ဧရာဝတီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက် အတိုက်အခိုက် ခံရ

Saturday, March 12, 2011

ဧရာဝတီ သတင်းစာမျက်နှာ ဝက်ဘ်ဆိုက် အင်္ဂလိပ်ပိုင်းမှာ မနေ့ည သန်းခေါင်လောက်က သတင်း ၂ ပုဒ် တက်လာပါတယ်။ တပုဒ်ကတော့ အဆိုတော် မေဆွိ သေတယ်ဆိုတဲ့သတင်းပါ။ အဲဒီသတင်းဟာ ဧရာဝတီ မဂ္ဂဇင်းက ရေးပြီးတင်တဲ့သတင်း လုံးဝ မဟုတ်ဘူး ဆိုတဲ့အကြောင်းကို ဒီနေရာက ရှင်းပါရစေ။

မမေဆွိ အနေနဲ့ ဒီသတင်းကို ဖတ်ပြီး သူ့ရဲ့ facebook မှာ ရှင်းထားတဲ့အပြင် ဧရာဝတီကိုပါ သတင်းမှားရေးတယ်ဆိုပြီး တော်တော် ဒေါသထွက်နေပုံရပါတယ်။ ဒီသတင်းကို တင်တဲ့သူက ဧရာဝတီအကြောင်း တော်တော် မသိတဲ့သူ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းထောက် နာမည်က ဗိုင်အိုလက်ချို ဖြစ်နေပါတယ်။ ဗိုင်အိုလက်ချိုက ဧရာဝတီမှာ မလုပ်တော့တာ ၁ နှစ်ကျော်ပါပြီ။

အဲဒီသတင်းတွေက ဟက်ကာတဦးဦး ဒါမှမဟုတ် တဖွဲ့ဖွဲ့က ရည်ရွယ်ချက် ရှိရှိနဲ့ တင်လိုက်တာဖြစ်ပါတယ်။ မမေဆွိ သေတယ်ဆိုပြီး ၂၀၀၈ နှစ်ဆန်းပိုင်းလောက်က တခါ အေပီ သတင်းဌာန အမှတ်တံဆိပ်ကိုသုံးပြီး လူတဦး သို့မဟုတ် လူတစုက လုပ်ဖူးပါသေးတယ်။ အဲဒီတုန်းက ဒီဘက်က မီဒီယာတွေတောင် အေပီက ထွက်တာပဲ ဆိုပြီး သတင်းလိုက်ဖို့ လုပ်ကြပါတယ်။ နောက်တော့မှ မဟုတ်ကြောင်း သိရတာပါ။ အခုကတော့ ဧရာဝတီဆိုက်ကို တမင် ရည်ရွယ်ချက်နဲ့ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်တာပါ။

နောက်သတင်းတပုဒ်က ပိုဆိုးပါတယ်။ ဧရာဝတီကို NLD နဲ့ ရန်တိုက်ပေးသလို ရေးထားတဲ့ သတင်းပါ။ ဧရာဝတီ၊ DVB စတဲ့ မီဒီယာတွေ ဒိုနာတွေဆီက ရနေတဲ့ ငွေကြေး အလျှော့ခံရတဲ့အတွက် NLD ကို ကျေးဇူးတင်ပါတယ် ဆိုပြီး ရေးထားပါတယ်။ နောက်ထပ် ဘာတွေ ထပ်လုပ်ဦးမယ်ဆိုတာ မပြောနိုင်ပါဘူး။

ဧရာဝတီရဲ့ ကွန်ပြူတာ နည်းပညာသမားများက ဧရာဝတီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုဒ်ဟာ Hijacking လုပ်ခံတာဖြစ်ကြောင်း အတည်ပြုထားပြီး အခု ဝက်ဘ်ဆိုဒ် အမှန်ကို ပြန်ရောက်ရေးအတွက် ကြိုးပမ်းနေပါတယ်။

ထင်ယောင်ထင်မှား ဖြစ်စရာတွေ၊ ပြဿနာ တက်စရာ၊ အငြင်းပွားစရာတွေနဲ့ ရန်တိုက်ပေးတဲ့ ပုံစံမျိုးကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ ဖြစ်တဲ့အတွက် အဲဒီကိစ္စကို ဧရာဝတီက ဖော်ထုတ်ဖို့ ကြိုးစားနေတယ် ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

ဧရာဝတီ

13 comments :

  1. Anonymous said... :

    သတင်းကိုအတိအကျမတိဘဲနဲ့ ထင်ရာမြင်ရာလျောက်ရေးပြီးရင်
    ဟက်ကာတွေကြောင့်ပါလို့အကြောင်းပြကောင်းလိုက်တဲ့ဧရာဝတီ

  1. Anonymous said... :

    ကျနော် က ဧရာဝတီ အင်္ဂလိပ်သတင်းတချို့  ကို ၀င်မဖတ်နိုင်တဲ့(အချိန်မပေးနိုင်တဲ့) နိုင်ငံခြားသားတချို့  ကို forward လုပ်ပေးတတ်ပါတယ်။
    တချို့  ကတော့ အရှိန်ရသွားပီး သူတို့ ဟာ သူတို့ ဝင်ဖတ်ပါတယ်။
    ကျနော်တော့ တချို့ သတင်းတွေ( ဧရာဝတီဘလော့ အပေါက်ကျဉ်းဆေး) လို ဟာမျိုးတွေ ကိုလဲ ကော်မန်းထဲကနေ ပက်ပက်စက်စက် တွယ်ပါတယ်။
    ဧရာဝတီ ကို လဲ ကနေ့ အထိ လေးစားနေပါတယ်။
    ပိုမိုတိုးတက် အောင်မြင်ပါစေ။

  1. Anonymous said... :

    မင်းတို့ ၀ဘ်ဆိုက် ကြီးအကြောင်းသိနေတာ ကြီးကို ... ခုမှ ဟက်ကာလေး ဘာလေး နဲ့
    ပါးစပ်ထဲရှိတဲ့ အလုံးတွေကောက်ထည့်နေတယ်...ကိုယ့်ဟာကိုယ်တင်ချင်တာ လျှောက်တင်ပြီး သတင်းမှား မှန်းသိမှ ဟက်ကာတဲ့ ..ရှက်ပါဦး ဧရာဝတီ ..အဆင့်မှမရှိပဲ..

  1. Unknown said... :

    WTF.....You should have your servers more secure and invest more money to protect hackers like that. Now I simply don't trust your source or the creditability of your news!!!!

    Ko Andrew (Ma Swe Hubby)

  1. Anonymous said... :

    မမေဆွိသေဆုံးသွားကြောာင်း ဧရာဝတီသတင်းဌာန(အိင်္ဂလိပ်ဆိုက်)မှာ အံ့အားသင့်စွာဖြင့်ဖတ်လိုက်ရပါတယ်၊ ဒါကြောင့် အခြေအနေတွေကိုပိုသိရမလား ရည်ရွယ်ချက်နဲ့ သူမရဲ့Facebook ကိုသွားလည်ကြည့်ဖြစ်တယ်။ ရေးထားတာတွေအမျိုးမျိုးကိုလည်း ဖတ်ဖြစ်ပါတယ်။ ဧရာဝတီမှာတင်ထားတဲ့သတင်းကိုဖတ်လိုက်တော့ By Violet Cho ဆိုတာကိုသွားတွေ့တယ်၊ ဧရာဝတီကပြောသလို Violet Cho ဟာ ဧရာဝတီမလုပ်တော့ပဲ နိုင်ငံခြားတိုင်းပြည်တခုမှာ ကျောင်းတက်နေတာကြာပါပြီ။ နောက်ပြီး သတင်းမှာဘယ်သူကပြောကြောင်း အထောက်အထားတခုမှမပါဘူးဆိုတာကို သတိထားမိတယ်။ Violet Cho ဟာသတင်းထောက်ပညာကို နှစ်နဲ့ချီတက်ထားသူတယောက်ဖြစ်ပြီး ဒီလိုအထောက်အထားမခိုင်လုံတဲ့ သတင်းတွေကို ဘယ်တော့မှရေးမှာ မဟုတ်ဘူးဆိုတာကို ကျနော်ယုံကြည်ပါတယ်၊ သူ့အကြောင်းကို သိလို့လည်း ဒီလိုယုံကြည်တာဖြစ်ပါတယ်။ သတင်းဌာနတခုအနေနဲ့လည်း ကိုယ့်သတင်းဌာနသိပ်ခါကျအောင် ဒီလိုအထောက်အထားမခိုင်လုံတဲ့သတင်းမျိုးကို တင်လိမ့်မယ်လို့ ကျနော်မယုံကြည်ပါဘူး။ ဒီသတင်းကို ဖတ်လိုက်ရကတည်းက သတင်းလောကကို အတိုင်းအတာတခုထိဖြတ်သန်းဖူးတဲ့ လူတွေသိကြပါလိမ့်မယ်။

  1. Anonymous said... :

    သေချာမှလုပ်ပါဆရာရယ်။ရတနာပုံတယ်လီပို့ ကိုဟက်တုန်းကဘာရေးသွားသလဲ။အများကြီးမလုပ်ဘူးနော်။ခုလဲလူကြီးမင်းတို့ ဆိုဒ်ကိုဟက်တာမေဆွိသတင်းနဲ့ ဟက်လို့ ဘာအကျိုးရှိမှာလဲ။ဝင်လို့ ရနေမှတော့အကုန်လျောက်ရေးမှာပေါ့။လူတွေကိုလည့်စားဖို့ မကျိုးစားပါနဲ့ ။သေချာမှလုပ်ပါ။

  1. Anonymous said... :

    အဆင့်မ၇ှိလည်း ဘာလို့ လာဖတ်နေကြသေးလဲ၊ ဧရာဝတီက အဆင့်မရှိတော့ မြန်မာ့အသံနဲ့ မြ၀တီတို့ က သိပ်အဆင့်ရှိနေကြတယ်ပေါ့လေ. ကြားထဲက စိတ်တိုလာလို့ ရေးလိုက်တာ။ ဟတ် လုပ်လိုက်တာ မသိဘူးလား၊ ဧရာဝတီ က သာ အဆင့်မ၇ှိရင် ဘယ်သူမှ အားပြီး အချိန်ကုန်ခံပြီး လာဖတ်မနေကြဘူး။ တစ်နေ့ သေမဲ့သူချည်းဘဲ၊ သေတယ်လို့ အပြောခံရတာ မဟုတ်လည်း facebook က ပြန်ရှင်းလို့ ချက်ချင်းရနေတာဘဲ။ အစိုးရက သက်သက် လုပ်တာ ကော မဖြစ်နိုင်ဘူးလား ၊ သည်းခံခြင်းတရား တော်တော်၇ှိကြတဲ့ မြန်မာတွေဘဲ။ ထောင်ထဲက လူတွေ သေလောက်အောင် / မသေရုံတမယ် ညဉ်းပန်းခံနေကြရတဲ့ သူတွေက အသံမထွက်ဘူး၊ အဟတ်ခံလိုက်ရလို့ သေတယ်လို့ သတင်း လောက် ဖြစ်သွားတာနဲ့ သေတာထက်ဆိုးတဲ့အသံတွေ ထွက်နေကြတယ်။ ရှက်ဖို့ တောင်ကောင်းတယ်။ တော်တော်ရန်စွာနေကြတယ်။
    စိတ်ကုန်ဖို့ ကောင်းတယ်။ နည်းနည်းလောက် သည်းခံကြပါအုံး တိုင်းပြည် အခြေအနေ မကောင်းဘူး ဆိုတာ သတိပြုကြပါအုံး။ စစ်အစိုးရက ပြည်သူတွေ အာဂုံပြောင်းဖို့ အကုန်လုပ်နိုင်တယ်။ သံဃာတွေတောင် လူမြင်ကွင်းမှာ သတ်ထားတာမမေ့နဲ့ ။ သည်းခံကြပါလို့  ကြားက မေတ်တာရပ်ခံချင်ပါတယ်
    စာဖတ်သူတစ်ဦး

  1. Unknown said... :

    သနားပါတယ် မမကြီးမေဆွိလည်း
    ခဏခဏ ဟိုဟာဖြစ်ပြီသေလိုက်ဒီဟာဖြစ်ပြီးသေလိုက်နဲ့ 
    လူဆိုးတွေ

  1. Anonymous said... :

    အင်း ဖြစ်တော့ဖြစ်နိုင်တယ်.. သတင်းက သေချာတင်တာမှန်ရင် သုံးထားတဲ့ သတင်းထောက်နာမည်က လက်ရှိဖြစ်ရမှာပေါ့.. (သတင်းထောက်နာမည်ကြားဖူးပါတယ်လို့.. ဟိုးအရင်တုန်းက အသိတယောက်ပဲကိုး)ဘာပဲဖြစ်ဖြစ်.. ဒီကိစ္စဘယ်လိုဖြစ်မှန်း သေချာမသိပေမယ့်.. . ဧရာဝတီက ပြည်သူတွေအတွက် အများကြီးအကျိုးပြုခဲ့တယ်ဆိုတာ. ငြင်းချက်တော့ ထုတ်စရာ လိုမယ်မထင်ပါဘူး။ သေချာတာကတော့.. သတင်းဌာနတခု နာမည်ကြီးချင်ရိုးမှန်ရင်.. ဘယ်တော့မှ မသေချာတဲ့သတင်းကို တင်မှာမဟုတ်ဘူးဆိုတာ အမှန်ပါပဲ။ ခိုင်မာတဲ့ သတင်း source မရှိဘဲ တင်မှာ မဟုတ်ပါဘူး။ ဧရာဝတီလိုအဆင့်နဲ့ဆို အနည်းဆုံးတော့ မိသားစုတယောက်ယောက်ကို အတည်ပြုပြီးမှ တင်မယ်လို့ ယုံကြည်ပါတယ်။ မဟုတ်ရင်လည်း ကောလဟလဆို.. ကောလဟလကြားကြောင်း တင်ချင်လည်း တင်မှာပေါ့. . သတင်း တင်တဲ့သူ တည်းဖြတ်သူက အရေးကြီးသလို သတင်းဖတ်တဲ့သူမှာလည်း အရေးကြီးပါတယ်။ (သတင်းထောက်မဟုတ်တော့ သတင်းတော့ မရေးတတ်ဘူး.. ဒါပေမဲ့ သတင်းတော့ ဖတ်တတ်တယ်)

  1. Anonymous said... :

ဲJoomla account hack လုပ်ဖို့ဆိုတာ Email တစ်ခုကို Hack လုပ်တာလောက် လွယ်မည် မထင်။ ဒီသတင်းကို Irrawaddy web Front/Back enduser တစ်ဦးတယောက် ရေးထားမှဝက်ဆိုက်ပေါ် တင်လို့ရမှာပါ။ သီတင်းမှားရေးမိရင်...မှားမိကြောင်းဝင်ခံသင့်ပါတယ်။ ဒီထက်ပိုဆိုး သေးတာက..ကိုယ့်ဝက်ဆက် Database ကိုကိုယ့် ဟာကို မွှေမှားပြီး...D-Dos နည်းနဲ့ တိုက်ခိုက်ခံရတယ်..ဘာညာ ဆိုတဲ့ အာလူးတွေပဲ...

  1. Anonymous said... :

    I was disappointed to find out that the news was incorrect although I was happy to hear our beloved May Sweet is OK. It's very hard for me to believe reason given by Irrawaddy.
    Last year, I read the news in Irrawaddy saying that 4 star General Tin Aung Myint Oo had to resign due to his son's clash with Po Lah Pyay. That news turned out to be untrue and the guy is VP in Burma now. Irrawaddy didn't issue any apology and statements which I considered disrespect to readers.
    I genuinely want to see Irrawaddy as more professional and credible news agency.

  1. Anonymous said... :

    Any chance of an English translation of this statement? The "Announcement" text is pretty short.

    Thanks

  1. Anonymous said... :

    အားလုံးကသေကြရမှာဘဲဗျာ။ အင်တာနက်စာမျက်နှာမှာသေတယ်လို့ဖော်ပြခံရရုံနဲ့ ဒီလောက်တော့စိတ် မဆိုးသင့်ဘူးလို့ထင်ပါတယ်ဒေါ်sweet. ဒေါ်sweet အသက်နဲ့ဆိုတရားသဘောတွေကိုသဘောပေါက်သင့်နေပါပြီ။မဝေးတော့ပါဘူး။ကိုယ့်ဘာသာကိုမမေ့ပါနဲ့။ကိုယ့်လူမျိုးကိုမမေ့ပါနဲ့။ ဒေါ်sweet လိုအနုပညာ သမားတစ်ယောက်ဖြစ်တဲ့ကိုကျော်သူကိုအတုယူသင့်တယ်။ ကိုကျော်သူသေပြီ လို့ဖော်ပြခံရရင် ကိုကျော်သူ ပြောမဲ့စကားက ဒေါ် sweet နဲ့လုံးဝမတူဘူးဆို တာတော့အာမခံတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved