၂၀၀၉ ခုနှစ် မတ်လထဲမှာ စဖွင့်ခဲ့တဲ့ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးဟာ ၁ နှစ်ကျော်ကာအတွင်း ယာဉ်မတော်တဆဖြစ်မှုပေါင်း ၁၃၀ ကျော်ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ စာရင်းကို ကိုးကားပြီး Eleven Media က ဖော်ပြထားပါတယ်။
မတော်တဆဖြစ်မှုကြောင့် သေဆုံးသူ ၅၇ ဦး၊ ဒဏ်ရာရသူ ၂၀၄ ဦး ရှိပါတယ်တဲ့။
အာဏာပိုင်များရဲ့ ထုတ်ပြန်ချက်ကတော့ ယာဉ်မောင်းသူများနဲ့ ယာဉ်ကြံ့ခိုင်ရေးကို အပြစ်ဖို့ထားပါတယ်။
ဒါပေမယ့် လမ်းတည်ဆောက်မှု ချွတ်ယွင်းချက် စတာတွေကိုတော့ ထည့်ပြောပုံမရပါဘူး။ အဝေးပြေးကားလမ်းမကြီးကို ကွန်ကရစ်နဲ့ ခင်းထားတာ၊ ကွန်ကရစ်ကြောင့် အဝေးပြေးလမ်းပေါ်မှာ ကားဘီးအပူချိန်တက်တာ၊ ဘီးအစားမြန်တာ၊ ဘရိတ်အုပ်ဖို့ ခက်တာ စတာတွေလည်း ပါတယ်လို့ အင်ဂျင်နီယာများက သုံးသပ်ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးက ကတ္တရာစေးကို နိုင်ငံခြားက ဝယ်ရတာ ဈေးကြီးလို့ ပေါပေါရတဲ့ ကွန်ကရစ်လမ်းခင်းကြဖို့ ပြောထားတယ်လို့ ဖတ်ရဖူးပါတယ်။
ဒီလမ်းပေါ်မှာ ဒီလို မတော်တဆမှုတွေ ခဏခဏဖြစ်တယ် ကြားနေရတာတော့ တခုခုမှားနေပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ ကားတွေလား လမ်းလား?
ညီလင်းဆက် ရဲ့ Scenario 19 ကို တဆက်တည်းဖတ်ကြည့်ကြပါခင်ဗျား...။http://blog.nyilynnseck.com/