-
ယမန်နေ့ ညနေပိုင်းက အိန္ဒိယ-မြန်မာ နယ်စပ်အနီးကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေး ၆.၄ အဆင့်ရှိ အင်အားပြင်းငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။
ဒီငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
“အဆောက်အဦးတွေ ဆိုးဆိုးဝါးဝါး လှုပ်ခါကုန်တယ်။ အိမ်တွေ ရုံးတွေထဲမှာ ရှိနေတဲ့သူတွေ အပြင်ကို ပြေးထွက်ကုန်ကြတယ်”လို့ အိန္ဒိယနယ်စပ်ရှိ စာနယ်ဇင်းသမား Pradip Phanjoubam က AFP သတင်းဌာနကို ပြောပါတယ်။
ဒီငလျင်ကြောင့် ကလေး-တမူးသွား ကားတချို့ နံနက်ပိုင်းကအထိ မထွက်နိုင်သေးကြောင်းနဲ့ တမူး-မိုးရေးတံတား ကျိုးပဲ့ပျက်စီးခဲ့ပြီး တမူးမြို့မှ နယ်စပ်ဈေးကြီးဖြစ်တဲ့ နန့်ဖာလုံဈေးဆိုင်ခန်းတွေလည်း ပိတ်ထားရတယ်လို့ ကြားသိထားရကြောင်း ကလေးမြို့က ကုန်သည်တယောက်က ပြောပါတယ်။
ဒီငလျင်လှုပ်ခတ်မှုဟာ ဒီနှစ်ဆန်းပိုင်းအတွင်း မြန်မာပြည်နယ်စပ်တွေမှာ လှုပ်ခတ်ခဲ့တဲ့ တတိယမြောက် ငလျင်ဖြစ်ပါတယ်။
ဇန်န၀ါရီလ ၁ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် ၂ နာရီခန့်ကလည်း မြန်မာနိုင်ငံအရှေ့မြောက်ဘက် မြန်မာ-တရုတ်နယ်စပ်အနီးမှာ ရစ်ခ်ျတာစကေး ၄.၇ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့သေးတဲ့အပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း ကပ္ပလီကျွန်းစုတွေအနီးမှာ ရစ်ခ်ျတာ ၅.၄ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ပါသေးတယ်။
ယခုတကြိမ်လှုပ်ခတ်မှုဟာ ဒီနှစ် နှစ်စပိုင်းအတွင်း အင်အားအပြင်းဆုံးလှုပ်ခတ်မှုဖြစ်ပြီး သမ္မတရာထူး ရွေးချယ်ခဲ့တဲ့နေ့မှာ လှုပ်ခတ်ခဲ့တဲ့အတွက်ကြောင့်လည်း လူအများစိတ်ဝင်စားနေကြတာပါ။
မြန်မာတွေရဲ့ ရှေးရိုးစွဲ အယူအဆတွေမှာတော့ မင်းပြောင်းမင်းလွဲရှိရင် ၊ မင်းဆိုးမင်းညစ်တက်ရင် ငလျင်လှုပ်ခတ်လေ့ရှိတယ်လို့ မှတ်ယူကြကြောင်းပါခင်ဗျား။
" မြန်မာတွေရဲ့ ရှေးရိုးစွဲ အယူအဆတွေမှာတော့ မင်းပြောင်းမင်းလွဲရှိရင် ၊ မင်းဆိုးမင်းညစ်တက်ရင် ငလျင်လှုပ်ခတ်လေ့ရှိတယ်လို့ မှတ်ယူကြကြောင်းပါခင်ဗျား။ "
...မှန်လိုက်လေ......