နိုင်ငံပိုင်ပစ္စည်းများကို အလှူပေးခြင်း

Thursday, January 13, 2011

ဒီနှစ်အတွင်းမှာ နိုင်ငံပိုင် စက်မှုလုပ်ငန်းများရဲ့ ၉၀ ရာခိုင်နှုန်းကို ပုဂ္ဂလိကဆီ လွှဲပြောင်းပေးမှာဖြစ်ပြီး နိုင်ငံပိုင်အဖြစ် ၁၀ ရာခိုင်နှုန်းပဲ ထားမယ်လို့ သိရပါတယ်။ Eleven မီဒီယာမှာ ဖော်ပြထားတဲ့ သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။ Click Here

ပုဂ္ဂလိကပိုင် ဆိုပေမယ့် စစ်ဗိုလ်ချုပ်များရဲ့သားသမီး ဆွေမျိုးများ၊ သူတို့နဲ့ နီးစပ်တဲ့ လက်တဆုပ်စာ စီးပွားရေးသမားတွေကို ဈေးချိုချိုနဲ့ ရောင်းပစ်တာပါပဲ။

သမိုင်းတန်ဖိုးရှိတဲ့ နေရာ အဆောက်အအုံမျိုးတွေအပါအဝင် စက်ရုံ၊ မြေကွက်တွေကို ဝေစားမျှစား ရောင်းဝယ်နေကြပုံက သေခါနီးလူမမာထံကနေ အမွေခွဲယူနေကြသလိုပါပဲ။

၂၀၁၀ အတွင်းမှာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၁၁၀ ခု၊ နိုင်ငံပိုင် အဆောက်အအုံ ၃၂ ခု၊ နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင် ၂၄၆ ဆိုင်နဲ့ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ ဗိုလ်တထောင်ဆိပ်ကမ်း၊ ပန်းဆိုးတန်း-နန်းသီတာ ဆိပ်ကမ်း၊ ကျန်းမာရေး ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ အလုံ ဆိပ်ကမ်းမှ ဗိုလ်တထောင် သံလျက်စွန်းအထိ ဆိပ်ကမ်း မြေနေရာ အများအပြားကို ဈေးပြိုင် အိတ်ပိတ်စနစ်ဖြင့် ရောင်းချခြင်း၊ အဆိုပြုလွာခေါ်ဆို ရောင်းချခြင်းများ ပြုလုပ်ပြီး ဖြစ်တယ်လို့ Eleven မီဒီယာမှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဈေးပြိုင် အိတ်ပိတ် ဆိုပေမယ့် တကယ်က နင်ဒါယူ၊ သူဒါယူဆိုပြီး လက်သင့်ရာ စီးပွားရေးသမားကြီးတွေကို ခွဲပေး၊ စီးပွားရေးသမားကြီးတွေကလည်း ဒါတော့ သူလိုချင်တယ်၊ ဟိုဟာတော့ မလိုချင်ဘူးဆိုပြီး ဗိုလ်ချုပ်တွေ၊ ဝန်ကြီးတွေကို ကပ်ပြီး ချောဆီနဲ့ တောင်းတာပါပဲ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved