မယ်ဆိုင်မှာ မြန်မာ နှစ်ယောက် အသတ်ခံရ

Friday, February 25, 2011


အသတ်ခံထားရတယ်လို့ ယူဆရတဲ့ မြန်မာ အမျိုးသား ၂ ယောက်ရဲ့ အလောင်းကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ် ထိုင်းရဲတွေက မနေ့က တွေ့တဲ့အကြောင်းကို ထိုင်းသတင်းတပုဒ်မှာ ရေးသားထားပါတယ်။

သေဆုံးတဲ့ သူတွေကတော့ အသက် ၃၀ လောက်ရှိကြပြီး နာမည်တွေက မောင်အောင်သန်းဦးနဲ့ မောင်နိုင် ဖြစ်တယ်၊ အခင်းဖြစ်တဲ့ နေရာမှာ သေနတ်တလက်ပါ တွေ့ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

ထိုင်းသတင်းတွေအရကတော့ သူတို့ ၂ ယောက်ဟာ မြန်မာနိုင်ငံထဲမှာ ဆိုင်ကယ်ခိုးသွင်းတဲ့ ဆိုင်ကယ် ခိုးဂိုဏ်းထဲက ၂ ယောက်ဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ ရေးထားပါတယ်။ ဘယ်သူလက်ချက်ကြောင့် သေတယ်ဆိုတာကိုတော့ ရေးမထားပါဘူး။

ထိုင်းရဲတွေက ဆိုင်ကယ်ခိုးဂိုဏ်းနဲ့ ပတ်သက်လို့ သတင်းရတဲ့အတွက် စုံးစမ်းစစ်ဆေးမှုတွေ၊ ပစ်ခတ်ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ အစောပိုင်း ဖြစ်စဉ်ကို ထိုင်းဘာသာနဲ့ ဒီလိုရေးထားပါတယ်။

မနေ့က မယ်ဆိုင်ရဲတွေက ဆိုင်ကယ် ခိုးဂိုဏ်းတွေ ရှိနေတယ်လို့ သတင်းရတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်၊ ဖြစ်ချင်တော့ နယ်စပ် စစ်ဆေးရေးဂိတ် တနေရာကို အရောက် ဆိုင်ကယ် တယောက်တစီးနဲ့ စီးလာတဲ့ မသင်္ကာစရာ လူ ၂ ယောက်ကို တွေ့တယ်၊ တွေ့တော့ ရဲက ရပ်ဖို့တားဆီးတာကို မရပ်ဘဲနဲ့ ဆိုင်ကယ်ကို လှည့်မောင်းပြီးတော့ ရဲကို သေနတ်နဲ့ ပြန်ပစ်တယ်၊ ရဲတွေကတော့ ၀ပ်ကြတယ်ဆိုပဲ။

ဒီလိုနဲ့ အဲဒီမြို့နယ်မှာရှိတဲ့ ကျေးရွာတရွာကို ထွက်ပြေးသွားတယ်။ ထွက်ပြေးသွားတဲ့ လူတွေနောက်ကို လိုက်တာပေါ့။ လိုက်တော့ အပြန်လှန်ပစ်ခတ်ကြတာပါပဲ။

ထပ်ပြီးတော့ ပြောထားတာက လက်ရှိ ဆိုင်ကယ် ၅ စီး မိထားတယ်၊ ဆိုင်ကယ် ခိုးတဲ့ဂိုဏ်းအဖွဲ့ကိုလည်း ဆက်လက်ပြီးတော့ မိအောင် ဖော်ထုတ်ဖမ်းဆီးသွားမယ် ဆိုတဲ့အကြောင်း။

သန်းထိုက်ဦး
Ref: dailynews.co.th

5 comments :

  1. Anonymous said... :

    It is a wrong story.They are innocent.

  1. Unknown said... :

    မြန်မာအစား ဗမာလို့သုံးနှုန်းပေးပါလို့ တောင်းဆိုချင်တယ် ခင်ဗျာ။
    မြန်မာဆိုတာ နိုင်ငံသားအားလုံးကိုရည်ညွှန်းပြီး ဗမာကတော့ ဗမာလူမျိုးကိုရည်ညွှန်းတာပါ။ အခုခံလိုက်ရတာက ဗမာလိုမျိုးဆိုတာ တစ်ခြားလူတွေရှင်းအောင် ဝေါဟာရဖြစ် ကွဲပြားအောင်းသုံးသင့်သည်ဟုမြင်မိပါတယ်ခင်ဗျား။
    စေတနာဖြင့်


    မင်းတော

  1. Anonymous said... :

    ထိုင်းလူမျိုးပုလိပ်တွေကတော့ မြန်မာဆိုယင် ပြင်းပြင်းထန်ထန်နှိပ်ကွပ်ဖို့ ကြိုးစားတယ်။ ဖူးခက် ဆူနာမီတုန်းကလဲ မိသားစုပြောက် ဒုက္ခရောက်နေတဲ့
    မြန်မာလူငယ်တွေကို ရွှေဆိုင်လိုမျိုးနေရာတွေမှာ ပစ်သတ်လိုက်ကြတယ်။ ပွဲလန့်တုန်း ဖျာခင်းလိုသူများ လို့ နာမည်တတ်လိုက်ကြတယ်လေ။ အကြမ်းဖက်လုယက်မှု တွေလုပ်တဲ့သူတွေတဲ့ဗျာ၊ ရက်စက်လိုက်ကြတယ်။ ထိုင်းလူမျိုးတွေဟာ မြန်မာဆိုယင် သူတို့ကိုယှဉ်နိုင်အောင် ဖိနှိပ်ချင်ကြပါတယ်။
    ဒီလို လံကြုတ်တွေ တီထွင်ထုတ်တဲဇာတ်လမ်းတွေကတော့ ဒုနဲ့ဒေးပါပဲဗျာ။

  1. Anonymous said... :

    Thol ရေ..ခင်ဗျားတို့လိုလူတွေရှိနေသရွေ့..။
    ကျွန်တော်တို့ခင်ဗျားတို့လိုချင်နေတဲ့လွတ်လပ်မျှတစည်းလုံးချစ်ခင်မှုနဲ့သာယာ
    သောတိုင်းပြည်ကြီးကိုဘယ်တော့မှရတော့မှာမဟုတ်ဘူးထင်ပါတယ်..။
    ဒီလောက်အစွဲကြီးတွေနဲ့တော့ဗျာ......ကျွန်တော်လည်းတိုင်းရင်းသားပါ

  1. Anonymous said... :

    မင်းတောသို့ ----- ဒီသတင်းထဲမှာ ဗမာလို့ ပဲသုံးရအောင်၊ ဘယ်သူက တိတိကျကျသိလို့ လဲ။ နာမည်ရှေ့ မှာ မောင် ပါတိုင်း၊ မြန်မာနိုင်ငံသား
    လို့ ပြောလို့ ရပေမယ့် ဗမာပဲလို့  တထစ်ချပြောလို့  မရပါဘူး။ မင်း၊ စော။ ခွန်
    စသဖြင့်ထည့်ရင်တော့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်၊ အဲဒီတိုင်းရင်းသားတွေလို့  တပ်အပ်ပြောလို့ ရပါတယ်မြန်မာနိုင်ငံကလာသူမို့ ၊
    ယေဘူယျအားဖြင့် မြန်မာလို့ သုံးတာ အပြစ်ဆိုစရာမရှိပါဘူး။ မြ၀တီ၊ မဲဆောက်ဘက်ဆိုရင် မွန်၊ ကရင်၊ ဗမာဖြစ်နိုင်ချေများပြီး၊ တာချီလိတ်၊ မယ်ဆိုင်ဆိုတော့ ၀၊ ရှမ်း စသဖြင့်ပေါ့။ တခြားတိုင်းရင်းသားတွေလည်း ဖြစ်နိုင်ပါတယ်။ မင်းတော အနေနဲ့  အမြင်ကျယ်စေချင်ပါတယ်။ ကိုယ်ရေးလိုက်တဲ့စာကြောင့် ကိုယ့်ရဲ့အတွင်းစိတ်သဘောကို၊ ချပြသလိုဖြစ်သွားတာကို မင်းတော သတိပြုစေချင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved