ဂီရိ ကူညီရေး စီးရီးခွေ ထွက်ပြီ

Thursday, March 24, 2011

-

ရှင်သန်နိုးထ အာရက္ခ စတိတ်ရှိုးတွင် အဆိုတော် ယုယုလှိုင် ဖျော်ဖြေနေစဉ်


ဂီရိမုန်တိုင်းဒဏ်ခံ ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပြုလုပ်ခဲ့တဲ့ "ရှင်သန်နိုးထ အာရက္ခ" စတိတ်ရှိုးဟာ ယခုအခါမှာ DVD တေးစီးရီးအဖြစ် ထွက်ရှိနေပြီလို့ သိရပါတယ်။

"ရှင်သန်နိုးထ အာရက္ခ" DVD တေးစီးရီးမှာ အကယ်ဒမီရ သရုပ်ဆောင်များဖြစ်တဲ့ နေတိုး၊ ခန့်စည်သူ၊ အောင်လွင်၊ အောင်ခိုင်တို့အပြင် နေထက်လင်း၊ သူထူးစံ၊ ဘုန်းလျှံ၊ အရိုင်း၊ ကုသိုလ်၊ ငှက်ပျော်ကြော်၊ အယ်လ်ကိုလင်း၊ ဒိုအ်ရီး၊ ခိုင်မြတ်မင်း၊ ဦးမောင်သိန်း၊ ဦးသန်းမောင်၊ ကိုကိုနိုင်၊ မောင်ကိုကို၊ ရတနာ၊ ရတနာမိုင်၊ မိုင်၊ စိမ်းလဲ့လဲ့၊ ခင်လေးနွယ်၊ ဖြူဖြူအောင်၊ စောနှင်းနွယ်၊ ရှိုင်း၊ ယုယုလှိုင်၊ မိချော၊ ဇင်မာထွန်းတို့က ဥက္ကဦးသာ ဦးစီးတဲ့ Plus 3 Music Band ၊ လေးဝတီအကအဖွဲ့တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုထားကြတာကို တွေ့ရပါတယ်။

"ရှင်သန်နိုးထ အာရက္ခ" တေးစီးရီး ပထမတွဲဟာ ထွက်ရှိနေပြီဖြစ်ပြီး ဒုတိယအခွေဟာလည်း ဧပြီလ ၁ ရက်နေ့မှာ ထွက်ရှိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

DVD တခွေလျှင် ၁၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးနေတာဖြစ်ပြီး တဆင့်ပြန်လည်ရောင်းချလိုသူများ ဦးသန်းမောင် ဖုန်းနံပါတ် 09-73034288 နှင့် ကိုထွန်းလှိုင် ဖုန်းနံပါတ် 09-73096814 တို့ထံ ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

4 comments :

  1. Anonymous said... :

    ခေါင်းစဉ်မှားတဲ့သတင်း

  1. Anonymous said... :

    အရမ်းဂုဏ်ယူဝမ်းမြောက်မိပါတယ်ဗျာ.........သိပ်အောင်မြင်ပြီး ဂီရိသင့် ပြည်သူများအတွက် များများထောက်ပံ့ပေးနိုင်ကြပါစေဗျာ...........

  1. Anonymous said... :

    လွဲနေပါသည်။ ဘာဆိုလိုသည် မသိပါ။

  1. ရခိုင်သားလေး said... :

    ပထမ comment မှာ*ခေါင်းစဉ်မှားတဲ့သတင်း*ဆိုပြီးတင်ထားတာတွေ့တယ်။
    ခေါင်းစဉ်မှန်ရဲ့သားနဲ့ဘာအဓိပါယ်နဲ့ဒီလိုတင်ထားတာလဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved