ဦးတေဇ ကယ်ဆယ်ရေး အော်ပရေးရှင်း

Wednesday, February 23, 2011


(ယမန်နေ့က ဧရာဝတီ သတင်းဝက်ဘ်ဆိုဒ်မှ သတင်းကို ပြန်ဖတ်လိုလျှင် Click Here)

ဖေဖော်ဝါရီ ၂၃၊ ၂၀၁၁
(၁) ကချင်ပြည်နယ် ဖုန်ကန်ရာဇီ ရေခဲတောင်မှာ ပိတ်မိနေတဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇနဲ့ ဖုန်းအဆက်အသွယ် ရပြီတဲ့။ မနေ့က ခေါ်ယူဖို့ သွားခဲ့တဲ့ လေတပ်က MI 17 အမျိုးအစား ရှာဖွေရေး ရဟတ်ယာဉ်ကလည်း အလင်းရောင်နည်းပါးပြီး ညမှောင်လာတဲ့အတွက် ပူတာအိုမြို့သို့ ပြန်လည် ဆင်းသက်ခဲ့ရကြောင်းသတိရပါတယ်။ (သတင်းတို ဖတ်ရန်)

(၂) ဒီနေ့မနံနက် ၉ နာရီခွဲလောက်မှာ လေတပ်က MI 17 ကယ်ဆယ်ရေးယာဉ်က ဦးတေဇကို တွေ့ရှိသွားပြီး လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေ ချပေးနိုင်ခဲ့ပြီလို့ သိရပါတယ်။ ကယ်ဆယ်ရေး ရဟတ်ယာဉ် ဆင်းနိုင်ပြီး ကယ်ဆယ်ပြီးပါက ဦးတေဇသည် ယနေ့ နေ့ချင်းပင် အိမ်နီးချင်းနိုင်ငံမှာ ဆေးစစ်မှု ပြုလုပ်မယ်လို့ ဆိုပါတယ်။ (သတင်းတို ဖတ်ရန်)

(၃) ဆက်လက် သိရတဲ့ အခြေအနေများအရတော့ တောင်ပေါ်မှာ ရာသီဦးတု အခြေအနေကလည်း ဆိုးနေပါတယ်တဲ့။ ဧရာဝတီရဲ့ တခြားသတင်းရင်းမြစ်တခုရဲ့ ပေးပို့ချက်အရတော့ သစ်တောရေးရာ ဝန်ကြီးဌာနက ဝန်ကြီးကိုယ်တိုင် ဝင်ပါနေရတယ်လို့ ဆိုပါတယ်။ ဟိမဝန္တာ တောင်တက် အဖွဲ့တွေနဲ့ ပြည်တွင်းပြည်ပ တောင်တက်သမားတွေကိုလည်း လိုက်ငှားနေတယ်လို့ ပြောပါတယ်။

(၄) ဦးတေဇ ရေခဲတောင်ပေါ် ပိတ်မိနေတာကို ကမ္ဘာ့သတင်းမီဒီယာတွေကလည်း တိုက်ကွန်ကြီး ရေခဲတောင်မှာ ပိတ်မိ ဆိုပြီး သတင်းတွေ ရေးနေကြပါတယ်။ လောလောဆယ် ရှာတွေ့ပြီ ဆိုပေမယ့်လည်း ရဟတ်ယာဉ် ဆင်းဖို့ ခက်နေတာကြောင့် ကြိုးစားနေတုန်းပါပဲတဲ့။ မနေ့က သူ့ကို ရှာမတွေ့ရကောင်းလားဆိုပြီး ဦးတေဇက စိတ်ဆိုးကာ ဆဲဆိုနေပါသတဲ့။

ဒီတခါတော့ ဟောလီဝုဒ် ရုပ်ရှင်ဖြစ်တဲ့ “တပ်သား ယန်း ကို ကယ်တင်ခြင်း” မဟုတ်ဘဲ “ဘော့စ် တေဇကို ကယ်တင်ခြင်း” ဖြစ်ပါတယ်။ နောက်ကျရင် “လျှို့ဝှက်သောနှင်း” လို ရုပ်ရှင်များ ပြန်ရိုက်ကြမလား မသိဘူး။

Breaking News
(၅) ထိုင်းစံတော်ချိန် ညနေ ၂း၄၀ ။ ။ လေတပ်မှာရှိတဲ့ ရဟတ်ယာဉ်တွေက ဦးတေဇ ပိတ်မိနေတဲ့ နေရာအထိ အကြာကြီး ပျံတက်ရလောက်အောင် မတတ်နိုင်ကြတဲ့အတွက် ပြည်ပက ရဟတ်ယာဉ်တွေ အခု မှာယူနေပါပြီ။ ပေ ၁၂၀၀၀ အထိ ပျံနိုင်တဲ့ ရဟတ်ယာဉ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ လှမ်းပြီး မှာထားတာ အခု မန္တလေးရောက်နေပါပြီ။ ဆီဖြည့်နေပါတယ်။

(၆) ကမ္ဘောဒီးယားကနေ တစီးမှာပေမယ့်လည်း ထိုင်းနိုင်ငံက သူ့ပိုင်နက်ပေါ် ပေးမဖြတ်လို့ အခက်အခဲ ဖြစ်နေဆဲပါတဲ့။ ဘာဖြစ်ဖြစ် အရင်ရောက်လာမယ့် ထိုင်းရဟတ်ယာဉ်နဲ့ ကယ်ဆယ်နိုင်မယ်လို့ မျှော်လင့်ရပြီး မိုးမချုပ်မီ ပူတာအို အထိရောက်အောင် ကယ်ထုတ်လာနိုင်မယ်လို့ သိရပါတယ်။

(နောက်ဆုံးရ သတင်းများကို ဆက်လက်ဖော်ပြပါမည်။)

8 comments :

  1. Anonymous said... :

    Rescue Tay Za operation is much better then rescue Nargis survivals

  1. Anonymous said... :

    ပြည်သူ့အကျိုးပြုလူတယောက်အကြောင်းကိုေ၇းတာ ဦးစားပေးတာ ပိုကောင်းပါတယ်။ရန်ကုန်ဆေးရုံကြီး ကင်ဆာဓါတ်ရောင်ခြည်စက်ဝယ်ဘို့ သူဘယ်လောက်လှူတယ်ဆိုရင်လဲ စိတ်ဝင်စားစရာ ကောင်းပါတယ်။ လူမိုက်အားပေးတဲ့လူတယောက်ကို အတုခိုးမှား၊အားကျမှား ကုန်ပါအုန်းမယ် ။

  1. Anonymous said... :

    ဟားဟားဟား
    မဟုတ်တာတွေပြောလို့  မြေမမြိုခင်ေ၇ခဲအ၇င်မြိုမလို့ သတိပေးတာ

  1. Anonymous said... :

    နာဂစ်တို့၊ ဂီရီတို့ထက် တန်ခိုးရှိတဲ့ တေဇပေါ့။

  1. Anonymous said... :

    နာဂစ်တုန်းက ဒုက္ခရောက်နေကြတဲ့သူတွေကိုများ အဲဒီလို ကယ်ခဲ့ဖူးပါသလား၊ ဂီရိမုန်တိုင်းဘေး သင့်ခဲ့တဲ့ လူတွေကိုများ အဲဒီလို ကယ်ခဲ့ဖူးပါသလား၊ ရေအငတ်ဘေးကြုံတုန်းကများ အဲဒီလိုမျိုး အချိန်မီမီနဲ့ ကယ်ဆယ်ရေးများ လုပ်ဖူးပါသလားလို့ လက်ရှိအစိုးရကို မေးလိုက်ချင်ပါတယ်။
    သူတို့မကယ်နိုင်ခင် ရေခဲရိုက်ပြီးသား ဖြစ်သွားလည်း ကောင်းတာပါပဲ။

  1. Unknown said... :

    ဒီအေးပေးကိုများကယ်နေသေးတယ်ကိုယ်လောဘနဲကိုယ်ခံဒါမှ အေးပေးငတေဇဒုက္ခဆိုတာသိမှာ အဲဒါဘုရားမရိုက်ခင်ရေခဲရိုက်တာ ဒါအစပဲရှိသေးတယ်

  1. Anonymous said... :

    Why KIA didn't go there and kill him? Where is KIA.

  1. pinbaw said... :

    KIA is trying to go to Kachin State.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved