ရယ်စရာ ပဟေဠိ အမှတ် ဝဝ၆ အဖြေ

Monday, March 21, 2011


နျူကလီးယားဗုံး

ခုတလော ရက်ရာဇာတွေချည်းပဲ လို့ ဗိုလ်ချုပ်ကြီးတွေက ယူဆနေတယ်။
နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ဓာတ်ပေါင်းဖိုတွေတောင် မလိုဘူးတဲ့။
ဟုတ်ပါတယ်။ နျူလက်နက် ပိုင်ဆိုင်ဖို့ နီးကပ်လာပြီလို့ ဆိုပါတယ်။


မေးခွန်း - နျူလက်နက်ကို ဘယ်လို ထုတ်မလဲ။

သဲလွန်စ - လေယာဉ်ကွင်း

အဖြေ - ဂျပန် ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံပေါက်ကွဲမှုကြောင့် ဂျပန်ရောက် မြန်မာပြည်သားတွေ အလုံးအရင်းနဲ့ ပြည်တော်ပြန်နေကြတယ်။ မင်္ဂလာဒုံ လေယာဉ်ကွင်းရောက်တော့ သူတို့ကို စစ်ဆေးနေတယ် တဲ့၊ နျူကလီးယား ဓာတ်ရောင်ခြည်တွေ ပါသလား မပါဘူးလားပေါ့။

ပါတယ်ဆိုရင် နျူကလီးယားဓာတ်တွေကို သိမ်းယူပြီး ပုံးထဲမှာ ထည့်ထားဖို့ နေပြည်တော်က အမိန့်ပေးထားတယ်။
အဲဒီ နျူကလီးယားပုံးတွေကို ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် မင်္ဂလာဒုံလေယာဉ်ကွင်းလာပြီး ယူမယ် တဲ့။





2 comments :

  1. Anonymous said... :

    this satire is good in deed!
    carry on irrawaddy media!

    Kyaw Gyi

  1. Anonymous said... :

    ကိုဂျာမဏီ ဆက်လုပ်ဗျို့ ... ဒီကဏ္ဍကို အရမ်းကြိုက်တယ် ... ကျနော့်ကိုတော့ လာမမေးနဲ့နော် ... မသိတာ တခုတည်းရှိတယ် ... :(

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved