ယနေ့မှစ၍ သမ္မတဟု ခေါ်စေ

Wednesday, March 30, 2011


ယနေ့ နံနက်ယွန်းယွန်း၌ သတင်းအဖျင်းစာစောင်ကို ကောက်ကိုင်လိုက်ရာ “နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ” ဆိုပြီး စာလုံးမည်းကြီးနှင့် တွေ့ရ၏။ သေချာစောင့်ကြည့်နေသည့်ကြားမှ ဘယ်အချိန် ကျမ်းကျိန်လိုက်သည်မသိ။

သတင်းအဖျင်းစာ အတွင်းထဲတွင် သမ္မတနှင့် ဒုတိသမ္မတများထံ နိုင်ငံတကာမှ ပေးပို့ထားသော စာရင်းကို ခန့်ခန့်ကြီး ဖော်ပြထားသေးသည်။ သမ္မတတွေကို ပွဲထုတ်မည်လော၊ ငလျင်ဒုက္ခသည်တွေ တကယ်ကူညီရေးက အရေးကြီးသလောဟု မေးစရာရှိသည်။

မြန်မာပြည်သူများအတွက် ဘုမသိ ဘမသိ သမ္မတကြီးတော့ ရချေပြီ။ အကယ်၍ အသက်၂၀ ကျော် အစိတ်အရွယ် မြန်မာနိုင်ငံသားတဦး ဖြစ်ငြားအံ့၊ အနှီလူငယ်သည် “ကျနော်တို့ သမ္မတ” ဟူသော စကားကို သုံးဖူးမည် မဟုတ်ချေ။ “သမ္မတကြီး ဦးနေဝင်း” လက်ထက်နောက်မူကား “တပ်ချုပ်ကြီး” သာ အစဉ်တစိုက် ရှိခဲ့သောကြောင့်တည်။ ယခုမှုကား အကြောင်းရှိသော် လျှာယားယားဖြင့် သုံးကြရတော့ချေမည် တမုံ့။

“မြန်မာပြည်ရဲ့ အင်းမေ့ခ်ျဆိုရင် နိုင်ငံတကာမှာ သန်းရွှေရဲ့ လော်ပလိုစီရုပ်ကြီး ပြေးပြေးမြင်ရတာ စိတ်ညစ်လှသဗျာ” ဟု ညဉ်းလေ့ညဉ်းထရှိသော ကျွန်ုပ်၏ မိတ်ဆွေကား ယခု သမ္မတ အသစ်ကျပ်ချွတ်ကြီးကို မည်သို့ ပြောမည်မသိ။ စလောင်းဖုံး ရှုံ့တွတွကို နေပြထားသည့် ရုပ်နှင့် သမ္မတကြီး ဦးသိန်းစိန် ဖြစ်တော့သည်တကား။

အာဏာကင်ဆာဖြစ်နေသည့် မြန်မာပြည်မှာ ဒုတ်ထိုးကြိုးဆွဲ သမ္မတသစ်နှင့် အစိုးရသစ် ဘာဆိုင်းတီးပြီ ထွက်လာမည်ကို ကြည့်ကြဦးစို့ရဲ့။

မောင်ခက်

5 comments :

  1. Anonymous said... :

    နိုင်ငံတော်အစိုးရ နောက်ထပ်ဆယ်ယောက်တက်ပါစေအုံး .. မကောင်းပြောနေကြသူကတော့ သူ့အကျင့်စရိုက်အရ ပြောနေမှာပါပဲ ဘာဖြစ်လို့လဲ သူကိုယ်တိုင် အဲဒိနေရာ ရအောင်မယူနိုင်လို့ပါပဲ..မြေခွေး စပျစ်သီးမမှီတော့ ချဉ်ပါတယ်ပြောတတ်ပါတယ်..ကိုယ်ကိုယ်တိုင်တော့ ရအောင်မလုပ်ပဲ မကြိုးစားပဲနဲ့ လျောက်ပြောချင်နေကြတာ..လေးစားလောက်ပါတယ်..

  1. Anonymous said... :

    အင်း....အပေါ်က မှတ်ချက်ပေးကောင်းတဲ့ ပုဂ္ဂိလ်လို ဒုံးဝေး လူပျင်းတွေ လူဖျင်းတွေ ရှိနေသရွေ့ကတော့....ဘဘကြီးတို့ ရုပ်တည်ကြီးနဲ့ လုပ်စားလို့ ကောင်းနေဦးမှာပါပဲ...
    ရင်နှစ်သည်းချာ ကြီးနဲ့....ဘာတော်လဲ....ဟင်....များတို့က မသိလို့မေးတာနော်..ချိတ်ချိုးနဲ့နော်....ဟာကိုဟာများ....

  1. Anonymous said... :

    I totally agreed with second comment...

  1. Anonymous said... :

    လူကို ဖျက်တော့ အရက်၊
    ဓါးကိုဖျက်တော့ ဝါးမျက်တဲ့..။
    သမ္မတကြီးတို့ အတွက် စကားလက်ဆောင်လေး တစ်ခုပါးလိုက်ချ င်ပါတယ်..။
    တိုင်းပြည်ကိုဖျ က်ရင် ခေါင်းဆောင်
    ခေါင်းဆောင်ကို ဖျက်တာ မိသားစုပါ။
    သမ္မတကြီးတို့ အနေနဲ့ ကိုယ့်မိသားစုလေးနဲ့ ကိုယ့် အသိုင်းအဝိုင်းေ လးတော့ နိုင်အောင်ထိန်း ပေးကြပါ။
    သာဓက တွေရှိလို့ ပြောတာပါ။

  1. Anonymous said... :

    ပထမဆုံး ကွန်မန့် ပေးသွားတဲ့ ငနဲကတော့ ဘယ်လိုအစားထဲကများပါလိမ့်... မျိုးနဲ့ရိုးနဲ့ ထုံထိုင်းသိမ်ဖျင်းကျတာနဲ့ တူပါတယ်.. ဒီလိုလူတွေက ကိုယ်ဘာသာကိုတော့ အဟုတ်ကြီးထင်ကျတာ မဆန်းပါဘူး..ဒါပေမဲ့ ယောင်လို့တော့ ဆွေမျိုးမစပ်မိစေနဲ့ဗျို့..သနှစရာကောင်းလွန်းလို့ပါဗျာ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved