ကျောက်ဖြူတွင် ပစ်ခတ်မှုဖြစ်ပွား

Monday, February 28, 2011

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းမှာ ယမန်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“အုန်းတောရွာမှာ ဖြစ်သွားတာ။ ဘင်္ဂလားဒေ့ရှ်ထောင်က လွတ်လာတဲ့ မြခင် (ခ) ဂေါ်ဇင်က တရွာတည်းသားကို လုပ်သေနတ်နဲ့ ပစ်ပြီး ထွက်ပြေးသွားတယ်။ ပြေးနိုင်အောင် ဆိုင်ကယ်နဲ့ လိုက်ပို့တဲ့ သူ့ညီကို ဖမ်းမိထားတယ် ကြားတယ်။ အပစ်ခံရတဲ့သူကတော့ ကျောက်ဖြူဆေးရုံမှာပါ”လို့ ဒေသခံတဦးက ပြောပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved