မနေ့က ထိုင်းနိုင်ငံအလယ်ပိုင်း Chaiyaphum ပြည်နယ် အတွင်းမှာ F - 16 ဖိုက်တာ ဂျက် လေယာဉ် ၂ စင်း ရှေ့ဆင့်နောက်ဆင့် ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ ဒီလေယာဉ်တွေဟာ အမေရိကန်နဲ့ ထိုင်း စစ်ရေးပူးပေါင်းလေ့ကျင့်နေတဲ့ ကော်ဘရာ ဂိုးလ် လေ့ကျင့်ရေး အစီအစဉ်မှာပါတဲ့ လေယာဉ်တွေ ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်က အမေရိကန်က ဝယ်ထားတဲ့ လေယာဉ်တွေ ဖြစ်ပါတယ်။ ဒေသခံတွေကတော့ ပေါက်ကွဲသံကြီး ၂ ခု ရှေ့ဆင့်နောက်ဆင့် ကြားလိုက်ရတယ်လို့ ဆိုပါတယ်။ လေယာဉ် ၂ ဆင်း ပျက်ကျတဲ့ နေရာတွေဟာ ကီလိုမီတာ အနည်းငယ်သာ ကွာဝေးပါတယ်။ လေယာဉ်ပေါ်မှာ ပါသွားတဲ့ လေယာဉ်မှူး ၂ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် ဘာကြောင့် အခုလို လေယာဉ်တွေ ပျက်ကျတယ်ဆိုတဲ့ အကြောင်းရင်းကို သေချာ မသိရ သေးတဲ့အတွက် ထိုင်းလေတပ်က အထူး စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အဲဒါ....ကေအန်ယူလက်ချက်...ကေအန်ယူလက်ချက်။
{သန်းရွှေကြီး အော်သံသာဖြစ်ပါသည်။}