ရဟတ်ယာဉ်ပျက် သူဌေးကြီး လူကြီးလူကောင်းဆန်ပုံ

Thursday, February 24, 2011

ရွှေဝါပြည်မှ သူဌေးကြီး ဦးသူရသည် ရဟတ်ယာဉ်ဖြင့် ရေခဲတောင်သို့ လေ့လာခရီးသွားစဉ် ရဟတ်ယာဉ် စက်ချို့ယွင်းကာ ရေခဲတောင်ပေါ်တွင် သောင်တင်နေလေသည်။

အနောက်နိုင်ငံကြီးများကို စီးပွားရေးပိတ်ဆို့မှုပြုလုပ်မည်ဟု ကြွေးကြော်ထားသည့် ရွှေဝါပြည်သူဌေးကြီး ဦးသူရကို ကယ်ဆယ်ရန် ကောင်းမွန်သည့် ရဟတ်ယာဉ်နှင့် ကျွမ်းကျင်သည့် ကယ်ဆယ်ရေးလုပ်သားများ မရှိဖြစ်နေရာ အနောက်နိုင်ငံများ၏ နည်းလမ်းများဖြင့် ချမ်းသာကြွယ်ဝနေသော အိမ်နီးချင်း ယိမ်းနွဲ့နိုင်ငံသို့ အကူအညီတောင်းရလေ၏။

အိမ်နီးချင်း ယိမ်းနွဲ့နိုင်ငံကလည်း ကယ်ဆယ်ခ မြိုးမြိုးမြက်မြက်ရသဖြင့် သွားရောက် ကယ်ဆယ်လေသည်။

ကယ်ဆယ်ရေးအဖွဲ့သည် တကြိမ်လျှင် ၃ ဦးသာ ကယ်နိုင်မည်ဖြစ်ရာ ဦးသူရသည် သူနှင့်အတူရှိနေသူများကို အရင်ကယ်ထုတ်သွားရန် ပြောသဖြင့် ကယ်ဆယ်သူများလည်း သူနှင့်အတူပါသူ ၅ ဦးအနက်မှ ၃ ဦးကို အရင်ကယ်ထုတ်သွားလေသည်။

ကယ်ဆယ်ရေးရဟတ်ယာဉ်ပေါ်ပါလာသည့် ဦးသူရကုမ္ပဏီဝန်ထမ်း ၃ ဦးကို ကယ်ဆယ်ရေးလုပ်သားတဦးက

ခင်များတို့ သူဌေးက လူကြီးလူကောင်းဆန်သားပဲဗျ။ သူများတွေ ပြောသလို မဆိုးပါဘူး။ အခု ခင်များတို့ကို အရင်ကယ်ထုတ်ခိုင်းတာပဲကြည့်လေ”ဟု ပြောလေသည်။

ပြောရင်း ကုမ္ပဏီဝန်ထမ်း သုံးဦးကို သေချာကြည့်မိသော် ရေခဲတောင်ဝတ် အနွေးထည်များ မတွေ့ရသဖြင့် မေးလေသည်။

ခင်များတို့ဗျာ ရေခဲတောင်ဘက်ကို လာတာ အနွေးထည်ဝတ်မလာကြဘူးလားဗျ”

ကယ်ဆယ်ရေးဝန်ထမ်း၏ အမေးကို သူဌေးကြီး ဦးသူရ၏ ကုမ္ပဏီဝန်ထမ်းတဦးက မေးတဆတ်ဆတ် တုန်ရင်း အောက်ပါအတိုင်း ပြန်ဖြေလေသည်။

အနွေးထည်ပါ ပါသကောဗျာ။ ကျနော်တို့ အနွေးထည်တွေအားလုံးကို မနေ့ညကတည်းက သူယူဝတ်လိုက်တယ်ဗျ။ လူကြီးလူကောင်းဆန်မဆန်တော့ မသိဘူး....ဟူး....ဂတ်....ဂတ်”

12 comments :

  1. Anonymous said... :

    ‎..We got a black hawk down, we got a black hawk down !! Super 61 is down !! We got a bird down on the mountain !!!!(A Theatrical Dialogue from The Movie- Black Hawk Down(2001)

  1. Anonymous said... :

    ဘာဖြစ်လို့ ဇာဂနာရဲ့ နာမည်အရင်းနဲ့ သွားနှိုင်းရတာလဲ..နှိုင်းစရာရှားလို့……

  1. Anonymous said... :

    Not U Thuya, U Tayza, Don't be stupid, don't write if you don't know.

  1. Anonymous said... :

    I suppose that writer uses Thuya because he got every big projects or by name job.

  1. Anonymous said... :

    အေးဗျာ..တခြားနာမည်လေးလုပ်ပါ နှိုင်းစရာရှာလို့ဒီလူယုတ်မှာကို ကိုဇာဂနာနာမည်နဲ့မှနှိုင်းရတယ်လို့....

  1. Anonymous said... :

    တပ်မတော်(လေ)က ရဟတ်ယာဉ် တွေ လူ ၆ ယောက် လေး တောင် မကယ် နိုင်ဘူး။ သူများ နိုင်ငံ ဆီက ရဟတ်ယာဉ် ငှား ပြီး ကယ်ရ တယ်လို.။ ရယ်ချင် တယ်...မြန်မာ.တပ်မတော်...လေ ။

  1. Anonymous said... :

    The meaning of U Thura is he always get the permits of good prospect business. Whenever there is an opportunity, he is already given. His nickname became "U Thu Ya".

  1. Anonymous said... :

    Come on guys!!!
    Please, have some sense of humor.
    The author nv used real person nor country.
    သူက အမြဲတမ်းရနေလို့ သူရလို့ နာမည်တပ်တာလေဗျာ...။
    ရွှေဝါပြည်တဲ့ ယိမ်းနွဲ့ နိုင်ငံတဲ့...
    ယိမ်းနွဲ့နိုင်ငံဆိုတာတော့ သဘောကျတယ်။ လေယူရာတိမ်း သာရာကူး နိုင်ငံကြီး...။ ဟားဟား

    ဘယ်လောက်တွေးတတ်တဲ့ ပုဂ္ဂိုလ်လဲ...။ (Burmese Strange New ဝဘ်ဆိုဒ်မှာ ရေးနေတဲ့ တစ်ယောက်လား မသိ)

    Mr.Anonymous

  1. Anonymous said... :

    ခေတ်ပျက်သူဌေး.....
    ရဟတ်ယာဉ်ပျက်သူဌေး
    ခန္ဓာပျက်ပြီး မာလကီးယားဖို့နီးနေပြီ။

  1. Unknown said... :

    @@@@ (Not U Thuya, U Tayza, Don't be stupid, don't write if you don't know. ) သူများ post ကိုမဝေဖန်ခင် ကိုယ်ပိုင် hard disk ကို ချိန်ခွင်ထဲထည့်ပြီး ပေတံကောင်းကောင်းနဲ့ တိုင်းကြည့်ပါအုံးလား ...

  1. Anonymous said... :

    အပ်ါက herry ဆိုတဲ့ကောင်မင်းပထွေးမို့ လို့ နာနေတာလား

  1. ko lay said... :

    မြန်မာပြည်က အရပ်သားတစ်ယောက်(ဘယ်သူမှ မသိတဲ့) အဲဒီ ရေခဲတောင်ပေါ်ကို သွားပြီး အဲဒီလိုပဲ ဒုက္ခရောက်နေမယ်ဆိုရင် အစိုးရက ပြောပါလိမ့်မယ်။ အေးအေးဆေးဆေး မနေဘူး။ ဖင်ရားပြီး သွားတဲ့ကောင် သေတာမှ အေးဦးမယ်လို့ ပြောမယ့် အစိုးရပါပဲ။ သူတောင်းစားတွေကျတော့ စစ်တပ်က ရဟတ်ယာဉ်နဲ့တောင် သယ်ပေးတယ်။ တော်တော် တရားရဖို့ မြန်မာပြည်ပါပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved