သိုသိုသိပ်သိပ် တပ်မတော်နေ့ အခမ်းအနား

Monday, March 28, 2011

ဒီနှစ် ၆၆ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကတော့ သိုသိုသိပ်သိပ်နဲ့ ပြီးသွားပါတယ်။ ဒီနေ့ သတင်းစာမှာ ညစာစားပွဲကိုသာ တခမ်းတနား ဖော်ပြပြီး စစ်ရေးပြ အခမ်းအနားသတင်းကိုတော့ အတွင်းက စာမျက်နှာ ၅ မှာပဲ ခပ်မှိန်မှိန် ဖော်ပြထားပါတယ်။ ဗိုလ်မှူးချုပ် မောင်မောင်အေးနဲ့ ဗိုလ်မှူးချုပ် တင်မောင်ဝင်း တက်ရောက်ပါတယ်။ အေပီ သတင်းဌာနကလည်း တပ်မတော်နေ့ကို ပုံမှန်အတိုင်းမဟုတ်ဘဲ အဖြစ်လောက်သာ ကျင်းပ ဆိုပြီး သတင်းရေးထားတာတွေ့ရပါတယ်။

တပ်မတော်နေ့ မတိုင်ခင် တောက်လျှောက် ဝါဒဖြန့် ဆောင်းပါးတွေ၊ အဆိုတွေကိုပဲ အသားပေး ဖော်ပြနေလို့ ငလျင်သတင်းတွေကို စိတ်ဝင်တစား သိချင်နေတဲ့ ပြည်သူတွေက စစ်အစိုးရ သတင်းစာနဲ့ စစ်အစိုးရ မီဒီယာတွေကို ဒေါသထွက်ခဲ့ကြပါတယ်။

ဧရာဝတီက မတ်လ ၂၆ ရက်နေ့ သတင်းမှာ စစ်အစိုးရက တပ်မတော်နေ့ကိုသာ အမွှန်းတင်ပြီး အခြေအနေ ထင်တာထက် ဆိုးနေတဲ့ ရှမ်းပြည်အရှေ့ပိုင်း ငလျင်နဲ့ ပတ်သက်လို့ စစ်အစိုးရရဲ့ တုံ့ပြန်ပုံကို ထောက်ပြရေးသားခဲ့ပါတယ်။ (သတင်း ဖတ်လိုပါက မြန်မာ ဘာသာဖြင့် / အင်္ဂလိပ် ဘာသာဖြင့်)

3 comments :

  1. Anonymous said... :

    ပေါတာကြီးက လျှာလုံးနေပြီ....လေလုံးမကွဲတော့လို့ ရုပ်တည်နဲ့လုပ်စားလို့မရတော့လို့...မိန့်ခွန်းမပြောနိုင်တော့လို့..တပ်မတော်နေ့မလုပ်တော့တာပါ....ထွေထွေထူးထူးဘာမှမဟုတ်ပါဘူး...မတ်မတ်တောင်မရပ်နိုင်တော့ဘူးဗျ...

  1. Anonymous said... :

    လစ်ဗျားလိုသမခံရမှာစိုးတာနဲ့ဟန်ရေးသိပ်မပြချင်တော့တာနေမယ်။ဒီတနှစ်ပေါ့...။နောက်နှစ်တွေကြတော့မီးစင်ကြည့်ကတာပေါ့...။

  1. Anonymous said... :

    Joker: They don't have enough soldier. Some are fighting with Karen,Shan and Kachin. Many were got killed

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved