ယဉ်ကျေးမှုစုံဝါဒကို အကြမ်းဖက်သမား အားပေးအဖြစ် ဗြိတိန်ဝန်ကြီးချုပ် ဝေဖန်

Sunday, February 6, 2011


ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းနဲ့ ဂျာမန်အဓိပတိ အင်ဂလာမာကယ် (ဓာတ်ပုံ - Getty Images)

ဗြိတိန်မြေပေါ်မှာ အစ္စလာမ် စစ်သွေးကြွတွေ ခြေရှုပ်လာတာနဲ့ ပတ်သက်လို့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက သူတို့နိုင်ငံရဲ့ ကာလသမနိရှည်ပြီဖြစ်တဲ့ “ယဉ်ကျေးမှုစုံဝါဒ (Multiculturalism)” ကို ဝေဖန်ထိုးနှက်လိုက်တာ တွေ့ရပါတယ်။ မစ္စတာ ကင်မရွန်းက ဒီယဉ်ကျေးမှုစုံဝါဒဟာ အစ္စလာမ္မစ် အစွန်းရောက်သမားတွေ ခိုအောင်းကြီးထွားနိုင်တဲ့ သီးခြားအသိုက်အမြုံတွေ ဖြစ်လာအောင် အားပေးအားမြှောက်ပြုနေတယ်လို့ ပြောပါတယ်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ပြုလုပ်တဲ့ လုံခြုံရေးဆိုင်ရာ ညီလာခံတခုမှာ စက်တင်ဘာလ ၅ ရက်နေ့က အဲလို ပြောခဲ့တာပါ။ မွတ်စလင်တွေ၊ သီးခြားလို အုပ်စုဖွဲ့နေတတ်တဲ့ တခြား ရွှေ့ပြောင်းဝင်ရောက် အခြေချသူတွေနဲ့ ပတ်သက်လို့ ဗြိတိန်နဲ့ တခြား ဥရောပနိုင်ငံတွေက ခပ်မဆိပ် လျစ်လျူရှုမနေကြဖို့ တိုက် မစ္စတာ ကင်မရွန်းက တိုက်တွန်းလိုက်ပါတယ်။

ဒီလို သီးခြား သူ့အစုနဲ့သူ စုဖွဲ့နေတာဟာ မွတ်စလင်လူငယ်တွေကို အကြမ်းဖက်သမားဖြစ်အောင် တွန်းပို့သလိုဖြစ်ပြီး အကြမ်းဖက်မှုတွေ တကျော့ပြန် လာမယ်လို့ ထောက်ပြသွားပါတယ်။

မွတ်စလင်တွေကတော့ ဒါ ဗြိတိန် ဝန်ကြီးချုပ်အနေနဲ့ အကြောက်လွန်နေတာ၊ ခြောက်ခြားနေတာလို့ ပြန်ပက်လိုက်ပြီး မွတ်စလင်နဲ့ မွတ်စလင် မဟုတ်သူတွေအခြား ခွဲခြားဖို့ ကြိုးစားတာလို့ ပြန်ချေပပါတယ်။

ဗြိတိန်ဟာ အစ္စလာမ် အစွန်းရောက်တွေ အခြေစိုက် လှုပ်ရှားရာနေရာ ဖြစ်လာနေတဲ့အတွက် အမေရိကန်က တိတ်တိတ်ကြိတ်ပြီး ဖိအားပေးလို့ ဗြိတိန်ဝန်ကြီးချုပ်က ထုတ်ဖော် ဝေဖန်တာ ဖြစ်တယ်လို့ မီဒီယာတွေက ရေးပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ အစွန်းရောက် အကြမ်းဖက်သမားများ ဆန့်ကျင် စောင့်ကြည့်ရေး အရာရှိကြီးဖြစ်တဲ့ Loard Alexander Carlile ရဲ့ နောက်ဆုံးအချောသတ် အစီရင်ခံစာမှာ ဗြိတိန်ဟာ အကြမ်းဖက်သမားတွေအတွက် “လုံခြုံတဲ့ ကောင်းကင်ဘုံ” ဖြစ်နေပြီလို့ ထောက်ပြထားပြီး အကာအကွယ်ယူစရာဖြစ်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေစည်းမျဉ်းတွေကိုလည်း ဝေဖန်ထားတယ်လို့ သိရပါတယ်။

Ref: The New York Times

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved