ကျမ်းရှူးအောင် ကျိန်နေကြပုံ
Thursday, March 31, 2011
သမ္မတနဲ့ ဒု သမ္မတတွေ ကျမ်းကျိန်နေတဲ့ ပုံနဲ့ ဦးသိန်းစိန် သမ္မတ မိန့်ခွန်းပြောနေတဲ့ ပုံပါ။ မြန်မာသတင်းဆိုဒ်တွေမှာ ရှာမရ၊ သတင်းစာမှာလည်း အဖြူအမည်းပဲ တွေ့ရတယ်။ ဒါပေမယ့် တရုတ်သတင်းဆိုဒ်တွေမှာ ကာလာနဲ့ပုံတွေ့ရလို့ ဒီမှာ တင်ပေးလိုက်ပါတယ်။
ကျမ်းကျိန်တဲ့ အခါ ပြောတဲ့အတိုင်း လုပ်ပါ့မယ်၊ သစ္စာခံရတယ်။ မဟုတ်ရင် ကျမ်းစူးတတ်တယ်လို့ ဆိုပါတယ်။ အဲဒီတော့ မဟုတ်တာလုပ်မယ့် လူကတော့ “ကျမ်းစူးပါစေ” လို့ ပြောမယ့်အစား “ကျမ်းရှူးပါစေ” လို့ လှီးလွှဲပြောတတ်ကြပါသတဲ့။ ကြားဖူးတာ ပြောပါတယ်။
13 comments :
  1. Anonymous said... :
    ကျမ်းကျိန်တယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံမှာမဖေါ်ပြထားပါ ကတိသစ္စာပြုသည်ဟုသာဖေါ်ပြထားပါသည်။ မြန်မာနိုင်ငံမှာကျမ်းသစ္စာကျိန်ဆို တာဟာကိုလိုနီအငွေ့အသက်ဖြစ်လို့ ၁၉၆၄ ခုနှစ်ဇွန်လ ၂၄ ရက်နေ့ကတဲက သုံးစွဲခြင်းမပြုတော့ပါ။၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲ ကတိသစ္စာပြုသည်ဟုပဲသုံးပါသည်။ မီဒီယာများသတိပြုကြပါကုန်။
  1. Anonymous said... :
    ကြာကလပ်ပေါ်တင်ပြီး လူသုံးဦး ကိုင်ထားသော အရာမှာ ကျမ်းမဟုတ်ပါ။
    ချီးထုပ်ဖြစ်ပါသည်။
    ထို့ကြောင့် ဖော်ပြပါ ပုဂ္ဂိုလ်များ ကျမ်းကျိန်နေသည်ဟု ဧရာဝတီဘလော့ဂ် အက်ဒမင်ကြီးဖော်ပြချက် မှားယွင်းနေပါသည် :P
    အမှန်မှာ ချီးထုပ်ကျိန်နေခြင်းသာ ဖြစ်ပါသည်။
    အပေါ်ကလူပြောသလို ကတိ သစ္စာပြုသည်ဟုလည်း မထင်ပါ။
    အစိုးရသည် ဘယ်တုန်းကမှ ကတိမတည်ခဲ့သဖြင့် ကတိသစ္စာပြုသည် ဆိုပါက ဖင်တွင်သွားတပ်ပြီး ... ဗြဲ... ဟူ၍သာ အော်ရီလိုက်ပါမည်။ (ရီဟု ရေးသားချက်မှာလည်း စာလုံးပေါင်းမှားနေပါသည်။ ကတိသစ္စာဆရာကြီး အနေဖြင့် ရီ/ရယ် စာလုံးပေါင်း သတ်ပုံကိုလည်း ထောက်ပြစေလိုပါကြောင်း၊ ချီးထုပ်တင်ထားသော အရာမှာ ကြာကလပ်မဟုတ်ကြောင်း၊ ရွှေကလပ်သာ ဖြစ်ကြောင်းကိုလည်း ထောက်ပြတော်မူပါ။)
    ကလပ်ပေါ်တင်ထားသော အရာမှာလည်း ကျမ်းမဟုတ်၊ စာအုပ်သာ ဖြစ်သည်ဟု ကတိသစ္စာဆရာကြီး အနေဖြင့် ထောက်ပြလိုပါက ထောက်ပြနိုင်ပါသည်။
  1. Anonymous said... :
    တို့ကတော့....တို့ကတော့...ဝေးဝေးကနေ ဆုတောင်းပေးမယ်..
    လောလောဆယ်တော့ သမ္မကြီးအူးသိမ်းစိန်ကိုယ်တိုင် ဗိုလ်ချုပ်မှုြး ကီးသန်းရွှေ ရဲ့လောင်းရိပ်အောက် က၇ုံးထွက်နိုင်ပါစေ
  1. Anonymous said... :
    ကျမ်းထဲမှာ ဘာတွေရေးထားတယ်ထင်သလဲ။မမှန်တာ မတရားတာလုပ်ခဲ့လျှင် ပိုမို၍ ကြီးပွားတိုးတက်ပါစေ လို့ရေးထားရင်........................
  1. Anonymous said... :
    မှန်ပါတယ် ခင်ဗျာ...ကတိသစ္စာပြုတယ်လို့ပဲသုံးပါတယ်....မီဒီယာသမားများ သတိပြု သင့်ပါတယ်...
    စကားလုံးအသုံးအနှုန်းကို ချင့်ချိန်သုံးဆွဲနိုင်ရင် အကောင်းဆုံးပါပဲ ခင်ဗျာ...
  1. soe said... :
    ကျမ်းကျိန်တာ ကျမ်းကျိန်တာပေါ့ လာပြီးဖြဲပြနေသေးတယ်
  1. Anonymous said... :
    ဗမာပြည်မာ ဘာကျမ်းတွေရှိလို့ ကျမ်းကျိန်တယ်ဆိုရတာလဲ...
  1. Anonymous said... :
    မီဒီယာဘက်က ရှေ့နေလိုက်တာတော့မဟုတ်ပါဘူး။
    ၂၀၀၈ အခြေခံဥပဒေမှာ..... လေးနက်တည်ကြည်စွာ ဂတိပြုပါသည်။ ကျမ်းသစ္စာဆိုပါသည်။ လို့ပါသည်။
    ဒီတော့ဂတိလည်းပြု ကျမ်းလည်းကျိန်တာကိုညွန်းတာလို့ယူဆပါတယ်။ ကျမ်းဆိုတဲ့ သဘောက လေးနက်တယ်။ ကျမ်းမှာက ဘုရားစကား၊ တရားစကား၊ သစ္စာစကား သဘောတွေပါတော့ လေးနက်တယ်ပေါ့။ ကတိဆိုတာက ၁၉၆၄ ခုနှစ်ကတည်းက ကတိပေး ပေးပြီးလိမ်လာခဲ့တာ။ အခုတော့ ကတိသစ္စာလည်းပြုတယ်။ ကျမ်းသစ္စာလည်းကျိန်တယ်ဆိုတော့ အင်း... သူတို့ကျမ်းကဘာကျမ်းလဲတော့ မသိဘူးလေ....
  1. Anonymous said... :
    ကျမ်းကျိန်ရုံမကလို့ ကြိုက်တာလုပ်.. ဒီစစ်ခွေးတွေနဲ့ အောက်ဆွဲတွေ အုပ်ချုပ်နေသရွေ့ တော့် ငါတို့နိင်ငံကြီးက ပိုပြီးစုတ်ပြတ်မွဲတေရုံပဲရှိတော့မယ်
    လုပ်ထားဦးပေါ့... အလှည့်ကျရင် မနွဲ့စတမ်းပေါ့..ကျူပင်ခုတ်၊ကျူငုတ်မကျန်စေရပါဘူး..
  1. Anonymous said... :
    Bull Shit Government of Thein Sein. Let's terminate Thein Sein Gov.
  1. Anonymous said... :
  1. Anonymous said... :
    ((Anonymous said...
    ဗမာပြည်မာ ဘာကျမ်းတွေရှိလို့ ကျမ်းကျိန်တယ်ဆိုရတာလဲ...
    April 1, 2011 1:25 AM ))
    ဘာကျမ်းလဲသိချင်ရင်...
    http://www.burmastrangenews.com/2011/03/blog-post_2591.html မှာ ဖတ်ကြည့်ပါလေ.... ကျမ်းတွေပေါမှပေါ
    ဘာမသိ ညာမသိ ကြံ့ကြီး၊ ဖွတ်ကြီးများက ကိုယ်လုံးတီး ၀မ်းလျားမှောက် ပြားပြားဝပ်ကာ မြေဖြူခဲ၊ ကျောက်တံ၊ မီးသွေးခဲ တို့ဖြင့် ရေးသား စီရင်အပ်ဘိသော ဗေဒင်ကျမ်း၊ ဗိန္ဓောကျမ်း၊ ဟူးရားကျမ်း၊ လောကျမ်း၊ လိပ်ခေါင်း ပျောက်ဆေးကျမ်း၊ ဟင်းချက်နည်းကျမ်း၊ ပွေးဆေး ဖေါ်နည်းကျမ်း၊ ငပိဖုတ်နည်းကျမ်း၊ ဘာကျမ်း၊ ညာကျမ်း၊ သာရကာကျမ်း၊ စသည့် ကျမ်းပေါင်းများစွာကို လက်ဝယ် ကိုင်စွဲလျက် ကျမ်းသစ္စာ ကျိန်ဆိုမှု ပြုခဲ့ကြောင်း သတင်းရရှိပါသည်။
  1. Anonymous said... :
    နွားအိုတွေက တနေ့ကမှ ကတိသစ္စာပြုတယ်..ဒီနေ့အိမ်မှာသုံးဖို့ ရုံးကားတွေကို အလုအယှက်ယူနေကြ ပီ...စီမံ/စီးပွားနှင့်မွေးရေ ဝန်ကြီးဆို အိမ်မှာသုံးဖို့ ကား(၈)စီးနှင့်ဆီစာအုပ်တွေ ယူသွားပြီ.. ကားတောင်အငမ်းမရ ယူတယ်ဆိုတော့ ကျန်တာတော့ စဉ်းစားကြည်ြ့ကေ ပါ့...သမတကြီး‌ပြောတဲ့ မိန့်ခွန်း အတိုင်းဖြစ်ပါ့မ လား....စောင်ြ့ကည်ြ့ကပါ ကုန်...သန်းရြွှေ့ကီးကေ တာ့ သား၊သမီး၊ ‌မြေး နှင့် သူ့အစ်မကြီးစီးဖို့ ကား(၂၇)စီး တပ်မှယူသွားလေရဲ့ ...အရပ်ကတို့ရေ
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved