အင်းလေးပုံပြင် ပန်းချီပြပွဲ

Saturday, January 8, 2011

အင်းလေးပုံပြင်ဆိုတဲ့ ပန်းချီပြပွဲတခုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ စံကျောင်းရိပ်သာမှာ ပထမဆုံးအကြိမ်အဖြစ် ဇန်န၀ါရီ ၁၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ သတင်းရရှိပါတယ်။

ရှမ်းပြည်တောင်ပိုင်းက အောင်မြင်ကျော်ကြားနေတဲ့ ပန်းချီဆရာတွေဖြစ်တဲ့ ပန်းချီသန်းဝင်း၊ ပန်းချီမိုးဝင်း၊ ပန်းချီဝင်းထွန်းအောင်၊ ပန်းချီခင်မောင်ဝင်း၊ ပန်းချီ မသင်္ကြန်၊ ပန်းချီ နန်းယိင်းခမ်း စတဲ့ ပန်းချီပညာရှင် ၃၂ ယောက်တို့ရဲ့ ရှမ်းပြည်ဒေသဖွဲ့ ပြကွက် ပန်းချီတွေ၊ ရှမ်းပြည်နယ်တွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသူ တိုင်းရင်းသားတွေရဲ့ ပုံရိပ်တွေ၊ အင်းလေးဒေသရှုခင်း စတဲ့ လက်ရာတွေကို ပြသသွားမှာဖြစ်ပါတယ်။




 အဲ့ဒီ ပြပွဲမှာ ပန်းချီဆရာတွေက ၁၀ မိနစ်အတွင်း ပုံတူ ရေးဆွဲပေးတာတွေ၊ ရုပ်ပြောင်ကာတွန်း ရေးဆွဲပေးတာတွေလည်း ရှိမယ်လို့ သိရပါတယ်။


ဒီပန်းချီပြပွဲဟာ ညောင်ရွှေမြို့မှာ ပထမဆုံးလုပ်တဲ့ ပြပွဲတခုဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းက ပန်းချီဆရာတွေရဲ့ တတိယအကြိမ်မြောက် စုစည်းမှုဖြစ်တယ်လို့ သိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved