အရာဝတ္ထုတွေ အလိုလို မီးထလောင်

Monday, March 28, 2011

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးအနီး ထန်းတပင်လမ်းက နေအိမ်တအိမ်မှာ ပစ္စည်းတွေ အလိုအလျောက် မီးထလောင်မှု ၇ ကြိမ်လောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လိုက်ကာစက မီးလောင်တာ၊ ကြွေပြားတွေ ပူလာတာ၊ မီးသတ်တွေ ရှေ့မှာတင် အဝတ်ပုံက မီးထလောင်တာတွေ ဖြစ်နေတယ်လို့ အလဲဗင်း သတင်းမှာ ဖော်ပြထားပါတယ်။

ဟိုးအရင်ကလည်း မြေနီက တီဗီအရောင်းဆိုင်တခုမှာ အရာဝတ္ထုတွေ လေထဲ အလိုလိုပျံနေလို့ ဟိုးလေးတကြော် ဖြစ်ဖူးပါသေးတယ်။ မြန်မာလိုကတော့ ပုဏ္ဏကတိုက်တယ်လို့ ပြောကြတယ် ထင်ပါတယ်။

စိတ်ဝင်စားသူများ ဒီနေရာမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved