ခရီးသွား အလှမယ် ၂၀၁၁

Monday, March 21, 2011

စနေနေ့က တပေါင်းလပြည့် စူပါမွန်း ဖြစ်စဉ်နဲ့အတူ Miss Tourism Myanmar - 2011 ပြိုင်ပွဲကို ရန်ကုန်မြို့ စထရင်း ဟိုတယ်မှာ ကျင်းပခဲ့ပါတယ် (ဓာတ်ပုံ - AP)









မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနက ကြီးမှူးပြီး Miss Tourism 2011 ပြိုင်ပွဲကို ရန်ကုန်မြို့ Strand Hotel မှာ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ရွေးချယ်ထားတဲ့ နောက်ဆုံး ဆန်ခါတင် အလှမယ် မော်ဒယ်လ် ၂၀ ကို Round ၂ Round နဲ့ ယှဉ်ပြိုင်စေပြီး ပထမ Round မှာ ရိုးရာဝတ်စုံနဲ့၊ ဒုတိယ Round မှာ ညနေခင်း ပွဲတက်ဝတ်စုံတွေနဲ့ ယှဉ်ပြိုင်စေပါတယ်။

အဲဒီ အလှမယ်၂၀ ထဲကနေ နောက်ဆုံး ဆန်ခါတင် ၅ ဦးကို ရွေးပြီး Miss Tourism, 1st Runner Up, 2nd Runner Up, 3rd Runner Upနှင့် 4th Runner Up စသည်ဖြင့် ချီးမြှင့်တယ်လို့ သိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved