ပျံသန်းသွား

Wednesday, January 19, 2011


မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) အဆောက်အဦး အသစ်ပေါ်မှာ တေးရေး/ဆို ဆောင်းဦးလှိုင် သီဆိုတီးခတ်ထားတဲ့ “ပျံသန်းသွား” အမည်ရှိ တေးသီချင်းကို ရိုက်ကူးတယ်လို့ သိရပါတယ်။

“မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါးကိုလက်ကိုင်ပြု၍ အမှန်တရားနှင့် ငြိမ်းချမ်းရေး လမ်းကြောင်းကို ဦးတည်လျှောက်လှမ်းနေကြသော ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် လူမှုရေးသမား စစ်စစ်များအတွက် ဤ “ပျံသန်းသွား” တေးသီချင်းသည် မဟာ အားဆေးတခွက်ပင် ဖြစ်တော့သည်” လို့ ဦးကျော်သူက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးထားပါတယ်။

နားဆင်နိုင်မယ့် အသံဖိုင်နဲ့ စာသားကို ကူးယူဖော်ပြပေးလိုက်ပါတယ်။

သီချင်းနားဆင်ရန် Click Here

စာသား

“ပျံသန်းသွား”
ရေး/ဆို/တီး - ဆောင်းဦးလှိုင်

ပျံသန်းသွား/ကြမယ် မမောနိုင်ဘူး xxx ဘယ်လိုခက်ခဲလူသားတို့အတွက် xxx သယ်ဆောင်လာခဲ့ မြင့်မြတ်တဲ့နှလုံးသားတွေနဲ့ xxx ယုံကြည်ချက်အတိုင်းxxx ခရီးဆက်လာ/နေမယ်

အမှန်တရားဘက်ကရပ်တည်နေမယ် xxx မလွယ်ကူနိုင်လည်း ဖြတ်သန်းရဲတယ် xxx ရှင်သန်ချိန်ခဏ လူ့ဘ၀ရဲ့နေ့ရက်များ xxx စာနာစိတ်ထား အများအတွက်ကူမယ်


(ငါ့လက်ကိုတွဲခွန်အားပေးမယ့် xxx လိုနေတာဂရုဏာများနဲ့ မေတ္တာတရားပဲ xxx လောကရဲ့အကျိုးတစ်ထောင့်တစ်နေရာကနေ xxx သယ်ဆောင်ကာ ပျံသန်းသွားစို့ လက်တွေတွဲလို့)

1 comments :

  1. Anonymous said... :

    ပြောင်ကြီးလည်း ဟိုလိုလို ဒီလိုလို။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved