ရုရှားလေယာဉ် မြန်မာပြည် မပို့ခင် ပျက်ကျ

Sunday, March 6, 2011

မြန်မာပြည်မှာ အသုံးပြုမယ့် လေယာဉ်တစီး စမ်းသပ်ပျံသန်းနေတုန်း တနင်္ဂနွေနေ့က ပျက်ကျသွားပါတယ်။ ဒီပုံတွေက လေယာဉ်ပျက်ကျတဲ့နေရာနဲ့ ကူညီကယ်ဆယ်ရေး ၀န်ထမ်းတွေ ဖြစ်ပါတယ်။ 

လေယာဉ်ပေါ် ပါသွားတဲ့ လေယာဉ်မှူးတွေ၊ အကူဝန်ထမ်းတွေ စုစုပေါင်း ၆ ဦးသေဆုံးတယ်။ မြန်မာ ၂ ဦး ပါတယ် လို့ သတင်းတွေက ဆိုတယ်။ ဒီ ၂ ဦးအမည်တွေက ဒီမှာ ဖော်ပြထားချက်အရ ထိန်လင်းအောင်၊ ဇော်ထွန်းအောင် တို့ ဖြစ်ပါတယ် တဲ့။

Belgorod ဒေသက Garbuzovo ဆိုတဲ့ ကျေးရွာမှာ ပျက်ကျပါတယ်။ (bbc map)

 ပျက်ကျသွားတဲ့ နေရာက ဒေသခံတွေ အထိအခိုက် ရှိတယ် ဆိုတဲ့ သတင်းတွေ မကြားရသေးပါဘူး။


ဒီဖြစ်ရပ်ကို နိုင်ငံတကာက စိတ်ဝင်စားကြပါတယ်။

 

Google ရဲ့ သတင်းစုစည်းမှု စာမျက်နှာမှာ ဖော်ပြချက်အရ အင်္ဂလိပ်ဘာသာသုံး သတင်းဌာနပေါင်း ၂၆၁ ခုက ဒီသတင်းကို ရေးသားကြ၊ ထုတ်လွှင့်ကြပါသတဲ့။ မြန်မာပြည်သား ၂ ယောက်လည်း ဒီသေဆုံးမှုမှာ ပါဝင်တဲ့အတွက်  မြန်မာသတင်းဌာနတွေ အားလုံးလိုလိုက ဒီသတင်းကို ဖော်ပြကြပါတယ်။



ို့ဒီလိုအမျိုးအစား ခရီးသည်တင် လေယာဉ် ပျက်ကျသွားတာပါ။ တန်ဖိုး ဒေါ်လာ ၂၄ သန်း ကနေ ၃၀ ကြား ရှိပါတယ် တဲ့။ 
လေယာဉ်ကို ဒီလကုန်ပိုင်း မြန်မာပြည်ကို ပို့ဖို့ စီစဉ်ထားတာဖြစ်တယ်လို့ http://english.ruvr.ru/2011/03/05/47000101.html မှာ ရေးထားပါတယ်။

မြန်မာပြည်က ၂ စီးယူဖို့ စာချုပ်ချုပ်ထားကြောင်း ၂၀၀၉ ခုနှစ်သတင်းတပုဒ် http://www.kyivpost.com/news/nation/detail/54252/ မှာ တွေ့ရပါတယ်။

5 comments :

  1. ပြည်သူ said... :

    အဲဒီ အန်တိုနော့ AN-148 လေယာဉ်တွေကို ရုရှားလေကြောင်းဖြစ်တဲ့ GTK Rossiya ကုမ္ပဏီမှာ ငါးစီးပျံသန်းပြေးဆွဲရာ၊ သုံးလကြာ(၉၂ ရက်) အတွင်း ပျံသန်းချိန် ၁၇၂၅ နာရီမှာ ချို့ယွင်းမှုပြဿနာပေါင်း ၂၃၅ ကြိမ်ဖြစ်ခဲ့ပြီး၊ ငါးစီးထဲက တစ်စီးဟာ ၈၉ ရက်ကြာမပျံသန်းနိုင်ခဲ့ပါ။ လေယာဉ်အလုံပိတ်တံခါး၊ အင်ဂျင် နဲ့ အော်တိုပိုင်းလော့စနစ်တွေ လက်မခံနိုင်စရာ အကြိမ်ပေါင်းများပြားစွာ ချို့ယွင်းခဲ့ပါတယ်။ ယင်းသုံးလအတွင်း လေယာဉ်အဆင်းဘီး (undercarriage) နဲ့ လျှပ်စစ်ဓာတ်အားပေးစနစ် (electrical supply system) ချို့ယွင်းမှု ငါးကြိမ်၊ လေယာဉ်ပျံသန်းမှုထိန်းချုပ်ရေးစနစ် (flight control system) ချို့ယွင်းမှု သုံးလအတွင်း ၃၁ ကြိမ် ဖြစ်ခဲ့ပါတယ်တဲ့။ ဘိုးအင်းနဲ့ အဲယားဘတ်စ် ကုမ္ပဏီကထုတ်လုပ်တဲ့ အလားတူလေယာဉ်တွေရဲ့ ထိန်းသိမ်းမှုမှတ်တမ်းတွေနဲ့ နှိုင်းယှဉ်ပြီး လက်မခံနိုင်စရာ ပြဿနာလေယာဉ်မျိုးဖြစ်ကြောင်း အဲဒီ ရုရှားကုမ္ပဏီက ပြောဆိုကြောင်းကို ဟောဒီ ကမ္ဘာ့လေကြောင်းဆိုင်ရာ ဆိုဒ်မှာ http://www.flightglobal.com/articles/2010/10/01/347983/rossiya-slams-an-148-reliability.html ဖတ်ရှုနိုင်ပါတယ်။ အဲဒီလေယာဉ်အမျိုးအစားက လက်ရှိထုတ်လုပ်လက်လွှဲပြီးသမျှဟာလဲ စုစုပေါင်း ရှစ်စီးပဲရှိသေးတာမို့ ( http://en.wikipedia.org/wiki/Antonov_An-148 ) ဒီလောက်ဆို သိလောက်ပြီပေါ့နော်။ နအဖရဲ့ တိုင်းပြည်အတွက်ဝယ်တဲ့ အကြံအဖန်ပဲဗျာ ဒီလောက်တော့ရှိမှာပေါ့။ သေဆုံးသွားတဲ့ လေယာဉ်မှူးတွေရဲ့ မိသားစုတွေအနေနဲ့ ထိုက်တန်တဲ့လျှော်ကြေး (အသက်တချောင်း ဘယ်လိုမှတန်ဖိုးဖြတ်မရနိုင်ပေမယ့်) ရအောင် ဒီိနအဖ လုပ်ပေးနိုင်မလားဆိုတာပဲ စောင့်ကြည့်ရသေးတာပေါ့။ တကယ့်ကို အလဟဿပါပဲ၊ ပေါ ချောင် မကောင်းတွေနဲ့ ဖြတ်စားဘုန်းစားလုပ်ချင်ကြတာကိုး။ စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါ။ ဒို့ဖက်က တန်ပြန်ပိတ်ဆို့လိုက်အုံးမှာပါ၊ ရုရှားတို့ တရုတ်တို့ ဒို့ဖက်ကရပ်တည်လျက်ပါ ဆိုတဲ့ နအဖကွ ကြိတ်ထား။

  1. Unknown said... :

    ပျက်ကြသေသွားတာလဲ ကောင်းတာဘဲ... သို့မဟုတ်ရင်..မြန်မာပြည်မှာလူပေါ်လူစော်လုပ်နေဦးမှာဘဲ...

  1. Anonymous said... :

    mg ခင်ဗျားတော်တော်စာနာစိတ်မရှိတဲ့လူပဲ

  1. Anonymous said... :

    mg ဆိုတဲ့ လူက ဘုဂလန့်ကောင်ပဲ ၀က်ဆိုက်တော်တော်များများမှာ ဒီ nick name နဲ့ပဲ လုပ်နေတာ။ ဘယ်ဟာမှ အကောင်းပြောတယ် မရှိဘူး။ MG ဆိုတာ တစ်ယောက်တည်းပဲလားတော့ မပြောတတ်ဖူး။

  1. Anonymous said... :

    mg right!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved