we don't care!

Saturday, February 5, 2011

 
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ လူ့အခွင့်အရေးကောင်စီ  Universal Periodic Review Working Group ရဲ့ (၁၀)ကြိမ်မြောက်အစည်းအဝေး (ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ)မှာ မြန်မာနိုင်ငံအကြောင်းလည်း ဆွေးနွေးကြတယ်လို့  ဒီနေ့ ထုတ် မြန်မာ့အလင်းကြေးမုံက ဆိုတယ်။

မြန်မာအဖွဲ့ ရဲ့  အရှည်ကြီး ပြောထားတာတွေထဲက တချို့ ကို ကောက်နှုတ်ပေးလိုက်ပါတယ်။ မျဉ်းတားထားတာတွေကို ဖတ်တာနဲ့  လုံလောက်ပြီထင်ပါတယ်။ 

လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် မဟုတ်လို့ မလိုက်နာလည်း ရတယ် တဲ့။ ကောင်စီ ဆုံးဖြတ်ချက်တွေကို အရင်က လိုက်ခဲ့သလိုလို ဘာလိုလို ပြောလိုက်တယ်။ 

 Working Group ပြောတာတွေဆိုတာကိုတော့ မလိုက်နာမနေရ မဟုတ်ဘူး တဲ့။  ဗိုလ်ချုပ်ကြီးတို့ အနိုင်ကျင့် ထင်ရာစိုင်းတယ်လို့  ဝေဖန်တာတွေကို ဂရုစိုက်စရာ မလိုဘူး ဆိုတဲ့ သဘောပေါ့။

1 comments :

  1. Anonymous said... :

    ဗိုလ်ချုပ်မှူးကြီး စတက်တုန်းက ငလျင်လှုပ်တယ်။အခု ဦးသိန်းစိန် သမ္မတ ကြေငြာတဲ့နေ့မှာလည်း ငလျင်လှုပ်ပြန်တယ်။
    မင်းပြောင်းမင်းလွှဲ ဆိုရင် ငလျင်လှုတ်တတ်တယ်လို့တော့ ကြားဖူးတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved