နအဖ ဖျက်သိမ်း၊ အစိုးရသစ်ကို အာဏာလွှဲ

Wednesday, March 30, 2011

(၂၀၀၈ တုန်းက မဟာမဲခေါင် အစည်းအဝေးမှာ တွေ့ရတဲ့ ဦးသိန်းစိန်၊ ဓာတ်ပုံ - Getty Images)

နအဖကို ဖျက်သိမ်းလိုက်ပြီး အစိုးရသစ်ကို အာဏာလွှဲကြောင်း တပ်ချုပ်ကြီး သန်းရွှေအမိန့်နဲ့ ကြေညာချက်ကို ခုနက MRTV 4 မှာ လွှင့်သွားပါတယ်။ တိုင်းနဲ့ ပြည်နယ်၊ မြို့နယ်၊ ခရိုင်၊ ရပ်ကွက်၊ ကျေးရွာ အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီတွေကိုလည်း ဖျက်သိမ်းကြောင်း ကြေညာပါတယ်။

အဆင့်ဆင့် ဖျက်သိမ်းခြင်းနဲ့ ဓနု၊ ပလောင်၊ ကိုးကန့်၊ ဝ စတဲ့ဒေသတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကိုလည်း ကြေညာသွားပါတယ်။

တရားသူကြီးချုပ်၊ ရှေ့နေချုပ်နဲ့ ဝန်ကြီးတွေ စာရင်းကိုတော့ သမ္မတ သိန်းစိန် လက်မှတ်နဲ့ ထုတ်ပြန်ပါတယ်။

သမ္မတ - သိန်းစိန်
ဒုတိယ သမ္မတ - သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒေါက်တာ စိုင်းမောက်ခမ်း
ပြည်ထောင်စု တရားသူကြီးချုပ် - ဦးထွန်းထွန်းဦး
ပြည်ထောင်စု ရှေ့နေချုပ် - ဒေါက်တာ ထွန်းရှင်
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ - ဦးတင်အေး
စာရင်းစစ်ချုပ် - ဦးလွန်းမောင်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved