လေယာဉ် ၂ စင်းဝယ်ပေးပြီး ဗိုလ်ချုပ်မှူးကြီးဆီက လုပ်ကွက်တောင်းတဲ့ ဦးတေဇ

Monday, February 14, 2011


စစ်ဗိုလ်ချုပ်တွေနဲ့ နီးစပ်တယ်ဆိုတဲ့ နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇဟာ သူ ပိုင်ဆိုင်တဲ့ အဲဘတ်စ် လေယာဉ် ၂ စီးကို အရောင်းပြပြီး ဗိုလ်ချုပ်မှူးကြီးဆီမှာ လုပ်ငန်းအသစ်တွေ ချပေးဖို့ လုပ်ကွက်တွေ တောင်းနေတယ်လို့ စီးပွားရေး အသိုင်းအ၀န်းက စုံစမ်းသိရှိရပါတယ်။

အမေရိကန်၊ အီးယူ နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှု စာရင်းမှာ ထိပ်ဆုံးက ပါဝင်တဲ့ ဦးတေဇဟာ မကြာခဏ ဆိုသလို ပြည်ပက စီးပွားရေးပိတ်ဆို့လို့ လုပ်ငန်းတွေ ထိခိုက်နေရပါတယ် ဆိုပြီး ဗိုလ်ချုပ်မှူးကြီးဆီက
လုပ်ကွက်တွေ တောင်းဆိုလေ့ ရှိသူဖြစ်တယ်လို့လည်း ရန်ကုန် အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်ကြီး တဦးက ပြောပါတယ်။

ဦးတေဇက အဲပုဂံကို ရှုံးတယ်ဆိုပြီး ခဏလောက် ရပ်လိုက်၊ ဗိုလ်ချုပ်မှူးကြီးဆီမှာ လုပ်ကွက် တောင်းလိုက်နဲ့ ငိုပြနေတာ ခဏခဏပဲ။ အဘိုးကြီးကလည်း ရုရှက မစ် ၂၉ တွေ ပွဲစားလုပ် ၀ယ်ပေးထားထူးတော့ သူ့ကို ပြန်ကြည့်တယ်လေ” လို့ အဲဒီ စီးပွားရေးလုပ်ငန်းရှင်က ဆိုပါတယ်။

အခုတခါမှာတော့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်တာ တခုခု တောင်းလိမ့်မယ်လို့ စီးပွားရေး သမားတွေက ထင်မြင်ယူဆနေကြပါတယ်။

“လုပ်ငန်း တော်တော်များများကလည်း ဦးတေဇ လက်ထဲမှာပါ။ သူက ဦးဇော်ဇော်နဲ့ အပြိုင် တောင်းတာလေ” လို့ စီးပွားရေးသမားတယောက်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ကျောက်မျက်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်း၊ သစ်လုပ်ငန်း အပါအဝင် တခြား စီးပွားရေး လုပ်ငန်း တော်တော်များများကို ချုပ်ကိုင်ထားတဲ့ ဦးတေဇဟာ မြန်မာပြည်မှာ ပထမဆုံးသော ဒေါ်လာ ဘီလီယံနဲ့ချီ ချမ်းသာတဲ့သူ ဖြစ်နိုင်တယ်ဆိုပြီးတော့
ရန်ကုန်က စီးပွားရေး အသိုင်းအ၀န်းမှာ ပြောဆိုနေကြပါတယ်။
စည်သူ


-

2 comments :

  1. Anonymous said... :

    မယားလုပ်ငန်းလဲပါတယ်ဗျို့။ ယူထားတဲ့မယားငခယ်တွေလဲ နည်းတာမဟုတ်...

  1. Unknown said... :

    :)...ဟုတ်လား...မင်းလဲသူသမီးကိုယူလိုက်ပေါ့ကွာ..ရေချယ်တေဇလေကွာ..သူလဲမယားငယ်ယူတာပဲ မင်းလဲသူသမီးယူလိုက်ပေါ့မကောင်းဘူးလား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved