ရယ်စရာ ပဟေဠိ အမှတ် ၀၀၄ အဖြေများ

Wednesday, March 16, 2011


ဂျပန်မှာ သဘာဝဘေးဒဏ်ကြောင့် အကြီးအကျယ် ဒုက္ခတွေ့နေကြတယ်။
ဗိုလ်ချုပ်မှူးကြီးက ဂျပန်အစိုးရကို မနေ့က အကြောင်းကြားတယ်၊ "ကူညီပါရစေ" တဲ့၊ အကူအညီတွေ ပို့ပေးမယ် ဆိုပဲ။

မေးခွန်း - သူက ဂျပန်ကို ဘာတွေ ပို့ပေးချင်နေတာလဲ ?

သဲလွန်စ - နာဂစ်
အဖြေ - ဟောဒါတွေ ပို့ပေးဖို့ အဆင်သင့် ဖြစ်နေပါပြီ တဲ့။

၁။ ကြံ့ခိုင်ရေးပါတီက လှူဒါန်းသည် ဆိုတဲ့ စတစ်ကာ သန်း သုံးသောင်း။
(ဘယ်အလှူပစ္စည်းမှာ မဆို ကပ်လို့ရအောင် အရွယ်စုံ ပုံနှိပ်ထားတယ်)
၂။ အချုပ်ကား ၁၀ စီး။
(ဇာဂနာ၊ ဇော်သက်ထွေး တို့လို ကယ်ဆယ်ကူညီရေး လုပ်တဲ့သူတွေ၊ ဒေါက်တာနေ၀င်းတို့လို ရုပ်အလောင်း မြေမြှုပ်သူတွေကို တွေ့တဲ့နေရာမှာ ဆွဲစေ့ဖို့။)
၃။ ကြံ့ခိုင်ရေး၊ စွမ်းအားရှင်။
(သဘာဝဘေးအန္တရာယ်ဖြစ်ခဲ့တဲ့ နယ်မြေကို သွားမယ့်လမ်းမှာ ဒီ x%#@! တွေက စစ်ဆေးရေး ဂိတ်တွေ ဖွင့်မယ်။ ကွိုင်ရှာမယ်။ ဆွဲစားမယ်။ နှိပ်ကွပ်မယ်။)
၎။ သင်တန်းဆရာ ၂၀။
(ဘာသင်တန်းတွေ ပေးမလဲ ဆိုတော့ -
~ ကပ်သင့်ခဲ့လည်း ဘာမှ မဖြစ်ခဲ့သလို နေထိုင်နည်း၊
~ ကိုယ့်နိုင်ငံသားတွေကို အစွမ်းကုန် လိမ်နည်း၊
~ မိုက်ကြေးခွဲနည်း၊
~ နိုင်ငံတကာယုံအောင်ပြောနည်း၊
~ စာနယ်ဇင်းအတတ်ပညာ၊
~ ကပ်ဘေးသင့်ဒေသခံတွေကို ခြိမ်းခြောက်အကြပ်ကိုင်နည်း၊
~ ၁၅ မိနစ်အတွင်း မဲရုံတည်ဆောက်နည်း
~ အင်တာနက်ကို အင်တာနှေးဖြစ်အောင် လုပ်နည်း)



1 comments :

  1. Anonymous said... :

    ၇ီလည်း ၇ီ၇ဘူး(

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved