ဖွံ့ဖြိုးရေး မိတ်ဆက်

Wednesday, January 19, 2011



ရွက်မွန် ဘလော့ဂ်မှာ ဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်းပါးများကို တစိုက်မတ်မတ်ရေးနေတဲ့ ကိုဇော်မင်းရဲ့ စာအုပ်အသစ်ပါ။ ၂၀၀၈ ခုနှစ်တုန်းကတော့ ကိုအောင်သူငြိမ်းနဲ့ တွဲဖက်ပြီး “လူသားဆန်မှုနှင့် လွတ်လပ်ခြင်း နိဒါန်း” ဆိုပြီး စာအုပ်တအုပ် ထွက်ခဲ့ပါသေးတယ်။

ဖွံ့ဖြိုးရေးဆိုင်ရာနဲ့ ပတ်သက်လို့ ကျကျနနမိတ်ဆက်ထားတဲ့ စာအုပ်ဖြစ်ပေမယ့် သွက်လက်တဲ့ရေးဟန်အပြင် ကာတွန်း ဟန်လေး၊ ပန်းချီ မင်းကျော်ခိုင်၊ ပန်းချီထိန်လင်းနဲ့ ဘိုထိုက်တို့ရဲ့ လက်ရာတွေနဲ့ အားဖြည့်ထားတဲ့အတွက် ငြီးငွေ့စရာ မရှိပါဘူး။

Development ကို ဖွံ့ဖြိုးတိုးတက်ရေးဆိုပြီး မြန်မာလို့ ပြန်ဆိုပေမယ့် အကောင်းတဖက်ထဲကို ရှေးရှုတာမျိုး မဟုတ်တဲ့အကြောင်း စပျိုးထားပြီး အသေးစိတ်ရှင်းလင်း သွားတာကို တွေ့ရပါတယ်။

ရွက်မွန်ဘလော့ဂ်မှာလည်း ဘယ်လို ဝယ်ယူရမယ်ဆိုတာ မေးမြန်းစုံစမ်းနေတာ တွေ့ရပါတယ်။

စာအုပ်မှာယူလိုသူများ deze@loxinfo.co.th ကို ဆက်သွယ်နိုင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved