၂၀၁၀ ပြည့်နှစ်အတွက် ပေးတဲ့ ၈၃ ကြိမ်မြောက် ဟောလီးဝုဒ် အကယ်ဒမီ

Monday, February 28, 2011


အမျိုးအစား

အမည်

ဇာတ်ကား

Supporting Actress

Melissa Leo

The fighter

Supporting Actor

Christian Bale

The fighter

Best Actress

Natalie Portman

Black Swan

Best Actor

Colin Firth

King’s Speech

Best Director

Tom Hooper

King’s Speech

Best Original Screenplay

David Seidler

King’s Speech

Adapted Screenplay

Arron Sorkin

The social network

Best Foreign Language

Inabetterworld (Demark)


Visual Effect


Inception

Best Animated Feature


Toy Story 3

Best Picture


The King’s Speech

Best original song

We belong Together

Toy story 3

Best of made up

The wolf man


Oscar Academy Awards ဆုများကို အထက်ပါအတိုင်း ကြေညာသွားခဲ့ပါတယ်။ ရုပ်ရှင်ကျွမ်းကျင်သူများ ခန့်မှန်း ထားတဲ့အတိုင်း ဆုအများဆုံးကို သိမ်းပိုက်သွားတဲ့ The King’s Speech ဇာတ်ကားကတော့ ဒုတိယ ကမ္ဘာစစ် မဖြစ်မီ အင်္ဂလန်ဘုရင် ဂျော့ ၆ ရဲ့ ရေဒီယို အသံလှိုင်းကနေ ပြည်သူကို ပထမဆုံး သမိုင်းဝင် မိန့်ခွန်း ပြောခန်းကို ဖော်ကျူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

ဒုတိယ အများဆုံးကတော့The fighter ဖြစ်ပြီး လက်ရှိအမေရိကန်နိုင်ငံရဲ့ မိသားစုတစု အကြောင်းပဲ ဖြစ်ပါတယ်။ သားသမီး များလှတဲ့ မုဆိုးမ မိခင်ဘဝ၊ အစ်ကိုကြီး အဖအရာဆိုသလို ဘားဆိုင်က ကောင်မလေးနဲ့ပဲ အချိန်ကုန်နေတဲ့ ညီဖြစ်သူကို အောင်မြင်စေချင်တဲ့ စိတ်နှင့် လက်ဝှေ့ကစားသမား ဘဝကို တွန်းပို့ ပေးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

အကောင်းဆုံးသီချင်း We belong Together နဲ့ အကောင်းဆုံး Animation ဇာတ်ကားဆုကိုတော့ အများ ခန့်မှန်းထားတဲ့ How to train your dragon ကိုကျော်လွန်ပြီး Toy story 3 က ဆွတ်ခူးသွားခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ စည်းလုံးညီညာမှုကို အဓိက ဖော်ပြချင်တာ ဖြစ်ပါတယ်။

ဒဏ်ရာ ပြဿနာနှင့် စိတ်ဝေဒနာ ရင်ဆိုင်နေရတဲ့ ဘဲလေး အကမယ်အကြောင်း ဇာတ်ကား Black Swan ကတော့ ဆုတဆုနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

ဝင်းလက်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved