ကမ္ဘာ့အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့် ကမ္ဘာအရပ်ရပ်တွင် ကျင်းပ

Tuesday, March 8, 2011

ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နေရာဒေသ အသီးသီး၊ ကမ္ဘာအရပ်ရပ်က အမျိုးသမီးတွေဟာ အမျိုးသမီး အခွင့်အရေးအတွက် ဆန္ဒဖော်ထုတ် ချီတက် တာတွေ၊ အသတ်ခံခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေ၊ ယုံကြည်ချက်အတွက် ထောင်တွင်း အကျဉ်းကျ ခံနေရတဲ့ အမျိုးသမီးတွေအတွက် ဆုတောင်းပွဲတွေ၊ ဆန္ဒဖော်ထုတ်မှုတွေ လုပ်ကြပါတယ်။ ဒီညနေမှာတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က အမျိုးသမီးအဖွဲ့ အသီးသီးဟာ အမျိုးသမီး အခွင့်အရေးအတွက် လမ်းလျှောက် ဆန္ဒ ဖော်ထုတ် ကြမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကမ္ဘာ့အမျိုးသမီးများနေ့ ကျင်းပနေတဲ့ မြင်ကွင်း (ဓာတ်ပုံ - GETTY IMAGE)
မက္ကဆီကို နိုင်ငံ ကွာနာဗာကာ မြို့တော်မှာ မနေ့က ကမ္ဘာ့အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့်ကျင်းပတဲ့ မြင်ကွင်းပါ။ ပန်းရောင် လက်ဝါးကပ်တိုင် တခုစီကတော့ ယုံကြည်ချက်အတွက် အသတ်ခံခဲ့ရတဲ့ အမျိုးသမီးတဦးစီကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ် (ဓာတ်ပုံ - Reuters)
ဒီပန်းပင်လေးကတော့ ဟွန်းဒရပ်စ်မှာ အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း အသတ်ခံရသူ အမျိုးသမီးတဦးကို ကိုယ်စားပြုပါတယ် (ဓာတ်ပုံ - Reuters)
ကင်ညာနိုင်ငံက အမျိုးသမီးတဦးက သူ့ဆန္ဒကို ထုတ်ဖော်တဲ့အနေနဲ့ လမ်းမမှာ အင်စတော်လေးရှင်း လုပ်နေတာပါ။ ဒီနှစ် ကမ္ဘာ့ အမျိုးသမီးများနေ့ ဆောင်ပုဒ်ကတော့ အမျိုးသမီးတွေ အဆင်ပြေကောင်းမွန်တဲ့ အလုပ်တွေ လုပ်နိုင်ဖို့ ညီမျှတဲ့ ပညာသင်ကြားခွင့်၊ လေ့ကျင့်မှု ရရှိခွင့်၊ သိပ္ပံနဲ့ နည်းပညာ သင်ကြားရခွင့် တို့ပဲ ဖြစ်ပါတယ် (ဓာတ်ပုံ - AP)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved