နှစ် ၁၀၀ ပြည့် အမျိုးသမီးနေ့ အိန္ဒိယမှာလည်း ကျင်းပ

Tuesday, March 8, 2011








နိုင်ငံတကာ အမျိုးသမီးများနေ့ကို အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဦးစီးပြီး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အနောက်ပိုင်း မြန်မာ့ရိပ်သာခန်းမမှာလည်း ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ အိန္ဒိယရောက် အမျိုးသမီး ခေါင်းဆောင်တွေက နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို ပြောပြကြပြီး တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ စစ်ပွဲတွေ အမြန်ဆုံး ရပ်ဖို့၊ ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်း ကို ဦးတည်စေချင်တဲ့အကြောင်း ပြောကြားခဲ့ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသူ အကျဉ်း သားတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ စစ်အစိုးရက အမျိုးသမီးတွေအပေါ် အတင်း အဓမ္မ ပြုကျင့်နေတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ချက်ခြင်း ရပ်တန့်ပေးဖို့ စတာတွေကို တောင်းဆိုခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံရောက် တိုင်းရင်းသူ အမျိုးသမီးငယ် တွေကလည်း လက်ရှိ နိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ အကြောင်းအရာ တွေကို ရေးစပ်ထားတဲ့ သီချင်း၊ သံချပ်တွေကို သီဆိုခဲ့ကြပါတယ်။

ဇာနည်မာန်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved