ပေးစာ - ဒဂုံတောင် ၁၈ ရပ်ကွက်က ရယက ဥက္ကဋ္ဌ အကြောင်း

Friday, February 25, 2011

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်
၁၈ ရပ်ကွက်

(၁) ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ခယက) ဥက္ကဋ္ဌ၊ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) ဥက္ကဋ္ဌ၊ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) ဥက္ကဋ္ဌ ဦးသန်းစိုးတို့ ပူးပေါင်း၍ နှစ်စဉ် သင်္ကြန်ကာလတွင် အရှေ့ပိုင်းခရိုင်ကိုယ်စားပြု အလှပြယာဉ်ထွက်ရှိရန်အတွက် ကုန်ကျစရိတ် ၃၅ သိန်း ထုတ်ပေးလျှက် ရှိသော်လည်း ရယက ဥက္ကဋ္ဌမှ ရပ်ကွက်အတွင်း လှည့်လည်အလှူငွေ ကောက်ခံ၍ ယာဉ်အားအလှဆင်ခြင်း ပြုလုပ်လျှက်ရှိပြီး သင်္ကြန်ကာလအပြီးတွင် ယာဉ်ပေါ်တွင် ဆင်ထားသော သစ်များဖြင့် ရယက ဥက္ကဋ္ဌ ဦးသန်းစိုး၏နေအိမ်အား နှစ်စဉ်ပြုပြင်လျက်ရှိခြင်း။

(၂) ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၈ ရပ်ကွက်အတွင်း သက်ကြီးဘိုးဘွားများအား လစဉ်ဆေးစစ်ရန် တောင်ပိုင်းမြို့နယ်ဆေးရုံသို့ သွားရောက်ရခြင်းအတွက် World vision မှ လမ်းစရိတ်ငွေ ၁၀၀၀၀ ထုတ်ပေးလျက်ရှိသော်လည်း ဘိုးဘွားများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် သွားရောက်ရခြင်း။

(၃) ၁၈ ရယကရုံးရှိရာ မြေကွက်တွင် ယခုလအတွင်း အိမ်သာနှင့် ရေချိုးခန်း တည်ဆောက်နိုင်ရန်အတွက် World Vision အဖွဲ့မှ အုတ်၊ သဲ၊ ဘိလပ်မြေများ ချပေးလျက်ရှိသော်လည်း ဥက္ကဋ္ဌ ဦးသန်းစိုးအနေဖြင့် ရပ်ကွက်တွင်း အလှူငွေ လှည့်လည် ကောက်ခံလျက်ရှိရာ အိမ်သာနှင့် ရေချိုးခန်းတလုံးဖိုး ထက်များစွာ သော ငွေများကောက်ခံရရှိခြင်း။

(၄) ယခု ကျင်းပလျက်ရှိသော ဈေးပွဲတော်တွင်လည်း ရပ်ကွက် ဥက္ကဋ္ဌမှ ဈေးသည်များထဲမှ ညစဉ်ညတိုင်း ငွေများ ကောက်ခံလျက်ရှိခြင်း။

(၅) ရပ်ကွက်တွင်းတွင် အိမ်ငှားခြင်း၊ အိမ်ရောင်းအဝယ်လုပ်ခြင်း ကိစ္စများတွင် ရပ်ကွက်ဥက္ကဋ္ဌ ကိုယ်တိုင် အိမ်တိုင်ရာရောက် စာချုပ်ချုပ်ဆိုပေးခြင်း၊ ငွေယူခြင်းများ ပြုလုပ်လျက်ရှိပါသည်။
၂၀၀၈ခုနှစ် မှ ၂၀၁၁ အထိ။

1 comments :

  1. Anonymous said... :

    ဒီလိုရှိတယ်..မောင်စောတင်မောင်..ကိုတို့ဆီမှာ.က..မောင်ရင်တင်ပြနေတာတွေက..လုပ်ထုံးလုပ်နည်းတွေလေ...မောင်ရင်ကအခုမှဒီနည်းလမ်းကိုသိယုံဘဲရှိသေးတယ်..ကိုတို့ကတော်တော်ကိုအကြွမ်းတ၀င်ဖြစ်နေပြီကွဲ့..အဲဒီတော့နောင်ပြောင်းသွားရင်တောင်..မနေတတ်မထိုင်တတ်ဖြစ်ပြီး..ဘယ်သွားပေးရမှန်းမသိတဲ့အဖြစ်ကိုတော်တော်စိုးရိမ်နေကြရတယ်...အဲဒီစနစ်လေးမပြောက်ပျက်အောင်တောင်..နောက်လူကြီးတွေကိုတော်တော်ပြောထားမှဖြစ်မယ်..ကိုတိုရွာမှာအဲဒီစနစ်ကတော်တော်အသားကျပြီးနေရာမလပ်ဘဲလေ...မောင်ရင်မနေတတ်ရင်တော့..လူထူးဆန်းတွေနေတဲ့..ဘာမှပေးစရာမလို..မှန်ရာကိုအမှန်အတိုင်းပြောလို့ရတယ်..လွတ်လပ်မူကိုတန်ဘိုးထားတယ်ဆိုတဲ့..ထူးဆန်းတဲ့တိုင်းပြည်မှာသာနေစေချင်ပါတယ်..ခင်မင်လျှက်..ကြုံတိုင်းသား..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved