စက်ရုပ်တွေ ဂျန်းဖြစ်သွားတဲ့အတွက် ဂဏန်းမငြိမ်တော့တဲ့ ဝန်ကြီးတွေ
Wednesday, February 9, 2011
မနေ့က လွှတ်တော်အစည်းအဝေးကြီးမှာ တက်ရောက်လာတဲ့ စက်ရုပ် ကိုယ်စားလှယ်တော်ကြီးတွေ ဂျန်း ဖြစ်သွားလို့ ဝန်ကြီးဌာန ဝန်ကြီး နာမည်တွေ ဂဏန်းမငြိမ် ဖြစ်သွားရတယ်လို့ ကြားရပါတယ် (နေပြည်တော် ကြက်ငှက်တုပ်ကွေးကြောင့် များလားတော့ မသိဘူး)
သမ္မတကြီး ရွေးချယ်တင်မြှောက်လိုက်တဲ့ ဝန်ကြီးတွေကို စက်ရုပ်ကိုယ်စားလှယ်တော် ကြီးတွေက စက်ခလုပ်နှိပ်ပြီး လက်ခံမခံ ဆုံးဖြတ်ရာမှာ မဲပေးသူ စက်ရုပ် ၆၃၆ ရုပ်ထဲက ထောက်ခံမဲက ၆၁၅ မဲ၊ ကြားနေ ၁၄ မဲနဲ့ ကန့်ကွက်မဲ ၇ မဲ ဖြစ်နေတဲ့အတွက် သမ္မတကြီးရယ် ဝန်ကြီးဟောင်း ဝန်ကြီးသစ် (တကယ်တော့ ဘယ်လိုပြောရမှန်းတောင် မသိပါဘူး၊ ဒီဝန်ကြီးက ဒီဝန်ကြီးပဲ၊ ဟိုပြောင်းဒီရွှေ့ပဲ ဖြစ်ကုန်တာကိုး) တွေအားလုံးရယ်ဟာ ဒီ ကန့်ကွက်မဲ ၇ မဲကို မသင်္ကာဘူးတဲ့။ ဘယ်စက်ရုပ် ဂျန်းဖြစ်သွားတာလဲ၊ ဂျာမဏီက လာတဲ့ မဲခွဲတဲ့ စက်ခလုပ်ခုံ ပျက်တာလားဆိုပြီး ပြာလောင်ခတ်သွား ဆိုပဲ။
အဲဒီမှာ ပျာပျာသလဲ ဖြစ်ကုန်တဲ့ သမ္မတကြီးနဲ့ ဝန်ကြီးတွေကြောင့် ပျာယာခတ်သွားရတဲ့ အင်ဂျင်နီယာတပ်က ဗိုလ်မှူးတဦးဟာ မျက်ကလဲဆံပြာ ပုံစံနဲ့ ဝင်လာပြီး ဒီစက်ကြီးကို စစ်ဆေးပေးရပါတယ်။ အဲဒီလို စစ်ဆေးရင်း ဒီဗိုလ်မှူး က “ဒါ ဂျာမဏီကစက်၊ APEC မှာလည်း ဒီစက်ပဲ သုံးတယ်၊ ယူအန်မှာလည်း ဒီစက်ပဲ၊ အာဆီယံမှာလည်း ဒီစက်ပဲ သုံးတာ” လို့ ရှင်းပြတယ်တဲ့။ ဒီတော့ ကန့်ကွက်မဲ ၇ မဲဖြစ်နေတာ စက်ကြောင့် မဟုတ်ရင် မဲပေးတဲ့ စက်ရုပ်ကြီးတွေ ဂျန်းဖြစ်နေလို့ပဲ ဖြစ်ရမယ်လို့ ကိုတာတေကတော့ ကိုယ့်ဘာသာ စဉ်းစား ဆုံးဖြတ်လိုက်ပါတယ်။
သေချာတာကတော့ ဝန်ကြီးဌာနနဲ့ ဝန်ကြီးတွေ ဂဏန်းမငြိမ်သေးပါဘူး။ မနေ့က ဝန်ကြီး ဌာန စာရင်းကို ၁၊ ၂၊ ၃၊ ၄ အစဉ်လိုက်ထုတ်ပြန်ပြီး ဒီနေ့ ဝန်ကြီးစာရင်းကို ၁၊ ၂၊ ၃၊ ၄ အစဉ်အတိုင်း ထုတ်လိုက်တော့ စက်ရုပ်ကိုယ်စား လှယ်တော်ကြီးတွေကလည်း ဟိုဘက် ၁ နဲ့ ဒီဘက် ၁ ကို ယှဉ်ကြည့်ရင်း နှလုံးထီဂဏန်းတွက်သလို ဘယ် ဝန်ကြီးဌာနက ဘယ်သူဝန်ကြီး ဖြစ်နိုင်တယ် ဆိုတာကို စမ်းတဝါးဝါး တွက်ချက် ကြည့်နေရပါတယ်တဲ့ ခင်ဗျား။
မစ္စတာ တာတေ
6 comments :
  1. Anonymous said... :
    ဘာ လို့ များ ရာခိုင်နှုန်းအများကြီး လိုချင်နေကြလဲ မပြောတတ်ဘူး။
    မဆလ လွှတ်တော် တုန်းကလဲ မန္တလေး အမတ် ဦးခင်မောင်သန်း အနီ(ကန့် ကွက်)ပေါ် စာအုပ်သွားတင်မိတာ ခလုပ်ကပ်ပီး ကန့် ကွက်မဲ
    ဖြစ်နေလို့  ဗိုခင်ညွန့်  ခမျာ နှမ လင်နောက်လိုက်သလို ကြိမ်းမောင်းဆဲဆိုတာ မြင်ဘူးပါ ရဲ့ ။ စစ်တပ် ရောဂါ ထင်ပါ့။
  1. Anonymous said... :
    အဲဒီအချိန် ကတော့ စက် ကို ကက(ထုတ်) က အင်ဂျင်နီယာ အရာရှိတွေ
    ကိုင်တာ။ အဲဒီ အရာရှိတွေ မပြောနဲ့  တိုင်းမှူး ဗမခ မျိုးညွန့် တောင်
    ဗမက ခင်ညွန့်  အကဲဆတ်နေတာ ရို့ ရို့ လေး ဖြစ်နေရပါသဗျ။
    tech error ပါ ဆိုတာ အတော်ရှင်းယူကြရပါသဗျ။
    ဦးခင်မောင်သန်း ခမျာ လဲ အတော် အစစ်အဆေး ခံလိုက်ရတယ် ကြားတာဘဲ။
    လျှို့ ဝှက်မဲ ဆိုတာလဲ မဟုတ်ဘူး ခင်ဗျ။ ထိုင်ခုံ(seating plan) နဲ့  ဘယ်သူ ဘာမဲပေးသလဲ အကုန်မှတ်တမ်းတင်ထားလို့ ရတယ်။
    ခု technology နဲ့ ဆို မင်းတိုင်ပင် အမတ်မင်း တွေ အီးပေါက်တာတောင် သိမယ်ထင်ပါရဲ့ ။
  1. Anonymous said... :
  1. Anonymous said... :
    ခုလို အတွင်းကျကျသိသူတွေ ပြောပြတာကို သိရလို့ ကျေးဇူးတင်ပါတယ်ခင်ဗျား
  1. Anonymous said... :
    thanks for information
  1. Anonymous said... :
    Army style....... (101%) is a must.......
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved