စောင့်ထိန်းရသေးသည်။ရဟန်းကဘုရားရဲ့ဝိနည်းတော်ကိုသေသေချာချာလိုက်နာကျင့်သုံးရမည်။မလိုက်နာနိုင်လျင်မဝတ်နှင့်။သာသနာကိုဖျက်ဖို့ကြံစည်မှုဟုမှတ်ရမည်။လူဝတ်နှင့်လုပ်ပါ။ဘုန်းကြီးကိုပြစား၍စီးပွားရေးလုပ်တာအံ့ကြမိသလိုဘုန်းကြီးကဒီလိုအလုပ်လုပ်တာဘုန်းကြီးအစစ်မဖြစ်နိုင်။အရေခြုံပြီးနေထိုင်စားကောင်းအောင်လုပ်ခြင်းသာ။ဝိန်ည်းစည်းကမ်းမရှိမှတော့မဝတ်ပါနှင့်။လူနှင့်မတူ၍ဘုန်းကြီးကိုလေးစားရိုသေကန်တော့ကြတာပါ။တူသည်ဆိုလျင်လည်ပင်းဖက်ပေါင်းမည်ထိပ်ပုတ်ခေါင်းပုတ်ဖင်ပုတ်လုပ်မည်။မင်းငါမအေနှမနှင့်ပြောပါမည်။လက်ခံမည်လား။မရိုသေနိုင်။သူငယ်ချင်းပေါင်းပေါင်းမည်။ကိုယ့်ဟာကိုအလုပ်လုပ်စားပါ။သင်္ကန်းမရုံပဲအဝါရောင်ဝတ်စုံဝတ်ပါ။ဒိမှာထေရဝါဒစာအုပ်များလေ့လာပါဦး။လူကဖျက်ဆီးဘုန်းကြီးကလည်းပျက်ချင်။၁။http://www.dhammadownload.com/The-Ministry-Of-Religious-Affairs-eBookInMyanmar.htm ၂။http://www.dhammadownload.com/AshinJanakabhivamsa-eBookInMyanmar.htm
  1. Anonymous said... :
    "ဘုန်းကြီးလဲ လူတယောက်ပါပဲ"လို့ ဆိုခဲ့တဲ့ မိတ်ဆွေခင်ဗျား...
    ခင်ဗျားကိုယ်တိုင် အဲဒီလိုသတ်မှတ်ထားရင် ပိုပြီးခိုင်မာသွားအောင်
    ခင်ဗျားနှမကို အဲဒီဘုန်းကြီးဆီ ပို့ ပေးလိုက်စေလိုပါတယ်...
  1. Anonymous said... :
    သင်တန်းကိုတော့ သဘောကျတယ်။ ဆရာတော်တစ်ပါးဖြစ်နေတာတော့ နဲနဲသဘောမတွေ့ဘူး။ လူသာမန်တစ်ယောက်အနေနဲ့ဆိုရင်တော့ ကောင်းမယ်။
  1. Anonymous said... :
    "ဘုန်းကြီး နဲ့ သီဆိုကခုန်မှုကို ဘယ်လိုမှ တွဲဖက်လို့ မရဘူးလေ" ဆိုတာကို ကန့်ကွက်ပါတယ်။ ဘုန်းကြီးလဲ လူတစ်ရောက်ပါပဲ။
    သင်တန်းသင်ရိုးကို ကြည့်တဲ့အခါလဲ မြန်မာလူမျိုးတွေ အားနဲတပ်တဲ့ အပိုင်းတွေကို သေချာစဉ်းစားရွေးချယ်ထားတာကို တွေ့မိပါတယ်။ အဲ၊ ဒီသင်တန်းဘယ်လောက်ထိ အကြိုးရှိမလဲ ဆိုတာတော့ မေးခွန်းပေါ့လေ။ နောက်ကွယ်မှာ MLM တစ်ခုရှိ တယ်ဆိုတာတော့မကြိုက်မိဘူးဗျ။ ကျွန်တော်က လူအချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ်တပ်တဲ့ MLM ဆိုမုန်းတဲ့လူဆိုတော့။
    &
    အပေါ်က comment ပေးပြီးတဲ့သူများ သင်တန်းကကောင်းတယ်မကောင်းဘူးဆိုတာဘယ်လိုသိကြလဲ....ကိုယ်တိုင်တွေ့ဖူးတက်ဖူးကြလို့များကောင်းတယ်မကောင်းဘူးပြောနေကြတာလား???? Video တွေ News တွေဆိုတာကကိုယ်ရိုက်ချင်တဲ့အပိုင်းကိုရိုက်လို့ရသလို News ဆိုတာလည်းကိုယ်ရေးချင်တာကိုဆွဲသွင်းပြီရေးလိုရပါတယ်....သင်တန်းကောင်းတယ်မကောင်းဘူးဆိုတာကိုယ်တိုင်သွားရောက်လေ့လာပြီးမှပြောတာပိုကောင်းတယ်လို့ထင်ပါတယ်...ပြီတော့မသိကျမသေချာကောလဟာလတွေများနေတဲ့ဟာကိုကိုယ်ဘဲသိသလိုလိုနဲ့ပြောတာမကောင်းပါဘူး.....ကျွန်တော်လည်းဒီသင်းတန်းကိုမရောက်ဘူးမတက်ဘူးတော့ကောင်းတယ်မကောင်းဘူးဆိုတာတော့တိတိကျကျမပြောနိုင်ပါဘူးဗျာ.........တကယ်လို့မကောင်းဘူးဆိုရင်လည်းဘာလို့မကောင်းဘူးဆိုတဲ့တိကျတဲ့မဖြေနဲ့မကောင်းရင်လည်းမကောင်းဘူးဆိုတဲ့တိကျတဲ့အဖြေနဲ့ပေးရင်ပိုကောင်းပါတယ်....
    အပေါ်က comment ရှင်ပညာမဲ့ နလဘိန်းတုန်း(လူ)နှစ်ယောက်သို့*****
    မြည်သို့ထမင်းစားပြီး အသက်ရှင်နေထိုင်နေပါသနည်း?
    သွားမကြည့်နဲ့ ကွ ဦးနှောက်ရှိရင်တွေးကြည့်
  1. Anonymous said... :
    သင်တန်းရဲ့ရည်ရွယ်ချက်တွေအရမ်းကောင်းပါတယ်..ဒါပေမဲ့ပြောစရာလေးတစ်ခုဘဲရှိတယ်..သင်တန်းပို့ချသူက ဂတုံးတုံးပြီး သင်္ကန်း ဝတ်ထားတော့ သံဃာနဲ့ ထင်ရောင်ထင်မှားဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာအပေါ် ထင်ရောင်ထင်မှား ဖြစ်နိုင်ပါတယ်။ သင်တန်းပိုမိုကောင်မွန်စေချင်ရင် သင်တန်းပို့ချတဲ့ သူကို ဆံပင်တုတပ်ပြီး ဘောင်းပြီပေးဝတ်လိုက်ပါ။
  1. Saw Zwe said... :
    ဗီဒီယိုအပိုင်း(၁)မှာ ကရင်တိုင်းရင်းသား ၀တ်စုံဝတ်ပြီး ကိုယ့်ယဉ်ကျေးမှုနဲ့ မဆိုင်တဲ့အကတွေ ကပြနေကြတာ ကရင်လူငယ် အစစ်တွေမှ ဟုတ်ရဲ့ လား.....တချိန်က အဲ့ဒီဇွဲကပင်ခန်းမအနီးမှာ ရှေ့ တန်းပြန်စစ်သားတစ်ဦး ကရင်တိုင်းရင်းသားဝတ်စုံဝတ်ပြီး ပြည့်တန်ဆာ ကတုံးမ နဲ့ အတူတွဲပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် မျက်နှာပြောင်တိုက် စော်ကားနေတာကို တို့ ကရင်လူငယ်တွေ ကောင်းကောင်းမွန်မွန်သွားပြောတယ်.. ပြည့်တန်ဆာ ကတုံးမနဲ့ ပျော်ချင်ရင်လည်း ကရင်အင်္ကျီချွတ်ဖို့  တောင်းပန်တာ မရလို့  နှစ်ယောက်စလုံးကို ၀ိုင်းဆွမ်းကြီးလောင်း ဆုံးမပေးလိုက်တာ ပြန်မြင်ယောင်မိတယ်...
    ကိုယ်လုပ်ချင်တာ ရှင်းရှင်းလင်းလင်းလုပ်ကြပါ...ကိုယ့်ရိုးရာ ယဉ်ကျေးမှု ..အမျ­ိုးဘာသာသာသနာကို မထိခိုက် မစော်ကား မိစေဖို့  အရေးကြီးပါတယ်...
  1. ဝိနယ said... :
    ဘာတွေမှာအပိုတွေရေးနေစရာမလိုဘူး၊ရဟန်းတပါးမပြောနဲ့ကိုရင်တောင်လုပ်ခွင့်မရှိဘူး။ဒါမျိုးလုပ်ချင်ရင်လူဝတ်လဲပါ။ဘေးကလူတွေလဲအားပေးနေရင်အပြစ်ဖြစ်ပါတယ်။ရဟန်းကျင့်ဝတ်ကအများကြီးပါ၊မကျင့်နိုင်လို့ကိုရင်ကြီးဘဝနဲ့သာသနာပြုနေတဲ့ပုဂ္ဂိုလ်တွေ၊လူဝတ်နဲ့သာသနာပြုနေတဲ့သူတွေကိုအတုယူပါ။
  1. Anonymous said... :
    ဗုဒ္ဓဘာသာဝင် တစ်ယောက် မဟုတ်တော့ ဗုဒ္ဓဘာသာတရားတော်တွေ နားမလည်ပါဘူး .. ဒါပေမယ့် ကျွန်တော်တွေ့ဖူးတဲ့ ဘုန်းတော်ကြီးတွေကတော့ မြင်လိုက်ရတာနဲ့ အေးချမ်းမှုနှင့် တစ်ကယ်ကြည်ညိုစရာပါ .. အခု ဒီသင်တန်းက ဘုန်းတော်ကြီးကို ကြည့်ရတာတော့ အေးချမ်းမှုနဲ့ ကြည်ညိုမှုဆိုတာကို လုံးဝ မမြင်ရပါဘူး .. ဘာဖြစ်ဖြစ် ကိုယ်ယုံကြည်ရာ ဘာသာတရားကို တစ်ယောက်ယောက်က အလွဲသုံးစားလုပ်လာတာတော့ လက်မခံသင့်တဲ့ အကြောင်းတရားတစ်ခုလို့ မြင်တယ် ..
  1. Anonymous said... :
    ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့လုံးဝမအပ်စပ်ပါ.ဘယ်လိုမှလက်ခံလို့မရဘူး။ အမှန်တရားအတွက် ပြတ်ပြတ်သားသား ရှုံ့ချသင့်ပါတယ် .
  1. Anonymous said... :
    I heard that monk has been arrested . it is confirmed news
  1. သာမည said... :
    လက်ရှိကိုယ်တော်ကို ထောက်ခံတာတော့မဟုတ်ပါ... မည်သူမဆို မိမိပြုသမျှ ကံ အတိုင်း တူသောအကျိုးပေး ပြန်ခံစားရမှာပါ... ခုလိုဝန်လိုင်းမှာ လူသိရှင်ကြားမဟုတ်ဘဲ တချို့ သော ကိုယ်တော်များ ဒီထက်ဆိုးဝါးသော ပြုမူနေထိုင်ပုံများ ပြည်တွင်းနေရာအနှံမှာ ကိုယ်တိုင်တွေ့ ဖူးမြင်ဖူးပါတယ်...
    ဘာသာတရားကို တကယ်မြတ်နိုးသူများ.. သံဃာတော်တိုင်းကို ၀ိနည်းနဲ့ အညီ ကျင့်ကြံနေထိုင်တာ မြင်တွေ့ လိုသူများ... တခုမေးပါရစေ...
    ရွေဝါရောင်သံဃာအရေးအခင်း လို လုပ်ရပ်မျိုးကို ၀ါတွင်းအချိန်ကာလကြီးတွင် သံဃာများ ဦးဆောင်ပြုလုပ်သင့်ပါသလား...
  1. Anonymous said... :
    သင်ရိုးကိုကြည့်တာနဲ့တင် ခန့်မှန်းကြည့်လို့ရပါတယ် ကြောင်တောင်တောင်ပေါတောတောတွေဆိုတာ ဘုန်းကြီးကသင်တာ ဘာသာရေး ပြောခြင်း မေးမြန်းခြင်း သီးခံပါတဲ့(မေးလဲ ဘာမှသိမှာမဟုတ်ပါဘူး ဘုန်းကြီးအတုအယောင်ကိုး) မြန်မာအမျိုးသမီးကောင်းများ အထူးသတိပြုပါ သင်တန်းစည်းကမ်းမှာ ရှက်ခြင်း ကြောက်ခြင်းလုံးဝမရှိရတဲ့ (လူဆိုတာ ရှက်သင့်တာကိုရှက်ပြီး ကြောက်သင့်တာကိုကြောက်ရပါတယ်)အရှက် အကြောက် ကင်းကွာရင် လူ့တိရိစ္ဆာန်လို့ခေါ်ပါတယ်
  1. Anonymous said... :
    ဘယ်သူဘာပြောပြော..ကိုယ်လုပ်တာ မှန်သမျှ ကိုယ့်ကံပါဘဲ...
  1. Unknown said... :
    ဆိုတာ လူတွေ ဆင်းရဲကျပ်တည်းနေလို့ ရွှေဝါရောင်အရေးအခင်း
    ပေါ်လာတယ်ဆိုတာ လူတိုင်းသိတယ်။ စစ်အုပ်စုရဲ့ မတရားညှင်း
    ပန်းနှိပ်စက်မှုကြောင့် သံဃာတော်တွေ အသက်ပေါင်းများစွာ
    စတေးလိုက်ရတာကိုတောင် အထက်ပါကွန်မန့်ရှင်က ၀ိနည်း
    တော်နဲ့ မညီဘူးပြောချင်သေးလို့လား။ ဘယ်သိက္ခာပုဒ်နဲ့သွား
    ညိသလဲပြောစမ်းပါ။ ၀ါတွင်းကြီး ဆန္ဒပြလို့ ၀ါကြိုးမယ်များထင်
    လို့လား။ ၀ါဆိုထားတဲ့ ကျောင်းကနေ အရုဏ်မတင်ခင်ပြန်လာ
    ရင် ၀ါမကြိုးဘူးကွ။ ၀ါကြိုးသွားလဲ အပြစ်သင့်တာမဟုတ်ဘူးကွ
    နအဖ အလိုကျ ဘုန်းကြီးတွေကိုသတ်ခိုင်းတဲ့ဘုန်းကြီးက မှ
    ပါရာဇိက (လူဖြစ်)သွားတာကွ။ နားမလည်ဘဲလျှောက်မပြော
    နဲ့။ နအဖ အလိုကျ ကဆိုက ခုံဆိုခုံတဲ့ ဘုန်းကြီးတွေကသာ
    ဘုရားသာသနာကို ဖျက်ဆီးနေတာ။ နအဖ အလိုကျ သာသနာ
    ကိုဖျက်နေကြတဲ့ ဘုန်းကြီးတွေဟာ သူတို့ စားနေတဲ့ အစား
    အစာတွေဟာ ငရဲမီးတွေ အဆိပ်တွေစားတာနဲ့ အတူတူပဲကွ။
    သူတို့ ၀တ်ထားတဲ့ သင်္ကန်းတွေကလဲ ငရဲမီးလျှံတွေတောက်နေ
    တဲ့သင်္ကန်းပဲကွ။ ပါရာဇိကဏ် ပါဠိတော်ကို သေချာလေ့လာဦး။
    ဖြစ်သွားလိမ့်မယ် သတိထား သတိထား။
  1. Anonymous said... :
    ရွှေဝါရောင်ကိစ္စလာမရောနဲ့မိတ်ဆွေ။မင်းဗုဒ္ဒဘာသာဆိုရင်အခုဘုန်းကြီးဟာဝိနည်းကိုလုံးဝဆန့်ကျင်ဘုန်းကြီးအောင်လုပ်တဲ့သူ။ဦးသုမင်္ဂလ(ဒယ်အိုး)တရားတွေမှာဒါလောက်ပြတ်ပြတ်သားသားဟောထးတာတောင်လူတွေနားမလည်ကြဘူး။ဘုန်းကြီးမင်းသားလုပ်လာတာပါ။ဘာသာတရားအခြေခံရှိသူတောင်ဒါလုံးဝလက်မခံသင့်တဲ့ကိစ္စဆိုတာသိတယ်။အရှင်ဇနကာဘိဝံသ-နံနက်ခင်းသြဝါဒနဲ့အခြားစာအုပ်ကလေးတွေကိုလူတိုင်းသာသနာဝန်ထမ်းသူတိုင်းဗုဒ္ဒဘာသာဝင်တိုင်းသိထားရပါမယ်။အပေါ်ကအကိုကြီးတယောက်ပေးထားတဲ့ဆိုဒ်ကိုဝင်ဖတ်ပါ။အဲဒီကဆရာတော်တွေဘယ်လိုအဆုံးအမတွေလူရဟန်းတွေကိုပေးနေလည်းလေ့လာမှတ်သားပြီး၊ဘာသာသာသနာကိုထိန်းပါ။တာဝန်ရှိပါတယ်။၁။ http://www.dhammadownload.com/AshinJanakabhivamsa-eBookInMyanmar.htm ၂။ http://www.dhammadownload.com/The-Ministry-Of-Religious-Affairs-eBookInMyanmar.htm နောင်လည်း ဘုန်းကြီးတုများကိုဝိုင်းဝန်းဖေါ်ထုတ်ရှတ်ချသင့်ပါတယ်။ သံယာတော်စစ်စစ်များဟာ ရတနာထိုက်ပါတယ်။ သံယာရတနာထိုက်တဲ့ဆရာတော်တွေဓမ္မကထိကတွေဒီနေ့အများကြီးရှိနေအဆုံးအမတရားတွေပေးနေတာမြင်အောင်ကြည့်ပြီးချဉ်းကပ်ပူဇော်ကိုးကွယ်နိုင်ကြပါစေ။
  1. Anonymous said... :
    I think it copies from Churches. I like it. Why worry it will destroy Buddhism? If it is not good, real buddhists will avoid it. Simple. We are not used to freedom of expression, too bogged down in traditional closed thinking. don't worry, be happy.
  1. သာမည said... :
    လူတွေ ဆင်းရဲကျပ်တည်းနေလို့ ရွှေဝါရောင်အရေးအခင်း
    ပေါ်လာတယ်ဆိုတာ တော့ဟုတ်ပါတယ်.. အရင်ကလည်း ဆင်းရဲကျပ်တည်းတယ်...ခုလည်း ဆင်းရဲကျပ်တည်းတာပါဘဲ... ၀ိနည်းနဲ့ မညီဘူးလို့ လဲ မစွပ်စွဲပါဘူး... လုပ်သင့်တာကို လုပ်သင့်တဲ့အချိန်မှာ လုပ်ရင် ပိုသင့်တော်မယ်ထင်လို့ ပါ... တခြား(၉)လ အချိန်အတွင်း ဆိုပိုသင့်တော်မယ် ထင်မိလို့ ပါ... ရဟန်းသံဃာတိုင်းကို ကြည်ညိုပါတယ်... အကြောင်းအကျိုး အကောင်းအဆိုး မှန်ကန်စွာ ဆင်ခြင်တတ်နိုင်ကြပါစေ...
  1. Anonymous said... :
    ဟုတ်မဟုတ် ကောင်းမကောင်းကို သင်တန်းသွားတက်ကြည့်ပြီးမှ သိရလောက်အောင် တွေးခေါ်မှုမနိမ့်သင့်ပါဘူး..
    ဒါတွေကြောင့်လဲ..၅၀ ၆၀ အရွယ်ကြီးတွေနဲ့  တွေ့ နေရတာ..
  1. minn ko ko said... :
    စဉ်းစားမှုမပါသော သင်ယူသောပညာသည်
    အချီးနှီးဖြစ်သကဲ့သို့ ပညာမရှိပဲစဉ်းစားခြင်းကား
    အလွန်အန္တရယ်ကြီးပေသည်။
    အကျိုးအကြေင်းအဆိုးအကောင်း ဝေဖန်ပိုင်းခြား
    သိမြင်နိုင်ကြပါစေ။
    နိုင်ငံတစ်နိုင်ငံတွင် ကောင်းတာရှိသလိုမကောင်းတာလဲ
    ရှိပေမည်။ ဘယ်အရာမှ တစ်ခုတည်းဘက်စုံထောင့်စုံ
    မကောင်းနိုင်ပါ။ လူဖြစ်လာလျှင်လူ့ကျင့်ဝဋ် ကိုစောင့်ထိမ်းရပေမည် ရဟန်းဘောင်သို့ဝင်လျှင် ရဟန်း
    ကျင့်ဝဋ် ကိုစောင့်ထိမ်းရပေမည်။ သို့သော် မြတ်မောက် ခောတ်တွင်မှု ထိုကဲ့သို့သော
    ကျင့်ဝဋ် စောင့်ထိမ်းသူများ အင်မတန်ရှားပါးကြကုန်၏
    မည်သို့ပင်ဖြစ်စေကာမှု လူတိုင်း လူတိုင်း ကိုယ် လုပ်တာကို ကိုယ်မှန်သည်ဟု နောင်တတရားမရမခြင်း ယူစကာအတ္တအမှောင်းဖုန်းလွန်းပြီးရှိကြလေကုန်သည်။
  1. minn ko ko said... :
    စဉ်းစားမှုမပါပဲ သင်ယူသောပညာသည်
    အချီးနှီးဖြစ်သကဲ့သို့ ပညာမရှိပဲစဉ်းစားခြင်းကား
    အလွန်အန္တရယ်ကြီးပေသည်။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved