အလောင်းမြှုပ်ပေးသူ စေတနာ့ဝန်ထမ်း ဂျာနယ်လစ် ထောင်မှ ပြန်လွတ်

Wednesday, February 9, 2011


Myanmar Tribune ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်ကျော်ဆန်း တောင်ကြီးထောင်ကနေ ပြန်လွတ်လာပြီလို့ သိရပါတယ်။ ထောင်ဒဏ် ၈ နှစ်ကနေ ၂ နှစ်အထိလျှော့ချခံရပြီးနောက် ပြန်လွတ်လာတာပါ။

ဧရာဝတီတိုင်းအတွင်း ပြန့်ကျဲနေတဲ့ လူသေအလောင်းတွေကို အစိုးရနဲ့ အန်ဂျီအို အဖွဲ့များတွေက ရှင်းလင်း မြှုပ်နှံခြင်းများ မပြုနိုင်ချိန်မှာ Myanmar Tribune ဂျာနယ် အယ်ဒီတာချုပ် ကိုအောင်ကျော်ဆန်းနဲ့အဖွဲ့က လူသေအလောင်းများကို ရှင်းလင်းမြှုပ်နှံခြင်း လုပ်ငန်းများ ကိုယ်ထူ ကိုယ်ထ လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီလို လုပ်ဆောင်ခြင်းကြာင့် ကိုအောင်ကျော်ဆန်း အပါအဝင် အလောင်းမြှုပ်သူ ၇ ဦးကို ဇွန်လ ၁၄ ရက်နေ့မှာ ဖမ်းဆီးလိုက်တာပါ။

3 comments :

  1. Anonymous said... :

    လေးစားပါတယ် ကိုအောင်ကျော်ဆန်းနဲ့ အဖွဲ့...။

    ပြည်သူ

  1. Anonymous said... :

    I wonder under which law/act they were sentenced to 8 years prison? Unlawful association act? Quite often, this kind of law info is missing in political prisoner news articles.

  1. Anonymous said... :

    You have earn my respect........ I am very proud of you............

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved