ချင်းမိုင် ပန်းပွဲတော်

Monday, February 7, 2011

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ချင်းမိုင်မြို့မှာ ၃၅ ကြိမ်မြောက် ပန်းပြပွဲကို ဖေဖော်ဝါရီလ ၄ ရက်ကနေ ၆ ရက်အထိ ၃ ရက်ကြာ ကျင်းပခဲ့ ပါတယ်။ ပြပွဲကာလအတွင်း လာရောက် ကြည့်ရှုအားပေးသူတွေဟာ ကြက်ပျံမကျပါပဲ။

ဒီပွဲမှာ ရွက်လှ ၊ သစ်ခွ၊ ဘွန်ဆိုင်း အစရှိတဲ့ မြေပေါ်မှာ စိုက်ရတဲ့ ပန်း၊ အိုးနဲ့ စိုက်ရတဲ့ ပန်း၊ သစ်ပင် သစ်မြစ်တွေနဲ့ ပူးတွဲ စိုက်ရတဲ့ ပန်း၊ အဲဒီ ပန်းမျိုးစုံကို ခင်းကျင်းပြသထားတဲ့ ပန်းပြခန်းတွေအပြင် မာဒါဂတ်စတာ ရုပ်ရှင်ထဲက ဇာတ်ကောင် တိရာစ္ဆာန် အရုပ်ကလေးတွေ၊ ရာမလက္ခဏာ ဇာတ်၊ ဗုဒ္ဓရုပ် ပွားတော်ပုံ၊ လက်ရှိ ထိုင်း ဘုရင်ကြီး ရုပ်ပုံ၊ ထိုင်း နိုင်ငံမြေပုံ၊ ဆင်ရုပ်၊ ယုံရုပ် အစရှိတဲ့ ရုပ်ပုံတွေကို ပန်းတွေနဲ့ ခြယ်သ ဖော်ကျူး ထား တဲ့ အနုပညာ လက်ရာမြောက် ပန်းအလှပြကားတွေ နဲ့ လှည့်လည် ပြသတာ ပါဝင်ပါတယ်။ နှစ်သက်ရာ ပန်းပင်၊ ပန်းအိုး ၊ ပန်း မျိုးစေ့တွေလည်း ၀ယ်လို့ ရပါတယ်။

အဲဒီ အပြင် ပြပွဲလာ ပရိသတ်တွေထဲက ဓာတ်ပုံရိုက်လိုသူတွေ ရိုက်လို့ ရအောင်လည်း ပန်းဥယျာဉ် ပန်းပြခန်းလေးတွေလည်း လုပ်ပေးထား ပါသေးတယ်။ ဓာတ်ပုံ အရိုက်ခံသူ အများစုကတော့ အမျိုးသမီးတွေပဲပေါ့။

ဗိုက်ဆာရင်လည်း စားချင်စဖွယ် စာသောက်ဆိုင် မျိုးစုံလည်း ရှိပါတယ်။ ရေဆာရင်လည်း သောက်စရာ အချိုရည်မျိုးစုံ၊ ကြိုက် တတ်သူ တွေအတွက် ၀ိုင် ရောင်းတဲ့ ဆိုင် ၂ ဆိုင် ၃ ဆိုင်လည်း ရှိရဲ့။

အထူးသဖြင့် အမျိုးသမီး ပရိသတ်ကတော့ သဘောကျမယ့် ပြပွဲပါပဲ။ သူတို့အတွက် ပန်းမျိုးစုံ ကြည့်ရှု ခံစားလို့ ရတဲ့ အပြင် အမျိုးသမီး အသုံး အဆောင် ခါးပတ်က စပြီး အိပ်ယာ ခင်းအထိလည်း ရောင်းချပြသတဲ့ ဆိုင်တွေလည်း ရှိတယ်။ ဒီပြပွဲက အမှတ်တရ မှတ်တမ်း ဓာတ်ပုံတွေကို ဧရာဝတီ ပရိသတ်အတွက် ဖော်ပြလိုက်ပါ။


ကျွဲကူးရေပါဆိုသလို ထိုင်းကမ္ဘာလှည့် ခရီးသွားတွေကိုလည်း ဆွဲဆောင်ပြီးသား ဖြစ်နေတာ တွေ့ရပါတယ်။ ပန်းပွဲတော် နေ့ခင်း လှည့်လည်ပွဲမှာဆိုရင် ဖြူ၊ ညို၊ မဲ၊ ဝါ လူမျိုးစုံကို ကင်မရာတွေ၊ ဗီဒီယိုကင်မရာတွေ တကားကားနဲ့ အပြည့်တွေ့နေရလို့ပါပဲ။
(ဓာတ်ပုံ - ကိုစိုး)
ပန်းတွေနဲ့ ဖန်တီးထားတဲ့ အနုစိတ်လက်ရာ
ချင်းမိုင်မှာရှိတဲ့ မင်းသုံးပါး ကြေးရုပ်ထုကို ပန်းနဲ့ ပြုလုပ်ထားတာပါ။ မှုန်မှုန်မွှားမွှား ပန်းကလေးတွေနဲ့ သေသေချာချာ လုပ်ထားတာကို အနီးကပ်ကြည့်ရင် မြင်ရမှာပါ။

တိုက်ရိုက် သတင်းထုတ်လွှင့်နေတာ



ကန္တာရဆူးပင်များပြခန်း
ဘွန်ဇိုင်းပင်ပုတွေ
ချင်းမိုင် ဘွန်ဇိုင်းကလပ်က ပြသထားတဲ့ ဘွန်ဇိုင်းပင်အမျိုးမျိုးထဲက တချို့
ဝိုင်ပုလင်းကြီး ပုလင်းငယ်။ စိတ်ပါရင် ဝင်သောက်နိုင်ပါတယ်။ ပိုက်ဆံတော့ ပေးရပါမယ်။
မိန်းကလေးတွေအတွက် ခါးပတ်အရောင်းဆိုင်မှာတော့ တိုးမပေါက်တာမို့ ဓာတ်ပုံဆရာက အနောက်ကနေပဲ ရိုက်ခဲ့ပါသတဲ့
အမှန်အကန် တီးနေတဲ့ Country ဝိုင်း


တွေ့ရပြန်ပြီ ပုသိမ်ထီးတွေ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved