ရန်ကုန်-နေပြည်တော်လမ်း ယာဉ်မတော်တဆမှု ၁၃၀ ကျော်ရှိ

Friday, January 21, 2011

ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမ တနေရာ။ (ဓာတ်ပုံ - Popular News)

၂၀၀၉ ခုနှစ် မတ်လထဲမှာ စဖွင့်ခဲ့တဲ့ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးဟာ ၁ နှစ်ကျော်ကာအတွင်း ယာဉ်မတော်တဆဖြစ်မှုပေါင်း ၁၃၀ ကျော်ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ စာရင်းကို ကိုးကားပြီး Eleven Media က ဖော်ပြထားပါတယ်။

မတော်တဆဖြစ်မှုကြောင့် သေဆုံးသူ ၅၇ ဦး၊ ဒဏ်ရာရသူ ၂၀၄ ဦး ရှိပါတယ်တဲ့။

အာဏာပိုင်များရဲ့ ထုတ်ပြန်ချက်ကတော့ ယာဉ်မောင်းသူများနဲ့ ယာဉ်ကြံ့ခိုင်ရေးကို အပြစ်ဖို့ထားပါတယ်။

ဒါပေမယ့် လမ်းတည်ဆောက်မှု ချွတ်ယွင်းချက် စတာတွေကိုတော့ ထည့်ပြောပုံမရပါဘူး။ အဝေးပြေးကားလမ်းမကြီးကို ကွန်ကရစ်နဲ့ ခင်းထားတာ၊ ကွန်ကရစ်ကြောင့် အဝေးပြေးလမ်းပေါ်မှာ ကားဘီးအပူချိန်တက်တာ၊ ဘီးအစားမြန်တာ၊ ဘရိတ်အုပ်ဖို့ ခက်တာ စတာတွေလည်း ပါတယ်လို့ အင်ဂျင်နီယာများက သုံးသပ်ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးက ကတ္တရာစေးကို နိုင်ငံခြားက ဝယ်ရတာ ဈေးကြီးလို့ ပေါပေါရတဲ့ ကွန်ကရစ်လမ်းခင်းကြဖို့ ပြောထားတယ်လို့ ဖတ်ရဖူးပါတယ်။

ဒီလမ်းပေါ်မှာ ဒီလို မတော်တဆမှုတွေ ခဏခဏဖြစ်တယ် ကြားနေရတာတော့ တခုခုမှားနေပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ ကားတွေလား လမ်းလား?

14 comments :

  1. Anonymous said... :

    ညီလင်းဆက် ရဲ့ Scenario 19 ကို တဆက်တည်းဖတ်ကြည့်ကြပါခင်ဗျား...။http://blog.nyilynnseck.com/

  1. Anonymous said... :

    ကားလည်းမဟုတ်ဘူး လမ်းလည်းမဟုတ်ဘူး...လူမှားနေတာလေ ရှင်းနေတာကို မေးခွန်းတောင်ထုတ်နေတယ်...

  1. Anonymous said... :

    အဆိုးထဲက အကောင်းတစ်ခုဆိုပေမယ့် အမြန်လမ်းတစ်ခုရဲ့ အခြေခံစံချိန်စံညွန်းတွေ မရှိပါဘူး
    ၁။ လမ်းမီးတွေက Toll Gate တွေနားမှာပဲရှိတယ်။ လမ်းမီးမရှိလို့ ရောင်ပြန်တွေ ရှိလားဆိုတော့လည်း အလုံအလောက်မရှိပါဘူး။ တစ်ချို့ အကွေ့နေရာတွေမှာ ဘာမှမမြင်ရလို့ ကားမီးကိုပဲအားကိုးရပါတယ်။ အမြန်မောင်းတာဖြစ်တဲ့အတွက် တော်၂ အနရာယ်များပါတယ်
    ၂။လမ်းပခုံးသား အရမ်းကျည်းလို့ လမ်းမှာ အကြောင်းတစ်ခုခုကြောင့် စက်ချို့ယွင်းလို့ဖြစ်ဖြစ် ယာယီရပ်ဖို့ အဆင်မပြေပါဘူး
    ၃။လမ်းကို အကာအရံမရှိပါဘူး၊ ပုံမှာ မြင်ရတဲ့အတိုင်း လူတွေ၊ကျွဲ၊နွား တိရိစာန်တွေ မထင်မှတ်ပဲ တက်လာလို့ ဖြစ်ရတဲ့ ယာဉ်တိုက်မှူတွေ တော်တော်များပါတယ်
    ၄။လမ်းလယ်ကျွန်းနဲ့ ကပ်ရပ် Lane ကြားမှာ အမှတ်အသား(ဥပမာ။ ရောင်ပြန်ပြားများတပ်ဆင်ခြင်း၊ နေရာပိုချန်ပြီး lane ဆွဲထားခြင်း)များ မရှိတဲ့အတွက် ညအချိန် အိပ်ငိုက်လျှင်ဖြစ်စေ၊ အရှိန်လွန်ရင်ဖြစ်စေ လမ်းလယ်ကျွန်းပေါင်္တက်သွားနိုင်ပါတယ်။
    ၅။နောက်ဆုံးကတော့ ဘယ်မှာမှမမြင်ဘူးတဲ့ အမြန်လမ်း ကွန်ကရစ်လမ်းကြီးပါ။ နောက်ထပ် လဲအများကြီးရှိနိုင်ပါသေးတယ်။

  1. တရားခံကတော့ ကားတွေ၊ လမ်းတွေထက် ဈေးပေါပေါနဲ့ လမ်းခင်းဖို့ ညွှန်ကြားခဲ့တဲ့သူ!!!!

  1. Anonymous said... :

    Nope , there are concrete pavement road around the world. its wasn't true concrete pavement made the car tire over heat,not correct.

    It was road design fault,road shoulder at the road bend should be built higher for the vehicle to negotiate the turn.

    And the highway was't built up to least Asean standard. No proper traffice sign, street light and support for user.

  1. Anonymous said... :

    ဒီလမ်းကို အဝေးပြေးလမ်း လို့ ခေါ်ကတည်းက မှားနေတယ်လို့ ထင်မြင်မိပါတယ်။ ဒါဟာ ပုံမှန်လမ်းအကျယ် မြို့ တွင်းတွေမှာ ခင်းတဲ့လမ်းမျိုးဖြစ်နေတာမို့  ကားကို အရမ်းမောင်းဖို့ ကို မကောင်းတဲ့ နေရာပါပဲ။ လူတွေလည်း ရှိနေတာမို့ ပုံမှန်သင့်တင့်တဲ့ အနေအထားနဲ့ ပဲ မောင်းသင့်ပါတယ်။ မြို့ ပတ်လမ်းလို့ သတ်မှတ်တာက ပိုများမှန်မလားပဲ။

  1. Anonymous said... :

    စစ်တပ်ကွ စစ်တပ်
    ဗမာပြည် မှာ နိုင်ငံတကာ စံတွေနဲ့ လာမပြောနဲ့လေ...
    ဗမာ့နီး ဗမာဟန်ဘဲဟေ့။
    ပညာရှင် မလိုဘူး .. ပညာတတ်တွေဟာတွေဝေသကွ ..
    စစ်ဘို သေနတ်ထမ်း ဒါးမိုးပြီး အုပ်ချုပ်နေတာ ..စာတိုက်စာရေး ကတက်လာတဲ့ ဒို့  ဗိုချုပ်မှုးကြီးတောင် ၄တန်း လောက်နဲ့ မင်းတို့တပြည်လုံး အီးမပေါက် နိုင်အောင် လုပ်ထားတာ ကြည့် ..

  1. Anonymous said... :

    အမေရိကန်က free way လမ်းမတွေကို ကွန်ကရစ်ပဲ ခင်းပါတယ်။. အခြားရှိသင့်တာတွေတော့ ရှိပါတယ်။

  1. စစ်ဗိုလ်တွေ တိုင်းပြည်ဘဏ္ဍာကို ခိုးချင်သလို ခိုးဖို့နဲ့ ဗိုလ်ကျ၊အုပ်ချုပ် ချင်တာပဲ့သိတယ်။ တိုင်းပြည် တည်ဆောက်၊ဖွံ့ဖြိုးမယ့် ကဏ္ဍတွေ ဘာမှနားမလည်ဘူးဆိုတာ လမ်းကို ကြည့်တာနဲ့တင် အဖြေပေါ်နေတယ်။အဝေးပြေလမ်းကို ဘယ်လို စံနစ်တကျ ခင်းရမယ်ဆိုတာ သူများတိုင်းပြည်တွေမှာ နည်းနည်းလေ့လာလိုက်အုံး...ကတ္တရာကို နိုင်ငံခြားက ဈေးကြီးပေး မဝယ်ချင်ရင် ကတ္တရာဆီ ထုတ်တဲ့ စက်ရုံ အမြန်တည်ဆောက်ပါလား တနိုင်ငံလုံးမှာ လမ်းတွေကောင်းဖို့ အရေးတကြီး လိုအပ်နေတာ...။

  1. Anonymous said... :

    super-elevation မမှန်ဘူးလို့ design အရ ပြောရင်လဲ ရပါတယ်။
    မှန်ဦးတော့ အချိုးအကွေ့ တိုင်းမှာ speed limit သတ်မှတ်ပေးရပါတယ်။ ဒါ ကိုလဲ လမ်းအသုံးပြုသူတိုင်း သိအောင် ဆိုင်းဘုတ် စသည် နဲ့ သတိပေးရပါမယ်။ ရှေး PWD လုပ်ထုံးအရဆို အကွေ့ မတိုင်မီ ပေ၃၀၀၊ ကွေ့ နား ပေ၁၀၀ သတိပေးဆိုင်းဘုတ် ရှိရပါမယ်။ အဲဒီ ခေတ် က ကားတွေ က တနာရီ ၄၅ မိုင် အသားကုန်ဘဲ။စဉ်းစားသာကြည့်ကြပေတော့။
    မေမြို့  လမ်းသစ် ကို (အင်ဂျင်နီယာမှူးကြီး) ဒုဗခက ရဲမြင့်(ရဲကြီး) ဆောက်လိုက်တာ မှောက်မဆုံး၊သေမဆုံး ဘဲ။

  1. Anonymous said... :

    ကျွန်တော်ဟာ မြန်မာအင်ဂျင်နီယာကို အထင်မကြီးဘူး နိုင်ငံတကာအတွေအကြုံ မရှိတာ ကိုယ်ပညာကိုယ်မယုံတာ ပညာမတတ်တဲ့ကောင်ခိုင်တာလုပ်ရတဲ့အတွက် ကြောင့်ဝေေ၀မကြည်ပါနဲ့ ထိုင်နိုင်ငံ ကိုဘဲလာကြည်ပါ။ ဟိုက်ဝေလမ်မကိုဘာခင်ထာတဲ့ဆို တာကိုမြန်အင်ဂျင်နီယာ ခူပ်ကိုပြောချင်တာက ကိုကိုယ်အထင်မကြီးပါနဲ့။

  1. Anonymous said... :

    ပီနန် နှင့် ကွာလာလမ်ပူကိုခဏခဏကားနဲ့သွားဖြစ်တယ်။ သွားတဲ့အခေါက်တိုင်းလိုလို ကားတစ်စီးစီးတော့ accident ဖြစ်တာတွေရတယ်။ မိုးနည်းနည်းကျတဲ့နေ့တွေဆို 10 စီး 15 စီး ထိတွေ့ရတယ်။ လမ်းတွေကလည်းကောင်းမှကောင်း ကတ်တရာလမ်း စစ်စစ်ပါ။ လမ်းဘေးမှာ မီးခြောက်တွေဆိုတာလည်းပြည့်လို့ အင်ဂျင်နီယာတွေကလည်း တော်တော်မှတော်ကြပါတယ်။ ကိုယ်ကိုတိုင်တော့ အဲဒီလမ်းမကြီးတွက် ကျောက်ခဲတစ်လုံးတောင် မကူညီနိုင်ဘဲ သူများ သူများ ဆိုရင်တော့ ငါလုပ်တာလည်း ဘာမှမရှိသေးဘူးဆိုတာမမေ့နဲ့

  1. Anonymous said... :

    ဒို့ဗမာတွေ သူများကိုအပစ်ဖို့ပိုဆိုရင် ထိပ်ဆုံးကပဲနော် ကိုယ်တိုင်ကျ တယောက်မှ ကူမလုပ်ချင်ကျပဲနဲ့ (ပညာတက် ဆိုတာ ဘွဲ့တွေပလူပျံအောင်ရမှ ပညာတက်လို့ခေါ်တာလား အဲဒါဆိုရင်တော့ ခင်ဗျားတို့အတွေးခေါ်တွေများသွားပီ )

  1. Anonymous said... :

    To anonymous posted on 25.2011 11:51 am

    yes , absolutely, educated means graduated .

    In Singapore no matter how you know engineering by self study or experience you have to do as just graduated engineer asked u to do. Because they recognize only the paper and they are right.

    It is necessary that you need to learn properly theoretically and practically in university and gone through writing and verbal exam TO BE EDUCATED.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved