မတ္တရာက ဂူအောင်းလူသားများ

Thursday, February 24, 2011

မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲမှာ ဂူအောင်းလူသားတွေ ရှိနေဆဲလို့ သိရပါတယ်။ ရှေးခေတ် ကျောက်ခေတ် လူသားတွေတော့ မဟုတ်ဘူးပေါ့။ အဲဒီ မတ္တရာဒေသခံတွေက အဲဒီ ဒေသမှာ ရှိနေတဲ့ ရှေးဟောင်း ဂူဘုရား တွေထဲမှာ အိမ်အဖြစ် နေကြတာပါ။ တချို့ဆို ဒီနေရာ သူဦးတာ၊ ငါဦးတာ ဆိုပြီး ပြဿနာ တက်ကြလို့ ရပ်ကွက်လူကြီးက ဖြေရှင်းပေးရတာတောင် ရှိတယ် ဆိုပဲ။ အဲဒီလို ဂူဘုရားတိုင်းမှာ နေတဲ့သူရှိတယ်လို့ သိရပါတယ်။

ပုဂံမှာလည်း အဲဒါမျိုး ရှိတယ်လို့ ကြားဖူးပါတယ်။ ဒါပေမယ့် ပုဂံကတော့ နိုင်ငံခြားသားတွေ အဝင်များတဲ့ Tourism ဒေသဆိုတော့ ဒီလောက်တော့မဟုတ်ဘူးပေါ့။ မတ္တရာ ဆိုတာ အုတ်ဖုတ်လုပ်ငန်း အကြီးအကျယ် လုပ်တဲ့ ဒေသကြီး တခုပါ။

မတ္တရာက ရှေးဟောင်းဂူဘုရားတွေထဲမှာ အခုလို နေထိုင်ကြပါတယ်

ဂူဘုရားတွေတိုင်းမှာ လူနေကြတာပါ

 

တံခါးမရှိပေမယ့် ခိုးမယ့်သူလည်း မရှိဘူးတဲ့
ဂူတွေကတော့ ဒေသခံတွေအတွက် တိုက်နဲ့နေရသလိုပဲပေါ့

ဓာတ်ပုံ - ကိုခိုင်

3 comments :

  1. Anonymous said... :

    လူနေတယ်ဆိုပီး ....ဂူအတွင်းပိုင်းမှာ လူတွေနေ နေတဲ့ ပုံလည်းမပါဘူး။

  1. Anonymous said... :

    This is not Ma Ta ya . My grand mother from there and which place was not Mataya .

  1. Anonymous said... :

    INSIDE ..U CANT SEE ..OK

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved