ရင်ကိုထိစေသော ကြော်ညာလေးတခု

Tuesday, March 8, 2011

ဒီကြော်ညာလေးက ကြာတော့ ကြာပါပြီ ...

အလွန်ချစ်ကြတဲ့ အိမ်မြှောင်နှစ်ကောင် ကြည်နူးနေချိန်မှာ မျက်နှာကျက်က ဟောင်းလွန်းတော့ ဆွေးမြေ့ အက်ကွဲသွားပါတယ်။ အက်ကြောင်းထဲကို အိမ်မြှောင်အမလေးဟာ ပြုတ်ကျပြီး အောက်က လူသုံးယောက် ကစားနေတဲ့ ကျားခုံ အလယ်တည့်တည့်ကိုကျပြီး သေပွဲဝင်ရရှာပါတယ်။ ကျန်တဲ့ အိမ်မြှောင်အထီးဟာလည်း မျက်ရည် ဘူးသီးလုံးလောက်ကျပြီး သေမထူးနေမထူးဆိုပြီး သူ့ချစ်သူကောင်မလေးရဲ့ လမ်းကိုလိုက်ကာ အတူသေပွဲဝင်လိုက်ပါတယ် ... အဲဒီမှာ ကျားထိုးနေတဲ့ အိမ်ရှင်ရဲ့ သူငယ်ချင်းနှစ်ယောက်ဟာ စိတ်မကောင်းဖြစ်၊ မျက်နှာကျက်ကောင်းကောင်း မတပ်ရကောင်းလားဆိုပြီး အိမ်ရှင်ကို ထသတ်ပါတော့တယ် ... မျက်နှာကျက်ကြော်ညာလေးပါ ...

3 comments :

  1. Anonymous said... :

    ထိုင်းတွေရဲ့ ကုန်ပစ္စည်းကြော်ငြာတွေက တော်တော်အိုင်ဒီယာကောင်းပါတယ်။ ဒီလိုမျိုး လူတွေရဲ့စိတ်မှာ စွဲနေအောင် ပြတဲ့ တခြားကြော်ငြာတွေလည်းတွေ့ဖူးတယ်။ ထိုင်းကြော်ငြာတွေဟာ နိုင်ငံတကာအဆင့်မှီနေတာကို အားရစရာတွေ့ရတယ်။ မြန်မာလို ကုန်ပစ္စည်းတခုကို ကိုင်ပြီး မော်ဒယ်လေးတွေက သီချင်းဆို လှည့်ပတ်ခုန်ပေါက်တဲ့ ကြော်ငြာတော့ မတွေ့ရဘူး။

  1. Anonymous said... :

    မျက်တောင် တဆုံးလောက်သာ မြင်နိုင်၊ တွေးနိုင်တဲ့ မြန်မာပြည်က ကြော်ငြာ ဒါရိုက်တာတွေကိုလည်း ဒီလိုမျိုး စိတ်ကူးကောင်းလေးတွေ ရှိစေချင်လိုက်တာဗျာ...။

  1. Anonymous said... :

    it's far from reality. since when lizard started dying after falling from a high place?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved