မောင်သစ် သရော်စာ

Thursday, January 13, 2011

ဒီနေ့ရက်စွဲနဲ့ထုတ်တဲ့ 7DAY NEWS ဂျာနယ်က စာအုပ် မိတ်ဆက်

သရော်စာ စုစည်းချက် စာအုပ် တဲ့။ သရော်စာ စားသုံးချင်သူတွေ ဖတ်ချင်စရာ။

ငွေကြည် ပြောတဲ့ မောင်သစ်
http://snapshot-news.com
(လျှပ်တစ်ပြက် ဂျာနယ်မှာ ကာတွန်းဆရာ ငွေကြည်က အခုလို ရေးထားတယ်။)

ဆရာမောင်ကိုယုသည် ရှေ့နေကြီး ဦးကိုယု၊ စာရေးဆရာမောင်ကိုယု၊ သရော်စာဆရာ မောင်သစ်အမည်များဖြင့် ထင်ရှားကျော် ကြားသည်။ ဆရာမောင်ကိုယု၏စာများကို ဖတ်ရသည်မှာ ကျစ်ကျစ်လျစ်လျစ်လှလှ ပပနှင့်ရသပါသည်။ ဝတ္ထုတိုရေးသားရာတွင် ပြောင်မြောက်သည်။ ဆရာ၏ (မောင်မှား ပြီခင်ရဲ့) ဝတ္ထုကို မြန်မာ့အသံ(ဇာတ်လမ်း ပမာကဏ္ဍ)မှ မကြာမကြာထုတ်လွှင့်ခဲ့သည်။ (ခိုင်းတော့သက်ဝေ)ဝတ္ထုမှာ ကျွန်တော် အကြိုက်ဆုံး ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ သတင်းဂျာနယ်မှ မောင်သစ်၏(သတင်းနှင့် စိတ်ကူးထွေလာ)သရော်စာများကို ပရိသတ် အထူး ကြိုက်နှစ်သက်ကြသည်။

သတင်းဂျာနယ်တိုက် ရောက်လာလျှင် သတင်းစာကောက်ကိုင်ကာ ဖတ်သည်။ ခဏကြာလျှင် အယ်ဒီတာအဖွဲ့ စားပွဲရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ပါးစပ်မှ စကားများ တတွတ်တွတ် ပြောချတော့သည်။ သူပြောသမျှ (ကိုအေးသော်)က လက်နှိပ်စက်ဖြင့် လိုက်ရိုက်ရသည်။ ဤသို့ဖြင့် မောင်သစ်၏သရော်စာများ တစ်ပုဒ်ပြီးတစ်ပုဒ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ စာရေးကောင်းသလို အဟောအပြောလည်း အလွန်ကောင်းသည်။ ဦးကိုယု၏ (သခင်စိုးအမှုလျှောက်ခဲ့ချက်မှာ) ကျော်ကြားသည်။ (၁၉၈၄)ခုနှစ်၊ ချယ်ရီမဂ္ဂဇင်း ထွက်သောအခါ (ကျွန်တော်တွေးမိသလို ပြောဆိုပါမည်) ပင်တိုင် ခေါင်းစီး အတွက် မောင်သစ်ပုံ ကယ်ရီကေးချား ကျွန်တော်ရေးဆွဲခဲ့သည်။
ငွေကြည်

မောင်သစ်ရဲ့ ပုံမနှိပ်ရသေးတဲ့ သရော်စာ
www.kaungkin.com
ကောင်းကင်မှာ ရှိပါတယ်။
Prev - Next ဆိုတာတွေကို နှိပ်ဖို့ လိုမယ်။

မောင်လွမ်းဏီ ဆောင်းပါးထဲက မောင်သစ်
http://drlunswe.blogspot.com

ဒီဆောင်းပါးထဲမှာလည်း မောင်သစ် အကြောင်း တို့ထိထားပါတယ်။

1 comments :

  1. Anonymous said... :

    thanks for sharing.
    good luck!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved