တိရစ္ဆာန် လဲပြီးရင် ... လူချင်းပါ လဲမယ်

Friday, February 25, 2011

ထိန်းကျောင်းသူနှင့်အတူ သရုပ်ပြနေသည့် ဖျံလိမ္မာတကောင်

နေပြည်တော် တိရိစ္ဆာန် ဥယျာဉ်ကြီးထဲ ပြဖို့ဆိုပြီး တရုတ်ပြည်က ဖျံ အကောင်းစား (သူတို့ အဆိုအရ လေ့ကျင့်ပေးထားလို့ လိမ္မာရေးခြားရှိတဲ့ ပင်လယ်ဖျံ လိမ္မာ) ၄ ကောင်နဲ့ မြန်မာပြည်က မလိမ်းမိုး မလိမ်မာ ဆင် ၂ ကောင်ကို အလဲအလှယ် လုပ်မယ်လို့ နေပြည်တော် တိရိစ္ဆာန်ဥယျာဉ်ကနေ သိရပါတယ်။

ဒီ ပင်လယ်ဖျံ လေးကောင်နဲ့ ပင်လယ်ဖျံပြကွက်တွေ ပြပြီး နေပြည်တော် တိရိစ္ဆာန်ရုံကို လာကြည့်တဲ့ လူတွေများအောင် ဆွဲဆောင်မယ့်နည်းလို့ သိရပါတယ်။

ဒီလို အလဲအလှယ်အပြင် ဖျံလေးကောင်ကို ကိုင်တွယ်ထိန်းကျောင်းဖို့ ဆိုပြီး ၀န်ထမ်း ၂ ယောက်ကို တရုတ်ပြည်ကို လေ့လာရေး လွှတ်ထားပါတယ်။

နရီလင်းလက်

2 comments :

  1. Anonymous said... :

    ဪ.. ကွိုင်ကွိုင်တို့တတွေလည်း ဒီလိုနည်းနဲ့ အလဲအထပ် လုပ်ခံရတော့မယ် နဲ့ တူပါတယ် ။

  1. Anonymous said... :

    တိုင်းပြည်ချင်းလဲ အုပ်ချုပ်ကြည့်မှ တရုပ်ကြီး စာနာနားလည်နိုင်မယ် ၊ပိုကောင်းမယ် ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved