သန်းရွှေကို ဖော်ကောင်လုပ်သူ ပြည်နှင်ဒဏ်ခံရ

Thursday, March 24, 2011

မြန်မာပြည်၏ အာဏာရှင်သန်းရွှေကို ဖော်ထုတ်ခြင်း (Than Shwe, Unmasking Burma’s Tyrant) စာအုပ် ရေးသားသူ၊ သတင်းစာဆရာ၊ လူ့အခွင့်အရေး လှုပ်ရှားသူ ဘင်နဒစ် ရော်ဂျာကို ရန်ကုန်မြို့ ဟိုတယ်တခုကနေ လုံခြုံရေးတပ်ဖွဲ့များက ထိန်းသိမ်းပြီး တိုင်းပြည်မှ ချက်ခြင်း နှင်ထုတ်လိုက်ကြောင်း မိုးမခမှာ ရေးထားတဲ့ သတင်းပါ။ (ဒီနေရာမှာ ဖတ်ပါ) အရင်က CNN က ဒန်ရေးဗားလည်း ၂ ခါလောက် ကြော့ပြီး ပြန်ဝင်ဖူးပါတယ်။ ရောက်ပြီးကာမှ ပြန်နှင်ထုတ်ခံရတာလည်း ရှိပါတယ်။

စစ်အစိုးရက မသိချင်ယောင်ဆောင်ပြီး တမင်ပဲ အဝင်ခံတာလား၊ တကယ်ဘဲ မသိလို့ အထဲရောက်ကာမှ ရှာဖွေပြီး ပြည်နှင်ဒဏ်ပေးရတာဆိုတာကတော့ မသိနိုင်ပါ။

1 comments :

  1. Anonymous said... :

    အာဏာရှင်ဆိုသူတွေရဲ့ ယုတ်မာပက်စက်မှုတွေကတော့ ကန်းကုန်အောင်ပါပဲ။ အထင်းသား ကြားသိ တွေ့မြင်နေရတာပဲလေ။ အာဏာရှင်တွေမှာ တကယ်ပဲ အဏာရှိကြသလား။ ကိုယ်ပိုင်အတွေးအရဆိုရင်တော့ အာဏာရှင်ဆိုသူတို့ရဲ့ ယုတ်မာ ကောက်ကျစ်မှုတွေကို ကြောက်နေကြတဲ့ လူတွေနဲ့ သူတို့ဆီကကျလာမည့် အရိုးအရင်းကို မျှော်ကိုးစောင့်စား နေကြတဲ့လူတွေက အာဏာရှင်ဆိုသူတွေကို အာဏာတွေ အပ်နှင်းထားကြတာပဲ။ အဲဒိလူ (၂) မျိုး မရှိတဲ့နေ့ အာဏာရှင် မျိုးတုံးတဲ့ နေ့ပါပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved