မြန်မာနိုင်ငံအတွင်း ဟိမ၀န္တာ တောင်ခြေမှ လေအေးတွေ တိုးဝင်နေ

Thursday, March 17, 2011


လွန်ခဲ့တဲ့(၂၄)နာရီ အတွင်းက ဟိမ၀န္တာတောင်ခြေကလေအေးတွေဟာ တရုတ်ပြည်မကြီးပေါ်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားများ ရပ်ဝန်းကြီးမှဆစ်တင့် မြန်မာနိုင်ငံအတွင်းကို တိုးဝင်လာနေပါတယ်။

လွန်ခဲ့တဲ့ (၁၁-၃-၂၀၁၁)ရ့်နေ့စပြီးတော့ မြန်မာနိုင်ငံတ၀ှမ်းမှာ မိုးတွေကလည်း ရွာနေခဲ့ပါတယ်။ အခုမှဘဲ လာနီညာ ရာသီဥတုဆိုတာ အေးပြီးစွတ်စိုတဲ့ ရာသီဥတုကို ဖြစ်စေပါတယ်ဆိုတာ လက်တွေ့ပါဘဲ။ မတ်လဆိုတာ နွေကာလကြီးပါ။ အခုမှာ နွေခေါင်ခေါင်ကြီးမှာ မိုးတွင်းကြီးလို မိုးတွေရွာနေပြီး ဆောင်းတွင်းကြီးလို အေးနေပါတယ်။ ဒါဟာ ရာသီဥတုတွေ ဖေါက်ပြန်နေတဲ့ သဘောပါဘဲ။

၂၀၁၀-၂၀၁၁ လာနီညာဟာ အသင့်အတင့်အားကောင်းတဲ့အဆင့်သာရှိပေမယ့် သူ့ရဲ့ အကျိုးဆက်ဖြစ်တဲ့ လာနီညာရာသီဥတုကတော့ လာနီညာသမိုင်းတလျှောက်မှာ အဆိုးဝါးဆုံးဘဲလို့ စောစောပိုင်းကဖြစ်ခဲ့တဲ့ သြစတြေလျ၊ နယူးဇီလန်၊ ပီရူး၊ အီကွေဒို၊ ဘိုလီးဗီးယား၊ သီရိလင်္ကာ စတဲ့ နိုင်ငံတွေမှာ ကြုံတွေ့ခဲ့ရတဲ ရာသီဥတု ဆိုးဝါးမှုတွေကို ကြည့်ပြီး ရာသီဥတု ပညာရှင်တွေက သုံးသပ်ကြပါတယ်။
အဲဒီ လာနီညာရဲ့ အဆိုးဝါးဆုံး ရာသီဥတု အကျိုးဆက်တွေကို ကျွှန်တော်တို့ အခုမှဘဲ စတင် ကြုံတွေ့နေရပြီလို့ MCCW ကတော့ ယူဆကြောင်းပါဗျာ။

(ဒေါက်တာထွန်းလွင်ရဲ့ ယနေ့ မိုးလေ၀သထုတ်ပြန်ချက်ကို တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ရန်ကုန်မှာလည်း အရမ်းအေးနေပြီး အင်တာနက်သုံးရတာလည်း အရမ်းနှေးကွေးနေတယ်လို့ ရန်ကုန်မြို့ခံများက ပြောနေကြကြောင်းပါခင်ဗျား။
)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved