တာချီလိတ်တွင် ပစ်ခတ်မှုဖြစ်ပွား

Friday, February 25, 2011

တာချီလိတ်မြို့ ၊ ခေါ်လိတ်အုပ်စု ၊ ပါဆတ်ရပ်ကွက်မှာ ဒီကနေ့ ညနေပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“လေယာဉ်ကွင်းသွားတဲ့လမ်း ၊ ကားကြီးကွင်းနားတ၀ှိုက်မှာပေါ့ ညနေ ၆ နာရီလောက်ကနေ ည ၉ နာရီလောက်အထိ သေနတ်ပစ်ခတ်သံတွေ ကြားနေရတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ အဖွဲ့အချင်းချင်း ပစ်ခတ်မှုစဖြစ်တယ်လို့ သိရတယ်။ ပစ်ခတ်မှုဖြစ်လို့ ရဲက သွားတော့ ရဲနဲ့ အပြန်အလှန်ထပ်ပစ်ကြတာ။ ရဲကလည်း မနိုင်တော့ နောက်ပိုင်းမှာ စစ်တပ်ကပါ ၀င်ပစ်ကုန်တယ်”လို့ တာချီလိတ်မြို့ခံတဦးက ပြောပါတယ်။
တာချီလိတ်မြို့ခံတွေကတော့ ဒီပစ်ခတ်မှုဟာ နော်ခမ်းဦးဆောင်တဲ့ မူးယစ်ဆေးဂိုဏ်းကနေ စတင်ဖြစ်ပွားတာလို့ ခန့်မှန်းနေကြပြီး ပစ်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံးသွားတယ်လို့ ပြောဆိုကြပါတယ်။ သေဆုံးသူတွေဟာ ဘယ်သူတွေဖြစ်တယ် ဘာ့ကြောင့်ပစ်ခတ်မှုတွေဖြစ်ပွားတယ်ဆိုတာတော့ အခုချိန်မှာ သဲသဲကွဲကွဲ မသိရသေးကြောင်းပါခင်ဗျား။

မင်းနိုင်သူ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved