ပန်ဝါ နယ်စပ် ကုန်သွယ်ရေး စခန်းနှင်းကျ၍ ပျက်စီးသွားပုံ

Tuesday, January 18, 2011




























































































































ကချင်ပြည်နယ် ပန်ဝါ မှာ ဇန်န၀ါရီလ ၁၆ ရက်နေ့က ရာသီဥတု ဖောက်ပြန်ပြီး နှင်းမုန်တိုင်း ကျသွား တယ်လို့ သိရပါတယ်။

ဒီလို ဖြစ်ရပ်မျိုး တခါမှ မကြုံဖူးတဲ့အပြင် နှင်း ကျတဲ့ အရှိန် ကြောင့် ပန်ဝါမှာရှိတဲ့ နယ်စပ် ကုန်သွယ်ရေးစ ခန်း ကြီး အခု လို ပျက်ဆီး သွားတာကို တွေ့ရမှာပါ။

နှင်းမုန်တိုင်း တိုက်ခိုက်သွားတာကြောင့် အဆောက်အအုံ တချို့ ပျက်ဆီးခဲ့ပေမယ့် လူ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံကို အအေးလှိုင်းဖြတ်မယ်လို့ သတိပေးကြေညာထားပေမယ့် တခြားဒေသတွေမှာ ထူးထူးခြားခြား မရှိခဲ့ပါဘူး။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved