အာဏာပိုင်တွေ စောင့်ကြည့်၍ စာဖြေသံဃာများ စိတ်အနှောင့်အယှက်ဖြစ်

Tuesday, March 22, 2011

မြန်မာနိုင်ငံအတွင်းမှာ ယမန်နေ့ကစပြီး သံဃာတော်တွေ စာမေးပွဲဖြေဆိုနေကြရပြီး အာဏာပိုင်တွေဘက်က သံဃာတွေကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ စစ်ကိုင်းမြို့မှ သံဃာတပါးက ဧရာဝတီကို မိန့်ပါတယ်။

“စရဖ ၊ သတင်းတပ်ဖွဲ့ကလူတွေက အရပ်ဝတ်တွေနဲ့ ဦးပဉ္ဇင်းတို့ စာမေးပွဲဖြေနေတဲ့ ကျောင်းနားတ၀ှိုက်မှာ စောင့်ကြည့်နေကြတယ်။ ရိုးရိုးရဲတွေလည်း ကျောင်းနဲ့မလှမ်းမကမ်းမှာ လုံခြုံရေးယူထားကြတယ်။ သူတို့တွေကို မြင်နေရတော့ စိတ်အနှောင့်အယှက်ဖြစ်တယ်”လို့ သံဃာတော်က ဆိုပါတယ်။

ယမန်နေ့ကစပြီး မြန်မာနိုင်ငံတ၀ှမ်းလုံးမှာ
မူလတန်းမှ ပထမကြီးတန်းအထိ သာသနာရေးစာမေးပွဲတွေ ကျင်းပနေတာဖြစ်ပြီး သံဃာတော်နဲ့ သီလရှင်တွေ ၀င်ရောက်ဖြေဆိုနေကြပါတယ်။ -

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved